ခ်ယ္ဆီး – အာဆင္နယ္ လန္ဒန္ဒါဘီ ပြဲၾကိဳ အခ်က္အလက္မ်ားနဲ႔ သိထားစရာမ်ား
ဒီေန႔မွာေတာ့ ခ်ယ္ဆီး နဲ႕ အာဆင္နယ္တို႔ရဲ႕ လန္ဒန္ဒါဘီ ပြဲေကာင္း တစ္ရပ္ကို ျမန္မာစံေတာ္ခ်ိန္ ည ၂း၄၅ နာရီမွာ ရင္ခုန္စြာ ၾကည့္ရႈရေတာ့မွာပါ။ ေလာေလာဆယ္မွာေတာ့ နွစ္သင္းလံုးက ရုန္းကန္ေနရျပီး ေျခစြမ္းပိုင္း ရလဒ္ပို္ငး မတည္ျငိမ္မႈမ်ား ရွိေနပါတယ္။
ဒီရာသီ ပထမအေက်ာ့ အမ္းမရိတ္မွာေတာ့ အာဆင္နယ္က ခ်ယ္ဆီးကို ၂ – ၁ နဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။ ထိုပြဲစဥ္မွာ အာဆင္နယ္က ခ်ယ္ဆီး အသင္းဘက္ကို အေကာင္းဆုံး ဦးေဆာင္ကစားထားႏိုင္ေပမယ့္ ပြဲခ်ိန္ၿပီးခါနီးအခ်ိန္ေတြမွာေပးရတဲ့ ေနာက္တန္းအမွားက ဂိုးေတြေၾကာင့္ ရႈံးနိမ့္ခဲ့တာပဲျဖစ္ပါတယ္။
ေနာက္ဆံုး ကစားထားတဲ့ ပြဲေတြကို ၾကည့္ရင္ေတာ့ ခ်ယ္ဆီးအသင္းက ၿပီးခဲ့တဲ့ ေနာက္ဆုံး ၅ ပြဲမွာ ၂ ပြဲႏိုင္ ၂ ပြဲရႈံးကာ ၁ ပြဲ သေရက် ထားပါတယ္။ ခ်ယ္ဆီး ရႈံးနိမ့္တဲ့ ပြဲစဥ္ေတြမွာ ေဆာက္သမ္တန္နဲ႔ နယူးကာဆယ္တို႔လို အသင္းေတြကို မထင္မွတ္ဘဲ ရႈံးနိမ့္ခဲ့တာပဲျဖစ္ပါတယ္။ ခ်ယ္ဆီး က ထို ၅ ပြဲမွာ ရဂိုးက ၆ ဂိုးရွိခဲ့ၿပီး ေပးဂိုးကေတာ့ ၄ ဂိုးရွိခဲ့တာပဲျဖစ္ပါတယ္။
အာဆင္နယ္အသင္းကေတာ့ ေနာက္ဆုံး ၅ ပြဲမွာ ၁ ပြဲသာ အႏိုင္ရထားၿပီး ၃ ပြဲသေရက်ကာ ၁ ပြဲရႈံးနိမ့္ခဲ့တာပဲျဖစ္ပါတယ္။ အာဆင္နယ္က ပရီးမီးယားလိဂ္ရဲ႕ သေရပြဲ အမ်ားဆုံးအသင္းလည္း ျဖစ္ပါတယ္။ ထို၅ ပြဲမွာ အာဆင္နယ္ဟာ ရဂိုးက ၅ ဂိုးရွိခဲ့ၿပီး ေပးဂိုးကလည္း ၅ ဂိုး ရွိေနပါတယ္။ ဒါေၾကာင့္ အာဆင္နယ္က တစ္ပြဲကို ၁ ဂိုးေပးရၿပီး ၁ ဂိုးႏႈန္း ျပန္ေပးေနရသလိုပါ။
လက္ရွိ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား ရပ္တည္မႈမွာ ခ်ယ္ဆီး က ၃၉ မွတ္နဲ႔ အဆင့္ ၄ ေနရာမွာရွိေနၿပီး အာဆင္နယ္ က ၂၉ မွတ္ နဲ႔ အဆင့္ ၁၀ ေနရာမွာ ရပ္တည္ေနပါတယ္။ နွစ္သင္းၾကားမွာ အမွတ္ကြာျခားမႈက ၁၀ မွတ္အထိရွိေနၿပီး အာဆင္နယ္အသင္းအတြက္ေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔က ခက္ခဲလာခဲ့ၿပီပဲျဖစ္ပါတယ္။
ေလာေလာဆယ္မွာ အာဆင္နယ္အသင္းဘက္မွာ လာကာဇက္တီ ဂိုးမိုးေခါင္ေနျပီး အူဘာမီယန္းမပါဝင္ႏိုင္ခ်ိန္မွာ တိုက္စစ္က သိပ္ အစြမ္းမျပနိုင္ ျဖစ္ေနတာကို ေတြ႕ျမင္ရပါတယ္။ ဒဏ္ရာျပႆနာေတြရရွိေနတဲ့ ခံစစ္ကလည္း အမွားအယြင္းေတြမ်ားေနၿပီး ခြင့္မျပဳသင့္တဲ့ ဂိုးေတြကို ခြင့္ျပဳေပးေနရပါတယ္။
ခ်ယ္ဆီး ကေတာ့ အသင္းႀကီးေတြနဲ႔ဆို ကစားပုံေကာင္းတတ္ၿပီး အသင္းငယ္ေတြနဲ႔ဆိုရင္ေတာ့ ကစားပုံက ေလ်ာ့ရဲသြားေလ့ ရွိပါတယ္။ ခ်ယ္ဆီး လူငယ္ေတြဟာ တည္ၿငိမ္မႈပိုင္း မွာ အားနည္းေနၿပီး ပုံမွန္ေျခစြမ္းကို ပြဲခ်ိန္အတြင္းမွာ အခ်ိန္ျပည့္မထိန္းထားႏိုင္ပါဘူး။ ဒါေၾကာင့္ပဲ ခ်ယ္ဆီး အသင္း မထင္မွတ္ဘဲ ရလဒ္ဆိုး အခ်ိဳ႕နဲ႔ ရင္ဆိုင္ေနရတာပဲျဖစ္ပါတယ္။
