အာဆင္နယ္နဲ႔အတူ အစြမ္းကုန္ ေတာက္ပဖို႔ လင္းလက္လာၿပီျဖစ္တဲ့ ဆမ္းဘာေလး မာတင္နယ္လီ

နွေအပြောင်းအရွှေ့တုန်းက ဘရာဇီးကလပ် အီတူယာနိုအသင်းကနေ အာဆင်နယ်ကို ပြောင်းလာခဲ့တဲ့ လူငယ်တိုက်စစ်သမားလေး မာတင်နယ်လီဟာ ဂန်းနားတို့အတွက် ရွှေခြေထောက်ပိုင်ရှင်အဖြစ် တိုးတက်လာနေခဲ့ပါပြီ။

ဒီရာသီ ပွဲစဉ်အများအပြားမှာ အရန်လူအဖြစ် ပွဲထွက်နေရတဲ့ မာတင်နယ်လီဟာ အထောင်တိုက်စစ်သမားထက် တောင်ပံကနေ အားပြုရတဲ့ တိုက်စစ်သမားလို့ ယူဆခံရမှုတွေလည်းရှိတယ်။ သူဟာ အထောင်တိုက်စစ်ကော၊ တောင်ပံတိုက်စစ်မှာပါ ကစားနိုင်သူဖြစ်ကာ ရေရှည်မှာတော့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေက အတည်တကျ နေရာအတွက် အဖြေတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။

ပွဲပေါင်း ၂၁ ပွဲကစားအပြီးမှာ အာဆင်နယ်အတွက် သွင်းဂိုး ၁၀ ဂိုးထိ ရယူပေးလာနိုင်တဲ့ ဆယ်ကျော်သက် တိုက်စစ်သမားလေးဟာ ပရီးမီးယားလိဂ်ရဲ့ အတောက်ပဆုံး အနာဂတ်ရှိသူတွေထဲ တစ်ဦးအဖြစ် ထင်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ ဒါဟာဆိုရင် ၁၉၉၈-၉၉ ခုနှစ်က အနယ်ကာနောက်ပိုင်း အာဆင်နယ်အတွက် သွင်းဂိုး ၁၀ ဂိုး ရယူပေးနိုင်တဲ့ ဆယ်ကျော်သက် တိုက်စစ်သမားအဖြစ် မှတ်တမ်း ဝင်စေခဲ့တာဖြစ်တယ်။

ချယ်ဆီးနဲ့ပွဲမှာ မာတင်နယ်လီရဲ့ ဘောလုံး အတိုအလှုပ်တွေက ကောင်းမွန်ခဲ့သလို မြန်နှုန်းနဲ့ ကစားတဲ့ တန်ပြန်တိုက်စစ်တွေမှာလည်း အတော်လေး ကောင်းမွန်ခဲ့တာဖြစ်တယ်။ အာဆင်နယ်အတွက် သူ့ရဲ့ ပထမဆုံး ဦးဆောင်ဂိုးဟာ အာဆင်နယ်ကွင်းလယ်ကနေ ချယ်ဆီး ဧရိယာထိကို ၁၃ စက္ကန့်နဲ့တင် ပြေးလွှားပြီး အဆုံးသတ်ပြနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ မန်နေဂျာအပြောင်းအလဲမှာ ကစားပုံ တိုးတက်လာပေမယ့် ရလဒ်က မကောင်းသေးပါဘူး။ ဒါပေမယ့်လို့ မာတင်နယ်လီလို အရည်အချင်းရှိတဲ့ လူငယ်တိုက်စစ်သမားကို ပိုင်ဆိုင်လာတာကြောင့် မကြာခင်မှာ ပီပီ၊ မာတင်နယ်လီတို့ဟာ အာဆင်နယ်တိုက်စစ်အတွက် သွင်းဂိုးတွေကို ရယူပေးနိုင်စွမ်းမြင့်တဲ့ ထိပ်တန်းကစားသမားတွေအဖြစ် ခြေစွမ်းပြလာနိုင်ကြမှာ ဖြစ်ပါတယ်။

