စီးတီးတို့ ခြေချော်ဦးမှာ ဆိုပေမယ့် ဒီပွဲတော့ မဟုတ်ဘူး ဆိုတဲ့ ပေါမာဆန်ရဲ့ အဲဗာတန်နဲ့ ပွဲ ဟောကိန်းထုတ်ချက်

ပွဲစဉ်တွေ ဆက်တိုက် ကစားနေရတဲ့ မန်စီးတီး အသင်းက ဒီအပတ် ပရီးမီးယားလိဂ်မှာ အဲဗာတန်ကို အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားရဦးမှာပါ။ ပွဲကတော့ လာမယ့် တနင်္ဂနွေနေ့ ည ၇နာရီခွဲ၊ ဂွတ်ဒီဆင်ပါ့ခ် ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့်ကြီး တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က အဲဗာတန် vs မန်စီးတီး အသင်းတို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

အရင် ၃ ပတ်လောက်တုန်းကတော့ ဒီပွဲစဉ်ဇယားက မန်စီးတီးအတွက် လွယ်ပါတယ်လို့ မှတ်ထင်စရာပါပဲ။ စီးတီးတို့ နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် အဲဗာတန်က ဘရိုက်တန်ကို ရင်ဆိုင်ရာမှာ ခြေစွမ်းကောင်းတွေ ပြသထားခဲ့တယ်။ လက်စတာကို ၂-၂ သရေကျတုန်းကလည်း သူတို့ ကစားပုံ ကောင်းခဲ့တယ်လို့ ထင်ပါတယ်။

စီးတီးအတွက် ဒီပွဲက လွယ်ကူတဲ့ ပွဲစဉ်မျိုး ဖြစ်လာမှာတော့ မဟုတ်ပါဘူး။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမ အကျော့မှာ ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ကစားစဉ် ပထမပိုင်းအတွင်း စီးတီးတို့ ရုန်းကန်ခဲ့ရတယ် ဒါတောင်မှ သူတို့ ဂိုးတွေ သွင်းနိုင်ဖို့ အခွင့်အရေး ရခဲ့ပါတယ်။ ဒါကြောင့်ပဲ စီးတီးကို အဲဗာတန်တို့ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူးလို့ ကျနော် ထင်မြင်တာပါ။

နောက်အပတ် မက်ဒရစ်နဲ့ပွဲမှာ လန်းဆန်းနေဖို့ဆိုပြီး ဒီပွဲအတွက် ဂွာဒီယိုလာက သူ့ကစားသမားတွေကို အနားပေးနိုင်ဦးမယ် မထင်ပါဘူး။ စီးတီးက အဲဗာတန်ကို အကောင်းဆုံး ရင်ဆိုင်မှာပါ။ မန်စီးတီးတို့ ရှုံးပွဲ တွေ့ဦးမယ်ဆိုရင်တောင် ဒီပွဲကတော့ နိုင်ကို နိုင်ရမယ့်ပွဲပါပဲ။

ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ်။ ။ အဲဗာတန် ဝ-၂ မန်စီးတီး

ZG-ပြဲစဥ္ေတြ ဆက္တိုက္ ကစားေနရတဲ့ မန္စီးတီး အသင္းက ဒီအပတ္ ပရီးမီးယားလိဂ္မွာ အဲဗာတန္ကို အေဝးကြင္း သြားေရာက္ ရင္ဆုိင္ ကစားရဦးမွာပါ။ ပြဲကေတာ့ လာမယ့္ တနဂၤေႏြေန႔ ည ၇နာရီခြဲ၊ ဂြတ္ဒီဆင္ပါ့ခ္ ကြင္းမွာ ယွဥ္ျပိဳင္ရမွာ ျဖစ္ပါတယ္။

ေဘာလုံးပြဲေတြ သုံးသပ္ေနၾက ဝါရင့္ႀကီး တစ္ဦး ျဖစ္တဲ့ ဂန္းနားေဟာင္းႀကီး ေပါမာဆန္ က အဲဗာတန္ vs မန္စီးတီး အသင္းတို႔ ပြဲ အတြက္ အခုလို သုံးသပ္ ခန႔္မွန္းထားပါတယ္။

အရင္ ၃ ပတ္ေလာက္တုန္းကေတာ့ ဒီပြဲစဥ္ဇယားက မန္စီးတီးအတြက္ လြယ္ပါတယ္လို႔ မွတ္ထင္စရာပါပဲ။ စီးတီးတို႔ ႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ ဒါေပမယ့္ အဲဗာတန္က ဘ႐ိုက္တန္ကို ရင္ဆိုင္ရာမွာ ေျခစြမ္းေကာင္းေတြ ျပသထားခဲ့တယ္။ လက္စတာကို ၂-၂ သေရက်တုန္းကလည္း သူတို႔ ကစားပုံ ေကာင္းခဲ့တယ္လို႔ ထင္ပါတယ္။

စီးတီးအတြက္ ဒီပြဲက လြယ္ကူတဲ့ ပြဲစဥ္မ်ိဳး ျဖစ္လာမွာေတာ့ မဟုတ္ပါဘူး။ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ပထမအေက်ာ့မွာ ရီးရဲလ္မက္ဒရစ္ကို ရင္ဆိုင္ကစားစဥ္ ပထမပိုင္းအတြင္း စီးတီးတို႔ ႐ုန္းကန္ခဲ့ရတယ္ ဒါေတာင္မွ သူတို႔ ဂိုးေတြ သြင္းႏိုင္ဖို႔ အခြင့္အေရး ရခဲ့ပါတယ္။ ဒါေၾကာင့္ပဲ စီးတီးကို အဲဗာတန္တို႔ ရင္ဆိုင္ႏိုင္မွာ မဟုတ္ဘူးလို႔ က်ေနာ္ ထင္ျမင္တာပါ။

ေနာက္အပတ္ မက္ဒရစ္နဲ႔ပြဲမွာ လန္းဆန္းေနဖို႔ဆိုၿပီး ဒီပြဲအတြက္ ဂြာဒီယိုလာက သူ႔ကစားသမားေတြကို အနားေပးႏိုင္ဦးမယ္ မထင္ပါဘူး။ စီးတီးက အဲဗာတန္ကို အေကာင္းဆုံး ရင္ဆိုင္မွာပါ။ မန္စီးတီးတို႔ ရႈံးပြဲ ေတြ႕ဦးမယ္ဆိုရင္ေတာင္ ဒီပြဲကေတာ့ ႏိုင္ကို ႏိုင္ရမယ့္ပြဲပါပဲ။

ေပါမာဆန္ ရဲ႕ ခန႔္မွန္းရလဒ္။ ။ အဲဗာတန္ ၀-၂ မန္စီးတီး