ေလ့က်င့္ေရးကို အေစာဆုံးလာၿပီး ေနာက္ဆုံးမွျပန္တဲ့ အသင္းေဖာ္ကို ဘယ္လာရင္ ထုတ္ေဖာ္

ချယ်ဆီးနဲ့ပွဲမှာ အာဆင်နယ်အတွက် သွင်းဂိုးတစ်ဂိုး ရယူပေးခဲ့ပြီး အသင်းခေါင်းလက်ပတ်ကို ဝတ်ဆင်ခွင့်လည်း ရခဲ့တဲ့ ဘယ်လာရင်က အသင်းဖော် ဘရာဇီးသားလေး မာတင်နယ်လီကို ချီးကျူးမှု လုပ်ခဲ့ပါတယ်။

မာတင်နယ်လီဟာ ဒီနွေကမှ ဘရာဇီးကလပ်ကနေ ပြောင်းလာခဲ့သူဖြစ်ပြီး ခြေစွမ်းပြ ဂိုးတွေ သွင်းပေးနေသူပါ။ သူကလည်း ချယ်ဆီးပွဲမှာ ဂိုးရယူနိုင်ခဲ့ပြီး အာဆင်နယ် ကစားသမားဘဝ ၁၀ ဂိုးမြောက် သွင်းဂိုးကို ရခဲ့ပါတယ်။ ဆယ်ကျော်သက်လေးရဲ့ အလားအလာအပေါ် ဘယ်လာရင်က အခုလို ချီးကျူးခဲ့ဲသေးတာဖြစ်တယ်။

” မာတင်နယ်လီလို ထူးချွန်တဲ့ ကစားသမားမျိုး အများကြီး မရှိပါဘူး။ လူတိုင်းက သူ့ရဲ့ အရည်အချင်းကို ချီးကျူးကြပေမယ့် အားလုံး သိဖို့လိုတာက သူ့ရဲ့ ပရော်ဖက်ရှင်နယ် ပီသမှုပဲဖြစ်တယ်။ သူက လေ့ကျင့်ရေးကို နေ့တိုင်း အစောကြီးလာပြီး နည်းပြတွေ လုပ်ခိုင်းတာကို သေချာ လေ့ကျင့်လေ့ရှိတယ်။

သူက အသင်းကို ပထမဆုံးလာရောက်ပြီး နောက်ဆုံးမှ ပြန်တတ်သူဖြစ်တယ်။ သွင်းဂိုးတွေဆိုတာက နောက်ထပ်ကိစ္စပါ။ သူက အသင်းကို လုပ်နိုင်တဲ့ ကိစ္စတွေ အားလုံးနဲ့ ကူညီပေးနေသူဖြစ်ပြီး သူ့ရဲ့ စိတ်ဓါတ်ပိုင်းကို လူတိုင်း အသိအမှတ်ပြုသင့်ပါတယ်။ အဲ့သည် စိတ်ဓါတ်တွေကပဲ သူ့ကို ကစားသမားကောင်း ဖြစ်နေစေတာပါ။

မာတင်နယ်လီက လက်ရှိမှာ ငယ်ရွယ်နေသေးပြီး အနာဂတ်မှာ အများကြီး အောင်မြင်နိုင်ပါတယ်။ သူက ဆက်ပြီး ကြိုးစားမှုနဲ့ ထိပ်တန်း ကစားသမား ဖြစ်လာမယ့်သူပါ။ ” လို့ ဘယ်လာရင်က ချီးကျူးခဲ့တာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးနဲ႔ပြဲမွာ အာဆင္နယ္အတြက္ သြင္းဂိုးတစ္ဂိုး ရယူေပးခဲ့ျပီး အသင္းေခါင္းလက္ပတ္ကို ဝတ္ဆင္ခြင့္လည္း ရခဲ့တဲ့ ဘယ္လာရင္က အသင္းေဖာ္ ဘရာဇီးသားေလး မာတင္နယ္လီကို ခ်ီးက်ဴးမႈ လုပ္ခဲ့ပါတယ္။

မာတင္နယ္လီဟာ ဒီေႏြကမွ ဘရာဇီးကလပ္ကေန ေျပာင္းလာခဲ့သူျဖစ္ျပီး ေျခစြမ္းျပ ဂိုးေတြ သြင္းေပးေနသူပါ။ သူကလည္း ခ်ယ္ဆီးပြဲမွာ ဂိုးရယူႏုိင္ခဲ့ျပီး အာဆင္နယ္ ကစားသမားဘဝ ၁၀ ဂိုးေျမာက္ သြင္းဂိုးကို ရခဲ့ပါတယ္။ ဆယ္ေက်ာ္သက္ေလးရဲ႕ အလားအလာအေပၚ ဘယ္လာရင္က အခုလို ခ်ီးက်ဴးခ့ဲဲေသးတာျဖစ္တယ္။

” မာတင္နယ္လီလို ထူးခၽြန္တဲ့ ကစားသမားမ်ိဳး အမ်ားၾကီး မရွိပါဘူး။ လူတိုင္းက သူ႔ရဲ႕ အရည္အခ်င္းကို ခ်ီးက်ဴးၾကေပမယ့္ အားလံုး သိဖို႔လိုတာက သူ႔ရဲ႕ ပေရာ္ဖက္ရွင္နယ္ ပီသမႈပဲျဖစ္တယ္။ သူက ေလ့က်င့္ေရးကို ေန႔တိုင္း အေစာၾကီးလာျပီး နည္းျပေတြ လုပ္ခိုင္းတာကို ေသခ်ာ ေလ့က်င့္ေလ့ရွိတယ္။

သူက အသင္းကို ပထမဆံုးလာေရာက္ျပီး ေနာက္ဆံုးမွ ျပန္တတ္သူျဖစ္တယ္။ သြင္းဂိုးေတြဆိုတာက ေနာက္ထပ္ကိစၥပါ။ သူက အသင္းကို လုပ္ႏုိင္တဲ့ ကိစၥေတြ အားလံုးနဲ႔ ကူညီေပးေနသူျဖစ္ျပီး သူ႔ရဲ႕ စိတ္ဓါတ္ပိုင္းကို လူတိုင္း အသိအမွတ္ျပဳသင့္ပါတယ္။ အဲ့သည္ စိတ္ဓါတ္ေတြကပဲ သူ႔ကို ကစားသမားေကာင္း ျဖစ္ေနေစတာပါ။

မာတင္နယ္လီက လက္ရွိမွာ ငယ္ရြယ္ေနေသးျပီး အနာဂတ္မွာ အမ်ားၾကီး ေအာင္ျမင္ႏုိင္ပါတယ္။ သူက ဆက္ျပီး ၾကိဳးစားမႈနဲ႔ ထိပ္တန္း ကစားသမား ျဖစ္လာမယ့္သူပါ။ ” လို႔ ဘယ္လာရင္က ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။