ဝါရင့်ကြီး ပေါမာဆန် ပြောလာတဲ့ ဒီည မန်စီးတီး – လိဒ်စ် ယူနိုက်တက်ပွဲ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်
မန်ချက်စတာ စီးတီး အသင်းဟာ ဒီသီတင်းပတ်ကုန် ပရီးမီးယားလိဂ် ပွဲမှာတော့ လိဒ်စ် ယူနိုက်တက် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။
ဝါရင့် နည်းပြကြီး ဆမ် အလာဒိုက်က လိဒ်စ် နည်းပြ ဖြစ်လာပြီး ဒီအပတ် ပွဲအတွက် လိဒ်စ်ကလည်း ရလဒ်ကောင်း ရဖို့ အားခဲထားမှာပါ။ စီးတီးနဲ့ လိဒ်စ်တို့ဟာ စနေနေ့ ည ၈ နာရီခွဲ အချိန် အီတီဟက် ကွင်းမှာ ယှဉ်ပြိုင် ကြမှာပါ။
ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့်ဆရာကြီး ပေါမာဆန်က မန်စီးတီး – လိဒ်စ် ယူနိုက်တက် ပွဲ အတွက် ခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
ဆမ်အလာဒိုက် တာဝန်ယူပြီဆိုတော့ ပွဲက ပိုခက်ခဲလာတော့မှာပါ ဒါပေမယ့် အများကြီး ပြောင်းလဲမှုတွေ ရှိမလာနိုင်သေးပါဘူး။ မန်စီးတီး အနိုင်ကလွဲလို့ အခြားရလဒ် မမြင်ပါဘူး။ သူတို့ ဂိုးဘယ်လောက်နဲ့ အနိုင်ရမယ်ဆိုတာတော့ မသိရသေးလို့ပေါ့။
ဟာလန်းရဲ့ စံချိန် ချိုးဖျက်ခြင်းတွေက သမိုင်းစာအုပ်ထဲမှာ သေချာပေါက် ပါဝင်သွားပါပြီ။ ဒါပေမယ့်လို့ ၂၀၂၃ ခုနှစ် ဘလွန်းဒီအောဆုကို မက်ဆီကပဲ ရသွားမယ်လို့ ခံစားမိနေဆဲပဲ။ နော်ဝေသား ဂိုးသွင်းနေပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလား အနိုင်ရခဲ့တဲ့ မက်ဆီကပဲ သူ့ကစားသမားဘဝ ၈ ကြိမ်မြောက် ဘလွန်းဒီအောဆုကို အနိုင်ရပါလိမ့်မယ်။
အကယ်လို့ မန်စီးတီးတို့ ဖလား ၃ လုံး အနိုင်ရမယ်ဆိုရင်တော့ စိတ်ဝင်စားစရာတွေ ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် ကျနော်ရဲ့ ပုဂ္ဂိုလ်ရေး အမြင်အရတော့ အာဂျင်တီးနားကို ဦးဆောင်ပြီး ကမ္ဘာ့ဖလား အနိုင်ယူခဲ့ကတည်းက သူ ဘလွန်းဒီအောဆုကိုပါ အနိုင်ရထားပြီးပါပြီ။
ဟာလန်းက ဖလား ၃ လုံး အနိုင်ရရင်တောင် တစ်ဦးချင်းဆုမှာတော့ မက်ဆီကို ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး။ သူက အတော် ကံမကောင်းတာပါ။ ကျနော်တော့ အဲ့လိုပဲ ပြောရပါလိမ့်မယ်။
ပေါမာဆန် ခန့်မှန်းရလဒ်။ ။ မန်စီးတီး 3-0 လိဒ်စ်ယူနိုက်တက်
