ရီးရဲလ်နဲ့ ကန်မယ့် ဒုတိယ အကျော့ ကို စီးတီးက ဘယ်လို ခံယူထားသလဲ ပက် ဂွာဒီယိုလာ ဖွင့်ဟ
ဘာနေဗျူးက ပထမအကျော့မှာ တစ်ဂိုးစီ သရေကျပြီးတဲ့နောက် မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ် ဒုတိယ အကျော့ဟာ ဗိုလ်လုပွဲ လိုပဲ လို့ နည်းပြ ပက် ဂွာဒီယိုလာက သတ်မှတ်ထားပါတယ်။
စီးတီးဟာ ပထမပိုင်းမှာ ဘောလုံးအသာစီးရယူထားပြီး ပိုခြိမ်းခြောက်နိုင်တဲ့အသင်း ဖြစ်ခဲ့ပေမယ့်လဲ ဗီနီစီးယပ်က မက်ဒရစ်အတွက် ပထမပိုင်း ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ စိးတီးရဲ့ ချေပဂိုးကလဲ အလားတူဖြစ်ခဲ့ပြီး ရီးရဲလ်က အကောင်းဆုံး ကစားနေချိန်မှာ ဒီဘရိုင်းက မှင်သက်ဖွယ် ချေပဂိုးကို ရယူပေးခဲ့တာပါ။
ဒီရလဒ်ဟာ အကြိတ်အနယ်ရှိတဲ့ ပွဲတစ်ပွဲရဲ့ မျှတတဲ့ ထင်ဟပ်မှုတစ်ခုပဲလို့ ဂွာဒီယိုလာက ထင်မြင်နေတာဖြစ်ပါတယ်။
“ကျွန်တော်တို့ ပိုကောင်းခဲ့တုန်းက သူတို့ဂိုးသွင်းသွားတယ်။ သူတို့ ပိုကောင်းတဲ့အချိန်မှာ ကျွန်တာ်တို့ ဂိုးရခဲ့တယ်။ ဒါက လုံးဝကို ကျပ်တည်းတဲ့ပွဲတစ်ပွဲပါပဲ။ တောင်းဆိုမှုအရမ်းများတယ်။ ရီးရဲလ်က အရမ်းကောင်းတယ်၊ အတွေ့အကြုံနဲ့ အရည်အချင်းရှိတယ်။
ဒါပေမယ့် ကျွန်တော်တို့လဲ အတူတူပါပဲ။ ကျွန်တော်တို့ အခိုက်အတန့်ကောင်းတွေရခဲ့တယ်။ သူတို့ရဲ့ အရည် အသွေးကြောင့် တခါတလေမှာ ကိုင်တွယ်ရတာ ခက်ခဲခဲ့တယ်။ ဒါပေမယ့် ၁-၁ ဖြစ်သွားခဲ့တယ်။ နောက်အပတ် ကျွန်တော်တို့ ပရိသတ်တွေရှေ့ အိမ်ကွင်းမှာ ကစားရမယ့်ပွဲကတော့ ဖိုင်နယ်ပါပဲ။
ရှုံးထွက်လိုမျိုး ဒီလိုပွဲတွေကို ကစားရတဲ့အခါ ပထမပွဲကနေ အများကြီး သင်ယူရတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြန်လည်သုံးသပ်ပြီးတော့ ခံစစ်နဲ့ တိုက်စစ်မှာ ပိုကောင်းအောင် လုပ်နိုင်တယ်လို့ မျှော်လင့်ပါတယ်”လို့ ဂွာဒီယိုလာက ပြောကြားခဲ့ပါတယ်။