Unicode – ဒီနေ့မှာတော့ ချယ်ဆီး နဲ့ အာဆင်နယ်တို့ရဲ့ လန်ဒန်ဒါဘီ ပွဲကောင်း တစ်ရပ်ကို မြန်မာစံတော်ချိန် ည ၂း၄၅ နာရီမှာ ရင်ခုန်စွာ ကြည့်ရှုရတော့မှာပါ။ လောလောဆယ်မှာတော့ နှစ်သင်းလုံးက ရုန်းကန်နေရပြီး ခြေစွမ်းပိုင်း ရလဒ်ပိုငး မတည်ငြိမ်မှုများ ရှိနေပါတယ်။
ဒီရာသီ ပထမအကျော့ အမ်းမရိတ်မှာတော့ အာဆင်နယ်က ချယ်ဆီးကို ၂ – ၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ထိုပွဲစဉ်မှာ အာဆင်နယ်က ချယ်ဆီး အသင်းဘက်ကို အကောင်းဆုံး ဦးဆောင်ကစားထားနိုင်ပေမယ့် ပွဲချိန်ပြီးခါနီးအချိန်တွေမှာပေးရတဲ့ နောက်တန်းအမှားက ဂိုးတွေကြောင့် ရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။
နောက်ဆုံး ကစားထားတဲ့ ပွဲတွေကို ကြည့်ရင်တော့ ချယ်ဆီးအသင်းက ပြီးခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲနိုင် ၂ ပွဲရှုံးကာ ၁ ပွဲ သရေကျ ထားပါတယ်။ ချယ်ဆီး ရှုံးနိမ့်တဲ့ ပွဲစဉ်တွေမှာ ဆောက်သမ်တန်နဲ့ နယူးကာဆယ်တို့လို အသင်းတွေကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။ ချယ်ဆီး က ထို ၅ ပွဲမှာ ရဂိုးက ၆ ဂိုးရှိခဲ့ပြီး ပေးဂိုးကတော့ ၄ ဂိုးရှိခဲ့တာပဲဖြစ်ပါတယ်။
အာဆင်နယ်အသင်းကတော့ နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားပြီး ၃ ပွဲသရေကျကာ ၁ ပွဲရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။ အာဆင်နယ်က ပရီးမီးယားလိဂ်ရဲ့ သရေပွဲ အများဆုံးအသင်းလည်း ဖြစ်ပါတယ်။ ထို၅ ပွဲမှာ အာဆင်နယ်ဟာ ရဂိုးက ၅ ဂိုးရှိခဲ့ပြီး ပေးဂိုးကလည်း ၅ ဂိုး ရှိနေပါတယ်။ ဒါကြောင့် အာဆင်နယ်က တစ်ပွဲကို ၁ ဂိုးပေးရပြီး ၁ ဂိုးနှုန်း ပြန်ပေးနေရသလိုပါ။
လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ရပ်တည်မှုမှာ ချယ်ဆီး က ၃၉ မှတ်နဲ့ အဆင့် ၄ နေရာမှာရှိနေပြီး အာဆင်နယ် က ၂၉ မှတ် နဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။ နှစ်သင်းကြားမှာ အမှတ်ကွာခြားမှုက ၁၀ မှတ်အထိရှိနေပြီး အာဆင်နယ်အသင်းအတွက်တော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က ခက်ခဲလာခဲ့ပြီပဲဖြစ်ပါတယ်။
လောလောဆယ်မှာ အာဆင်နယ်အသင်းဘက်မှာ လာကာဇက်တီ ဂိုးမိုးခေါင်နေပြီး အူဘာမီယန်းမပါဝင်နိုင်ချိန်မှာ တိုက်စစ်က သိပ် အစွမ်းမပြနိုင် ဖြစ်နေတာကို တွေ့မြင်ရပါတယ်။ ဒဏ်ရာပြဿနာတွေရရှိနေတဲ့ ခံစစ်ကလည်း အမှားအယွင်းတွေများနေပြီး ခွင့်မပြုသင့်တဲ့ ဂိုးတွေကို ခွင့်ပြုပေးနေရပါတယ်။
ချယ်ဆီး ကတော့ အသင်းကြီးတွေနဲ့ဆို ကစားပုံကောင်းတတ်ပြီး အသင်းငယ်တွေနဲ့ဆိုရင်တော့ ကစားပုံက လျော့ရဲသွားလေ့ ရှိပါတယ်။ ချယ်ဆီး လူငယ်တွေဟာ တည်ငြိမ်မှုပိုင်း မှာ အားနည်းနေပြီး ပုံမှန်ခြေစွမ်းကို ပွဲချိန်အတွင်းမှာ အချိန်ပြည့်မထိန်းထားနိုင်ပါဘူး။ ဒါကြောင့်ပဲ ချယ်ဆီး အသင်း မထင်မှတ်ဘဲ ရလဒ်ဆိုး အချို့နဲ့ ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။