ဒီည မန်စီးတီးနဲ့ ပွဲ မတိုင်ခင် ဒဏ်ရာနဲ့ ကြံ့ခိုင်မှု ပြသနာတွေ များနေတဲ့ ရီးရဲလ်မက်ဒရစ်
ဒီည မန်စီးတီးနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ် မတိုင်ခင်မှာ ရီးရဲလ်မက်ဒရစ် အသင်းဘက်က ဒဏ်ရာ ပြဿနာတွေကို ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
ပထမအကျော့မှာ ၁-၁ ရလဒ် ထွက်ထားတာမို့ ဒီအပတ်မှာ အနိုင်ရတဲ့ အသင်းက ဖိုင်နယ်ကို တက်ရောက်နိုင်မှာပါ။ ဒီပွဲမတိုင်ခင်မှာ မန်စီးတီးက အဲဗာတန်ကို ၃-၀ ရလဒ် ရယူခဲ့သလို ရီးရဲလ်မက်ဒရစ်ကလည်း ဂီတာဖေးကို ၁-၀ ရလဒ်နဲ့ အနိုင်ယူခဲ့ပါတယ်။
အဆိုပါ လာလီဂါပွဲမှာ ကာဗာဗင်ညာ ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတာနဲ့ ပတ်သက်လို့ မက်ဒရစ် နည်းပြက “ ကာမာဗင်ညာ ဒဏ်ရာရတာက ကျနော်တို့အတွက် နစ်နာပါတယ်။ သူ အမြန်ဆုံး ပြန်သက်သာလာမှာပါ။
မန်စီးတီးကို ရင်ဆိုင်မယ့်ပွဲအတွက် လူတိုင်း အဆင်သင့် ဖြစ်နေသင့်ပါတယ်။ ကာမာဗင်ညာ ထိခိုက်မိပေမယ့် သူအဆင်ပြေမှာပါ။ ဒူးနားမှာ နည်းနည်းတော့ ထိမိထားတယ်။ တစ်သင်းလုံးကို တစ်ရက် အနားပေးထားပါမယ် ” လို့ ထုတ်ပြောခဲ့တယ်။
ဘန်ဇီမာ၊ အလာဘာနဲ့ ရိုဒရီဂိုတို့ကလည်း ပြီးခဲ့တဲ့ လာလီဂါပွဲအတွက် မက်ဒရစ်အသင်း လူစာရင်းမှာ မပါလာခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ်အတွက် သတင်းကောင်းကတော့ ခံစစ်မှူး မီလီတာအို ပြန်ကစားနိုင်နေပါပြီ။

အန်ဆယ်လော့တီက “ ကျနော်တို့ အခြေအနေကောင်းပါတယ်။ အချို့ ကစားသမားတွေကတော့ ထိခိုက်မှုတွေ ရှိထားပါတယ်။ ဘန်ဇီမာ၊ အာလာဘာ၊ ရိုဒရီဂိုတို့က အခုထိ မသက်သာသေးပါဘူး။ ဆီးဘယ်လော့၊ မန်ဒီတို့ ပြန်လာနိုင်ပါပြီ။
ဂီတာဖေးပွဲမှာ လွဲမယ့် ကစားသမားတွေက မန်စီးတီးပွဲမှာ ပြန်လည် သက်သာနေဖို့ ကြိုးစားရမှာပါ။ ရုပ်ပိုင်းဆိုင်ရာ ပြဿနာ ရှိမှာ မဟုတ်ပါဘူး။ ကော်တွိုက်စ်နဲ့ ဗီနီတို့က ပြန်ကစားနိုင်နေပါပြီ။ ကိစ္စအားလုံးကို ကျနော်တို့ ထည့်စဉ်းစားမှာပါ။ ကစားသမားတွေကို စွန့်စားပြီး ကစားခိုင်းမှာ မဟုတ်ပါဘူး။
ကျနော်တို့ လန်းဆန်းနေပြီး အင်ပြည့်အားပြည့် ရှိနေတဲ့ အသင်းအဖြစ် ရှိနေမှာပါ။ ကျနော်တို့က ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အသင်းတစ်သင်းအဖြစ် ရှိနေပါဦးမယ် ” လို့ ထုတ်ပြောသွားတာ ဖြစ်ပါတယ်။
