မက်ဆီ ထွက်ရင် အစားထိုးဖို့ မန်စီးတီး ကစားသမားကို ချိန်လာတဲ့ ပီအက်စ်ဂျီအသင်း

ပြင်သစ်လီဂူးဝမ်း ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ရန် နီးစပ်တဲ့ အနေအထားကို ရောက်နေပြီ ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းက လီယွန်နယ် မက်ဆီရဲ့ အနာဂတ် မရေရာဖြစ်လာကာ ရာသီကုန်မှာ ကလပ်ပြောင်းရွှေ့နိုင်ခြေ ရှိတာကြောင့် မန်စီးတီး အသင်းရဲ့ ကစားသမား ဘာနာဒို ဆေးလ်ဗား နဲ့ အစားထိုးရန် ပြင်ဆင်လာပါတယ်။

ဥရောပ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းအနေဖြင့် မက်ဆီထွက်ခွာဖြစ်ပါက အစားထိုးရန် ညာခြမ်း တိုက်စစ်ကစားသမား တစ်ဦးရှာဖွေလျှက်ရှိနေပြီး မန်စီးတီးအသင်းမှာ ခြေစွမ်းပြ ကစားနေတဲ့ ပေါ်တူဂီ ကစားသမားကို ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။

ဘာနာဒို ဆေးလ်ဗား က ပြီးခဲ့တဲ့ နှစ်ဘောလုံးရာသီမှာကတည်းက မန်စီးတီးအသင်းကနေ ကလပ်အသင်း ပြောင်းရွှေ့ ကစားရန် ဘာစီလိုနာ အသင်းနဲ့ ချိတ်ဆက်မှုအချို့ ပြုလုပ်ခဲ့ရာမှာ အခက်အခဲအချို့ရှိခဲ့ပြီး ယခုနှစ်ရာသီကုန်မှာ အပြောင်းရွှေ့ ဖော်ဆောင်လာနိုင်တာလည်း ဖြစ်ပါတယ်။

မန်စီးတီး အသင်းနဲ့အတူ ပရီးမီးယားလိဂ် ၃၃ပွဲ အထိ ပါဝင်ကစားပေးနိုင်ခဲ့တဲ့ ဆေးလ်ဗားက ယခုနှစ်ရာသီမှာ ပုံစံကောင်းပြန်ရလာတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းက ပြင်သစ်ကစားသမားတွေဖြစ်တဲ့ ကိုလိုမူအာနီနဲ့ မားကပ်စ်သူရမ်တို့အားလည်း စိတ်ဝင်စားမှုရှိနေပြီး ဘယ်ခြေအားသန် ပေါ်တူဂီကစားသမားကတော့ ဦးစားပစ်မှတ်ဖြစ်လာနိုင်တာလည်း ဖြစ်ပါတယ်။

ဆေးလ်ဗားရဲ့ မန်စီးတီးအသင်းက ယခုသီတင်းပတ်ကြားရက်မှာ ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ဒုတိယအကျော့အဖြစ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ကစားရန် ရှိနေချိန် ပီအက်စ်ဂျီ အသင်းက ၁၁ကြိမ်မြောက် လီဂူဝမ်းချန်ပီယံဆုကိုင်မြောက်ရန် အတွက် အတော်လေး နီးစပ်နေတာပဲ ဖြစ်ပါတယ်။