ပရီးမီးယားလိဂ် ဖလား မြှောက်မယ့် ပွဲမှာ မန်စီးတီးက ချယ်ဆီးကို ဘယ်နှဂိုးထိ သွင်းချမလဲ ခရစ်ဆက်တန် ခန့်မှန်း
ဒီအပတ်မှာတော့ ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်အသင်းလဲ တရားဝင် မြင်ခွင့်ရနိုင်ပါတယ်။ ဒီအပတ် ပွဲမှာ မန်စီးတီးကသာ ချယ်ဆီးကို အနိုင် ကစားနိုင်ရင် ပရီးမီးယားလိဂ် ဖလားကို ကိုင်မြှောက်နိုင်တော့မှာပါ။
ဒီ အရေးကြီး ပွဲစဉ်ကတော့ လာမယ့် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၉နာရီခွဲ အချိန်၊ အီတီဟက်ကွင်းမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန်က မန်စီးတီး နဲ့ ချယ်ဆီး တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။
” ရီးရဲလ်မက်ဒရစ်ကို မန်စီးတီးတို့ အနိုင်ရတဲ့ပွဲကို ကျနော် ကွင်းထဲကနေ ကြည့်နေခဲ့ပါတယ်။ မန်စီးတီးက ကျနော် မျှော်လင့်ထားသလို ဘောလုံးကိုင်ပြီး လွှမ်းမိုးထားခဲ့ပေမယ့် မက်ဒရစ်ကတော့ ခြိမ်းခြောက်မှုတွေ မလုပ်နိုင်ခဲ့ပါဘူး။
ဖောရက်စ်ကွင်းမှာ အာဆင်နယ်အသင်း အရေးနိမ့်ရင် မန်စီးတီးက ချန်ပီယံဖြစ်မယ် ဆိုပေမယ့် ချယ်ဆီးကို အနိုင် ရလိုက်ရင်လည်း မန်စီးတီးက ၃ ကြိမ်ဆက် ချန်ပီယံ ဖြစ်လာဖို့ ရှိပါတယ်။
ကျနော်ကတော့ အဲ့ဒီလိုဖြစ်လာမယ် ထင်ပါတယ်။ ချယ်ဆီးမှာက ဘာ အစီအစဉ်၊ ဘာအားထုတ်မှုမှ မမြင်ဘူး။ သူတို့မှာ တစ်ဦးချင်း ကောင်းမွန်တဲ့ ကစားသမားတွေ ရှိနေတယ်ဆိုပေမယ့် အသင်းတစ်သင်း မဟုတ်ဘဲ တကယ့် အရှုပ်ကြီး ဖြစ်နေတာပါ။
စီးတီးက အပြောင်းအလဲတွေနဲ့အတူ ဖိုဒန်၊ မာရက်ဇ်၊ အဲဗာရက်ဇ်တို့ကို ပွဲထုတ်ကစားရင်တောင်မှ ဒီပွဲကို လွယ်လွယ်လေး နိုင်ပါတယ်။” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။
ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ် ကတော့ မန်စီးတီး ၅-၀ ချယ်ဆီး ဖြစ်ပါတယ်။