ZAWGYI

ေႏြအေျပာင္းအေရႊ႔တုန္းက ဘရာဇီးကလပ္ အီတူယာႏိုအသင္းကေန အာဆင္နယ္ကို ေျပာင္းလာခဲ့တဲ့ လူငယ္တိုက္စစ္သမားေလး မာတင္နယ္လီဟာ ဂန္းနားတို႔အတြက္ ေရႊေျခေထာက္ပိုင္ရွင္အျဖစ္ တိုးတက္လာေနခဲ့ပါျပီ။

ဒီရာသီ ပြဲစဥ္အမ်ားအျပားမွာ အရန္လူအျဖစ္ ပြဲထြက္ေနရတဲ့ မာတင္နယ္လီဟာ အေထာင္တိုက္စစ္သမားထက္ ေတာင္ပံကေန အားျပဳရတဲ့ တိုက္စစ္သမားလို႔ ယူဆခံရမႈေတြလည္းရွိတယ္။ သူဟာ အေထာင္တုိက္စစ္ေကာ၊ ေတာင္ပံတိုက္စစ္မွာပါ ကစားႏုိင္သူျဖစ္ကာ ေရရွည္မွာေတာ့ ရုပ္ပိုင္းဆိုင္ရာ တိုးတက္မႈေတြက အတည္တက် ေနရာအတြက္ အေျဖတစ္ခုလည္း ျဖစ္လာႏုိင္ပါတယ္။

ပြဲေပါင္း ၂၁ ပြဲကစားအျပီးမွာ အာဆင္နယ္အတြက္ သြင္းဂိုး ၁၀ ဂိုးထိ ရယူေပးလာႏုိင္တဲ့ ဆယ္ေက်ာ္သက္ တုိက္စစ္သမားေလးဟာ ပရီးမီးယားလိဂ္ရဲ႕ အေတာက္ပဆံုး အနာဂတ္ရွိသူေတြထဲ တစ္ဦးအျဖစ္ ထင္ေပၚလာခဲ့ျပီျဖစ္ပါတယ္။ ဒါဟာဆိုရင္ ၁၉၉၈-၉၉ ခုႏွစ္က အနယ္ကာေနာက္ပိုင္း အာဆင္နယ္အတြက္ သြင္းဂိုး ၁၀ ဂိုး ရယူေပးႏုိင္တဲ့ ဆယ္ေက်ာ္သက္ တိုက္စစ္သမားအျဖစ္ မွတ္တမ္း ဝင္ေစခဲ့တာျဖစ္တယ္။

ခ်ယ္ဆီးနဲ႔ပြဲမွာ မာတင္နယ္လီရဲ႕ ေဘာလံုး အတိုအလႈပ္ေတြက ေကာင္းမြန္ခဲ့သလို ျမန္ႏႈန္းနဲ႔ ကစားတဲ့ တန္ျပန္တုိက္စစ္ေတြမွာလည္း အေတာ္ေလး ေကာင္းမြန္ခဲ့တာျဖစ္တယ္။ အာဆင္နယ္အတြက္ သူ႔ရဲ႕ ပထမဆံုး ဦးေဆာင္ဂိုးဟာ အာဆင္နယ္ကြင္းလယ္ကေန ခ်ယ္ဆီး ဧရိယာထိကို ၁၃ စကၠန္႔နဲ႔တင္ ေျပးလႊားျပီး အဆံုးသတ္ျပႏုိင္ခဲ့တာ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ မန္ေနဂ်ာအေျပာင္းအလဲမွာ ကစားပံု တိုးတက္လာေပမယ့္ ရလဒ္က မေကာင္းေသးပါဘူး။ ဒါေပမယ့္လို႔ မာတင္နယ္လီလို အရည္အခ်င္းရွိတဲ့ လူငယ္တိုက္စစ္သမားကို ပိုင္ဆိုင္လာတာေၾကာင့္ မၾကာခင္မွာ ပီပီ၊ မာတင္နယ္လီတို႔ဟာ အာဆင္နယ္တိုက္စစ္အတြက္ သြင္းဂိုးေတြကို ရယူေပးႏုိင္စြမ္းျမင့္တဲ့ ထိပ္တန္းကစားသမားေတြအျဖစ္ ေျခစြမ္းျပလာႏုိင္ၾကမွာ ျဖစ္ပါတယ္။