မန်စီးတီးက သိပ်ကြီးလည်း မဟုတ်ပါဘူးလို့ သရေပွဲအပြီးမှာ အထင်သေးစကား ဆိုလာတဲ့ ရီးရဲလ် နောက်ခံလူ ရူဒီဂါ

ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးအသင်းတို့ စပိန်မြေမှာ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲကတော့ ၁-၁ နဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်လုပွဲ ဘယ်အသင်း တက်မလဲ အဆုံးအဖြတ်က ဒုတိယ အကျော့မှာ စောင့်ကြည့်ရတော့မှာပါ။

ရီးရဲလ် နောက်ခံလူ ရူဒီဂါကတော့ မနေ့ညက ပွဲ အပြီးမှာ မနစီးတီးက ထင်သလောက်လည်း မဟုတ်ပါဘူးလို့ အထင်သေးသေး မှတ်ချက်စကား ဆိုလာခဲ့ပါတယ်။

” စီးတီးက က ချေပဂိုးကို အတော် နောက်ကျမှ ရခဲ့တာ။ ဒီတော့ ကျနော်တို့ကတော့ ဂိုးတွေတောင် ပို သွင်းနိုင်ခဲ့သင့်တယ် ထင်တာပဲ။ ဒါက ပြသနာ မဟုတ်ပါဘူး။ ပွဲက မပြီးသေးဘူးလေ။ ကျနေ်ာတို့ မန်ချက်စတာ ကို ယုံကြည်မှုအပြည့်နဲ့ သွားမှာပါ။

တကယ်တမ်းကျ သူတို့က သိပ်ကြီး အန္တရာယ်ပေးနိုင်တဲ့ အသင်း မဟုတ်ပါဘူး။ သူတို့ ဘောလုံး ပိုင်ဆိုင်မှုတွေ အများကြီး ရှိခဲ့တယ်။ ဒါမျိုး ဖြစ်မယ် ကျနော်တို့ ကြိုသိခဲ့တာပဲ။ ဒါပေမယ့် သူတို့ ဘာမှ မခြိမ်းခြောက်နိုင်ခဲ့ဘူး။ ရသွားတဲ့ ဂိုးကလည်း ဒီဘရိုင်း အရည်အသွေးကြောင့်ပါ။ ” လို့ ရူဒီဂါက စီးတီး ခြေစွမ်းအား ပြောဆိုသွားခဲ့ပါတယ်။

ဒုတိယ အကျော့မှာ ရီးရဲလ်က မန်စီးတီးကို ဖြုတ်ချနိုင်မယ်လို့ ယုံကြည်ချက် ရှိသလား မေးမြန်းခံခဲ့ရရာ ရူဒီဂါက ” ကျနေ်ာတို့က ရီးရဲလ်မက်ဒရစ်လေ၊ ဒီတော့ ယုံကြည်မှု အမြဲ ရှိပါတယ်။ ” လို့ တုန့်ပြန်ခဲ့ပါတယ်။

ချယ်ဆီး ခံစစ်မှုးဟောင်းလည်း ဖြစ်တဲ့ ရူဒီဂါဟာ မနေ့ညက ပွဲမှာ အထင်ကြီးလောက်ဖွယ် ခြေစွမ်းပြသပြီး ဒီရာသီ စီးတီး အတွက် ၅၁ ဂိုး သွင်းထားတဲ့ ဟာလန်းကို အကောင်းဆုံး ဟန့်တားနိုင်ခဲ့ပါတယ်။