မန်စီးတီး ဖလား ၃ လုံးရရင် စာချုပ်ပါအချက်တွေကြောင့် မက်လောက်ဖွယ် ဆုကြေးငွေတွေ ရဦးမယ့် ဟာလန်း
နော်ဝေသား တိုက်စစ်မှုါ် အာလင်း ဟာလန်းဟာ မန်စီးတီးကို ဖလားသုံးလုံး ဆွတ်ခူးနိုင်အောင် အကူအညီပေးနိုင်လျှင် အပိုဆုကြေးငွေ ပေါင် ၅.၁ သန်းတောင် အထိ ရရှိလာဖို့ ရှိနေပါတယ်။
မန်စီးတီးအတွက် ၅၁ ဂိုးသွင်းထားတဲ့ အာလင်းဟာလန်းဟာ နွေရာသီတုန်းက ဒေါ့မွန်မှ ပြောင်းရွှေ့လာစဉ်တုန်းက မန်စီးတီးနှင့်ချုပ်ဆိုထားတဲ့ စာချုပ်အတွင်းတွင် အပိုဆုကြေးငွေ များစွာ ရရှိမဲ့ အချက်များစွာ ရေးထိုးထားပါတယ်။
အာလင်းဟာလန်းရဲ့စာချုပ်အတွင်းတွင် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးလျှင် ပေါင် ၁ သန်း၊ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးလျှင် ပေါင် ၁ သန်း ရရှိမဲ့ အချက်ထည့်သွင်းထားပါတယ်။
ဒါ့အပြင် သူဟာ လာမယ့်လတွင် ဝင်ဘာလေကွင်းမှာ မြို့ခံပြိုင်ဘက် ယူနိုက်တက်ကို အနိုင်ယူပြီး မန်စီးတီးကို အက်ဖ်အေဖလား ဆွတ်ခူးနိုင်အောင် ကူညီနိုင်လျှင် အပိုဆုကြေးငွေ ပေါင် ၃၅၀၀၀ ရရှိလာပါမယ်။
သူဟာ ဂိုးသွင်းမှုများအတွက် အပိုဆုကြေးငွေ များစွာလည်း ရရှိလာမှာ ဖြစ်သလို တကိုယ်တော် ဆုတွေ အတွက်လည်း ဆုကြေးငွေ ရရှိလာပါဦးမယ်။
ဟာလန်း က ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု ဆွတ်ခူးနိုင်လျှင် ပေါင် ၃၅၀၀၀ ရရှိလာမှာ ဖြစ်ပါတယ်။
ဒါ့အပြင် သူဟာ PFA Team Of The Year တွင် ရွေးချယ်ခံရမှုကြောင့် အပိုဆုကြေးငွေ ရရှိမှာ ဖြစ်သလို PFA Player Of The Year နှင့် Football Writer’s Player of The Year ဆု ဆွတ်ခူးလျှင်လည်း အပိုဆုကြေးငွေများ ရရှိလာပါဦးမယ်။
ဟာလန်း က ထိုဆုများအတွက် မန်စီးတီးကစားဖော် ကီဗင်ဒီဘရိုင်းနှင့် အပြိုင်ကြိုးပမ်းရပါမယ်။
ဒါ့အပြင် သူဟာ ယခုနှစ် Ballon d’Or ဆုကို မက်ဆီကို ကျော်ဖြတ်ပြီး ဆွတ်ခူးလာနိုင်လျှင် နောက်ထပ် အပိုဆုကြေးငွေ ပေါင် ၁ သန်း ရရှိပါမယ်။
နော်ဝေတိုက်စစ်မှူးဟာ ယခုရာသီတွင် မန်စီးတီးရဲ့ ပွဲ ၆၀ ရာခိုင်နှုန်းကို ကစားပါက တစ်ပတ်လုပ်ခပေါင် ၃၇၅၀၀၀ ရရှိလာပါဦးမှာပါ။ ဟာလန်းတစ်ယောက် ရာသီကုန်မှာ ဆုကြေး ဘယ်လောက်ထိ ရသွားနိုင်မလဲ ဆိုတာ စောင့်ကြည့် ရင်ခုန်ရပါဦးမယ်။
