မန်စီးတီးကို စောစော ဂိုးသွင်းခွင့် ပြုမယ် လို့ ပက် အာရုံများအောင် ကစားလာတဲ့ အန်ဆယ်လော့တီ
ဒီညပွဲမှာ အိမ်ရှင် မန်စီးတီးအသင်း ဂိုးသွင်းတာကို စောစော ခွင့်ပြုမယ်လို့ ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆယ်လော့တီ က ထူးထူးဆန်းဆန်း ထုတ်ပြောလာပါတယ်။
ပွဲအစမှာတင် ဂိုးသွင်းလေ့ရှိတဲ့ စီတီးအကြောင်းကို သိထားကြောင်းနဲ့ ဂိုးပေးပြီးမှ ပြန်တုန့်ပြန်မယ်ဆိုတဲ့ အန်ဆယ်လော့တီ ရဲ့ ထုတ်ဖော်မှုဟာ ပွဲကြို အင်တာဗျူးမှာ ပါဝင်လာခဲ့တာပါ။
အီတလီသားကြီး ဘာကြံနေတာလဲဆိုတာ မသိပေမယ့်လို့ ဂွာဒီယိုလာကတော့ ဒီပွဲမှာ သူ အတွေးမများတော့ဘူးလို့ ဆိုထားပါတယ်။
အန်ဆယ်လော့တီကတော့ ” ဟာလန်းအကြောင်း ကျနော်တို့ မစဉ်းစားပါဘူး။ သူတို့မှာ ဒီဘရိုင်း၊ ဂွမ်ဒိုဂန်နဲ့ မာရက်ဇ် တို့လည်း ရှိတာမို့ ခက်ခဲပါတယ်။ ကျနော်တို့ ရှင်းရှင်းလင်းလင်း ဖြစ်ထားစေလိုတာကတော့ မန်စီးတီးက ဂိုးသွင်းမယ် ဆိုရင် ခပ်စောစောပဲ ပေးသွင်းလိုက်မယ်။ အဲ့လိုဆိုရင် ကျနော်တို့ တုန့်ပြန်ချိန် အများကြီး ရပါမယ်။
ပွဲအစပိုင်း မိနစ် အနည်းငယ်မှာတင် မန်စီးတီးက ဂိုးသွင်းသွားနိုင်မယ်လို့ ကျနော်တို့ ကြိုသိနေပါတယ်။ မနှစ်ကရာသီမှာ ဘာဖြစ်ခဲ့လဲ အားလုံး သိနေကြတာပဲလေ။ တကယ်ကို စိတ်လှုပ်ရှားစရာ ပွဲကောင်းဖြစ်ခဲ့တယ်။ အခုပွဲလည်း အဲ့လိုဖြစ်မယ်ဆိုတာ သေချာပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။
အန်ဆယ်လော့တီ ဆိုလိုတာက ရီးရဲလ်မက်ဒရစ်ဟာ နောက်ကနေ လိုက်ကစားဖို့ ပြင်ဆင်ထားပြီဆိုတဲ့ သဘောမျိုး ဖြစ်ပါလိ့မ်မယ်။ သူတို့ဟာ များစွာသော comeback ပွဲတွေ ကစားခဲ့တာမျိုး ဒီအပိုင်းမှာ အတွေ့အကြုံ ရှိနေတာ ဖြစ်ပါတယ်။
ဒါပေမယ့်လို့ မန်စီးတီးဟာ ချန်ပီယံလိဂ်မှာ အနိုင်မရခဲ့သေးပေမယ့် ပြိုင်ပွဲ အတွေ့အကြုံ အတော်လေး များပြားနေတဲ့ အသင်းဖြစ်တာမို့ အခွင့်အရေးရလို့ ပွဲကို အသာစီးရထားခဲ့ရင် လုံးဝ အမှားခံတော့မှာတော့ မဟုတ်ပါဘူး။
