မာတင်နယ်လီရဲ့ လက်ရွေးစင် အနာဂတ်ကို လမ်းကြောင်းပြမှု ပြုလုပ်သွားတဲ့ အာတီတာ

အာဆင်နယ်မန်နေဂျာ အာတီတာက ကလပ်အသင်းကြယ်ပွင့် မာတင်နယ်လီကို အနာဂတ်မှာ လက်ရွေးစင်အသင်းကို ရွေးချယ်တဲ့အခါ အီတလီကို ရွေးချယ်သင့်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဘရာဇီးလူငယ်ကစားသမား မာတင်နယ်လီဟာ လက်ရွေးစင် ကိုယ်စားပြုဖို့ရာ ဘရာဇီးနဲ့ အီတလီ နှစ်သင်းကို ရွေးချယ်ခွင့်ရှိထားပြီး သူကတော့ အိုလံပစ်မှာ ဘရာဇီးကို ရွေးချယ်ဖို့ စဉ်းစားနေတာပါ။ သူဟာ ဘရာဇီး ယူ-၂၃ အသင်းအတွက် ၂ ကြိမ် ရွေးချယ်ခံထားရပေမယ့် လက်ရွေးစင် ကိုယ်စားပြုဖို့ ရွေးချယ်ထားရခြင်း မရှိတာဖြစ်တယ်။

အာတီတာကတော့ ” မာတင်နယ်လီက အီတလီကို ကိုယ်စားပြုသွားမယ်လို့ ယူဆရပြီး အဲ့တာက သင့်လျော်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါပေမယ့်လို့ သူကိုယ်တိုင်ကပဲ ရွေးချယ်သွားရမှာပါ။ သူမှာလည်း ဆုံးဖြတ်ဖို့အတါက် ကိုယ်ပိုင် ခံစားချက်တွေ ရှိနေမှာပါ။ ဒါကြောင့် သူ့အပေါ်မှာပဲ မူတည်ပါတယ်။

သူက ပြိုင်ဘက်ခံစစ်ရဲ့ ထောင့်ကန်ဘောနေရာတွေမှာ ကစားနိုင်ရင် ပိုကောင်းလာမယ့်သူပါ။ သူ့အတွက် ပုံမှန် ပွဲထွက်ခွင့်ပေးမယ့် အသင်းကို ရွေးချယ်တာက ပိုကောင်းပါလိမ့်မယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

နွေအပြောင်းအရွှေ့မှာ ဘရာဇီးကလပ်ကနေ အာဆင်နယ်ကို ပြောင်းလာခဲ့တဲ့ မာတင်နယ်လီဟာ တောက်ပတဲ့ ခြေစွမ်းတွေကို ပြသနေသူဖြစ်ပြီး ကိုယ်တိုင် ၉ ဂိုးထိ သွင်းယူကာ ဂိုးထောက်ပံ့မှု ၃ ကြိမ်ထိ လုပ်ထားပေးနိုင်သူဖြစ်ပါတယ်။

ZAWGYI

အာဆင္နယ္မန္ေနဂ်ာ အာတီတာက ကလပ္အသင္းၾကယ္ပြင့္ မာတင္နယ္လီကို အနာဂတ္မွာ လက္ေရြးစင္အသင္းကို ေရြးခ်ယ္တဲ့အခါ အီတလီကို ေရြးခ်ယ္သင့္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ဘရာဇီးလူငယ္ကစားသမား မာတင္နယ္လီဟာ လက္ေရြးစင္ ကိုယ္စားျပဳဖို႔ရာ ဘရာဇီးနဲ႔ အီတလီ ႏွစ္သင္းကို ေရြးခ်ယ္ခြင့္ရွိထားျပီး သူကေတာ့ အိုလံပစ္မွာ ဘရာဇီးကို ေရြးခ်ယ္ဖို႔ စဥ္းစားေနတာပါ။ သူဟာ ဘရာဇီး ယူ-၂၃ အသင္းအတြက္ ၂ ၾကိမ္ ေရြးခ်ယ္ခံထားရေပမယ့္ လက္ေရြးစင္ ကိုယ္စားျပဳဖို႔ ေရြးခ်ယ္ထားရျခင္း မရွိတာျဖစ္တယ္။

အာတီတာကေတာ့ ” မာတင္နယ္လီက အီတလီကို ကိုယ္စားျပဳသြားမယ္လို႔ ယူဆရျပီး အဲ့တာက သင့္ေလ်ာ္တဲ့ အေနအထားမွာ ရွိေနပါတယ္။ ဒါေပမယ့္လို႔ သူကိုယ္တိုင္ကပဲ ေရြးခ်ယ္သြားရမွာပါ။ သူမွာလည္း ဆံုးျဖတ္ဖို႔အတါက္ ကိုယ္ပိုင္ ခံစားခ်က္ေတြ ရွိေနမွာပါ။ ဒါေၾကာင့္ သူ႔အေပၚမွာပဲ မူတည္ပါတယ္။

သူက ျပိဳင္ဘက္ခံစစ္ရဲ႕ ေထာင့္ကန္ေဘာေနရာေတြမွာ ကစားႏုိင္ရင္ ပိုေကာင္းလာမယ့္သူပါ။ သူ႔အတြက္ ပံုမွန္ ပြဲထြက္ခြင့္ေပးမယ့္ အသင္းကို ေရြးခ်ယ္တာက ပိုေကာင္းပါလိမ့္မယ္ ” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ေႏြအေျပာင္းအေရႊ႔မွာ ဘရာဇီးကလပ္ကေန အာဆင္နယ္ကို ေျပာင္းလာခဲ့တဲ့ မာတင္နယ္လီဟာ ေတာက္ပတဲ့ ေျခစြမ္းေတြကို ျပသေနသူျဖစ္ျပီး ကိုယ္တုိင္ ၉ ဂိုးထိ သြင္းယူကာ ဂိုးေထာက္ပံ့မႈ ၃ ၾကိမ္ထိ လုပ္ထားေပးနုိင္သူျဖစ္ပါတယ္။