နိုင်ပေမယ့် ဂိုးမပြတ်လောက်ဘူး ဆိုတဲ့ အဲဗာတန် – မန်စီးတီး ပွဲ အတွက် ခရစ်ဆက်တန် ဟောကိန်း ထုတ်ချက်

မန်စီးတီး အသင်းက ဒီအပတ် ပရီးမီးယားလိဂ်မှာ အဲဗာတန်ကို အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားရဦးမှာပါ။ ပွဲကတော့ လာမယ့် တနင်္ဂနွေနေ့ ည ၇နာရီခွဲ၊ ဂွတ်ဒီဆင်ပါ့ခ် ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဖြစ်တဲ့ ဘီဘီစီ သတင်းဌာနမှ ခရစ်ဆက်တန် က အဲဗာတန် vs မန်စီးတီး အသင်းတို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဒီပွဲမှာ ဘယ်လိုရလဒ် ထွက်မလဲ ဆိုတာက နောက်အပတ် ချန်ပီယံလိဂ်ပွဲအတွက် စီးတီးတို့ ဘယ်လို လူစာရင်း အပြောင်းအလဲ ပြုလုပ်မလဲအပေါ် မူတည်ပါတယ်။

အဲဗာတန်နည်းပြ ဆမ်ဒိုက်က ဘရိုက်တန်ပွဲမှာ ခံစစ်ကို အထိုင်ချ ကစားပြီး ကောင်တာမြန်နှုန်းတွေနဲ့ ထိုးဖောက်ခဲ့တယ်။ ဒီပွဲလည်း အဲဗာတန်က အဲ့လို ကစားမှာပဲ ကယ်ဗက်-လီဝင်က ပိုပြီး သန်မာလာတယ်။ ဘရိုက်တန်ပွဲက သူ့အတွက် ၄ ပွဲမြောက် ပွဲထွက်ကစားရတဲ့ပွဲပါပဲ။

ရီးရဲလ်ပွဲကို မျက်လုံး တစ်ဘက် ရောက်နေမယ် ဆိုပေမယ့်လို့ ဒီပွဲကို အနိုင်ရဖို့ စီတီးမှာ လုံလောက်တဲ့ အရည်အချင်း ရှိပါတယ်။ အဲဗာတန်ကတော့ သူတို့ကို ကောင်းကောင်း ဒုက္ခပေးမှာဖြစ်ပေမယ့်လို့ပေါ့။ အဲဗာတန်က စီးတီးကို ရှုံးရင်တောင်မှ လက်ကျန် ပွဲတွေထဲက တစ်ပွဲကိုတော့ နိုင်ပြီး ပရီးမီးယားလိဂ်မှာ ကျန်ခဲ့မှာပါ။

ဒီအခြေအနေမှာ လက်စတာနဲ့ လိဒ်စ်တို့ တန်းဆင်းသွားမယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် နောက်အပတ်လောက် ဆိုရင် ကျနော်ရဲ့ အဖြေက ပြောင်းလဲသွားနိုင်ပါသေးတယ်။ ” လို့ ဆက်တန်က သုံးသပ်လိုက်ပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်။ ။ အဲဗာတန် 1-2 မန်စီးတီး