စီးတီးက ၃-၄ ရက် တိုင်း တစ်ပွဲကန်နေရပေမယ့် ဒါက အကောင်းမြင်စရာပါ လို့ ဆိုလာတဲ့ ဂွာဒီယိုလာ

မန်စီးတီး ဟာ ရက်သတ္တပတ်တိုင်းရဲ့ ၃ ရက်ခြား ၄ ရက်ခြားမှာ တစ်ပွဲစီကစားရမှာဖြစ်ပြီး ပွဲစဉ်တိုင်းက အရေးပါတဲ့ ပွဲတွေဖြစ်နေပါတယ်။

စီးတီး အသင်းသားတွေဟာ ကမ္ဘာ့ဖလားကိုလည်း ကစားထားခဲ့ရသလို ပွဲကြပ်တွေကစားနေရတာကြောင့် ကစားသမားတွေရဲ့ ကြံ့ခိုင်မှုနဲ့ စိတ်ပိုင်း ဆိုင်ရာ လိုအပ်ချက်များအတွက် စိတ်ပူနေမယ့်အစား ဆုဖလားတွေရရှိဖို့ အကောင်းဆုံး ဖြစ်နိုင်ချေရှိတဲ့ အလားအလာ အတွက် နှစ်သက်မိပါတယ် လို့ ဂွါဒီယိုလာက ပြောဆိုလာပါတယ်။

“ကျွန်တော်တို့ မမောပန်းပါဘူး။ မောပန်းတယ်ဆိုရင်လည်း အဲ့ဒီလိုမဟုတ်ပါဘူးလို့ ကျွန်တော်တို့ အကောင်းမြင်မိပါတယ်။ လက်ရှိအချိန်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကရှိပါတယ်။ အသက်ရှင်သန်ဖို့အတွက်လည်း အကောင်းဆုံး အခိုက်အတန့် ဖြစ်ပါတယ်”

“တစ်လနဲ့ ရက်သတ္တပတ် တစ်ပတ်ထက် ပိုမယ်ဆိုတာက သေချာပါတယ်။ အဲ့ဒီနောက် ရက်သတ္တပတ် ၂ ပတ် ထက် ပိုပြီး ကြိုးစားရမှာပါ”

“၆ နှစ် ဒါမှမဟုတ် ၇ နှစ်မှာ ကျွန်တော်တို့က ဒီလိုအခြေအနေမျိုးတွင် ကစားခဲ့ရတာပါ။ တစ်လကို ၆ ပွဲ ၇ ပွဲလောက် ကစားရတယ်ဆိုတာက ဘယ်လောက်အထိ များသလဲဗျာ”

“အရမ်းကို များပါတယ်။ ဒီလိုမျိုးက ခဏခဏပဲလို့ ပြောချင်ပါတယ်။ ၆ ပွဲကစားဖို့ ကျန်နေတဲ့အချိန်မှာ ကျွန်တော်တို့က ပွဲကျန် ၁ ပွဲကိုပါ ကစားရအုံးမှာဖြစ်တဲ့အတွက် အခွင့်အရေးရှိပါတယ်။ ပြန် အားအင်ပြည့်လာပြီး နောက်တစ်ပွဲကို ကစားရမှာဖြစ်ပါတယ်”

“ကစားသမားတစ်ဦးကသာ မောပန်းပြီး လက်မြှောက်ခဲ့မယ်ဆိုရင် သူက အသင်းဖော်တွေအတွက် ကောင်းကောင်း မကစားဘဲ အဆင်သင့်မဖြစ်သလိုဖြစ်သွားမှာပါ” လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။