အာဆင္နယ္ကို ျပန္လာလိုေၾကာင္း ဝန္ခံလိုက္တဲ့ ဂန္းနားေဟာင္းၾကီး ကာဇိုလာ
ဂန္းနားေဟာင္းၾကီး ကာဇိုလာက သူ ကစားသမားဘဝ အနားမယူခင္မွာ အာဆင္နယ္အတြက္ တစ္ပြဲေလာက္ ကစားေပးလိုပါေၾကာင္း ထုတ္ေဖာ္ေျပာဆိုမႈကို ျပဳလုပ္သြားခဲ့ပါတယ္။
ဒဏ္ရာျပႆနာေၾကာင့္ ကာလရွည္ ရုန္းကန္ခဲ့ရတဲ့ ကာဇိုဘာဟာ အမ္းမရိတ္ကေန ဗီလာရီးရဲလ္ကို ျပန္လည္ေျပာင္းေရႊ႔သြားခ်ိန္မွာ ကလပ္အသင္းပရိသတ္ေတြကို ႏုတ္ဆက္ခြင့္ မရခဲ့ပါဘူး။ သူဟာ ဗီလာရီးရဲလ္မွာလည္း ေတာက္ပတဲ့ေျခစြမ္းေတြ ျပန္လည္ ျပသႏုိင္ခဲ့သလို အာဆင္နယ္ကို လႊမ္းဆြတ္ေၾကာင္းကို မၾကာခဏ ေျပာဆိုေလ့ရွိထားတာပါ။
ကာဇိုလာက ” ျဖစ္ႏုိင္ မျဖစ္ႏုိင္ မသိေပမယ့္လည္း ကစားသမားဘဝ အနားမယူခင္ အာဆင္နယ္အတြက္ တစ္ပြဲေလာက္ ကစားေပးလိုပါတယ္။ အာဆင္နယ္ကေန ထြက္ခြာလာေတာ့ ပရိသတ္ေတြကို မႏႈတ္ဆက္လုိက္ရတာကို အခုခ်ိန္ထိ ေနာင္တရေနဆဲဲပါ။ အာဆင္နယ္က က်ေနာ္ကစားသမားဘဝ ကစားဖူးသမွ် အသင္းေတြထဲ အသင္းေကာင္းျဖစ္ျပီး ဂန္းနားအသင္းသားျဖစ္ရတာကို ဂုဏ္ယူပါတယ္။
အသင္းကေန ထြက္ခြာခဲ့ခ်ိန္မွာလည္း က်ေန္ာကို ဆက္လက္ အားေပးၾကတဲ့ ပရိသတ္ေတြ ရွိၾကတာကိုလည္း ဝမ္းသာမိပါတယ္။ အနာဂတ္မွာလည္း အာဆင္နယ္မိသားစုဝင္ တစ္ဦးအျဖစ္ ဆက္ရွိေနဖို႔ ဆုေတာင္းပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။
လက္ရွိမန္ေနဂ်ာ အာတီတာနဲ႔ ပက္သက္လို႔လည္း ” သူ တစ္ရက္မွာ မန္ေနဂ်ာျဖစ္လာမယ္ဆိုတာ က်ေန္ာ သိခဲ့ပါတယ္။ အာဆင္နယ္မွာ တြဲကစားစဥ္ကတည္းက သူ႔ရဲ႕ ဦးေဆာင္မႈစြမ္းရည္ကို ျမင္ခဲ့ရတယ္။ သူက ထိပ္တန္း မန္ေနဂ်ာျဖစ္လာမယ့္သူျဖစ္ျပီး ကလပ္အသင္းနဲ႔ ေအာင္ျမင္မႈေတြ ရယူသြားမွာပါ။ သူက အာဆင္နယ္အတြက္ မွန္ကန္တဲ့ သူအျဖစ္ ဦးေဆာင္ပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။
ဂန္းနားပရိသတ္ေတြကေတာ့ အာဆင္နယ္အတြက္ ကာဇိုလာကို ျပန္ေခၚဖို႔ တိုက္တြန္းမႈေတြ ရွိေနျပီး ဒီအေျပာင္းအေရႊ႔က အမွန္တကယ္ ျဖစ္လာဖို႔ေတာ့ ကစားသမားၾကီးရဲ႕ အသက္အရြယ္အရ ခက္ခဲေနမွာ ျဖစ္ပါတယ္။
UNICODE – ဂန်းနားဟောင်းကြီး ကာဇိုလာက သူ ကစားသမားဘဝ အနားမယူခင်မှာ အာဆင်နယ်အတွက် တစ်ပွဲလောက် ကစားပေးလိုပါကြောင်း ထုတ်ဖော်ပြောဆိုမှုကို ပြုလုပ်သွားခဲ့ပါတယ်။
ဒဏ်ရာပြဿနာကြောင့် ကာလရှည် ရုန်းကန်ခဲ့ရတဲ့ ကာဇိုဘာဟာ အမ်းမရိတ်ကနေ ဗီလာရီးရဲလ်ကို ပြန်လည်ပြောင်းရွှေ့သွားချိန်မှာ ကလပ်အသင်းပရိသတ်တွေကို နုတ်ဆက်ခွင့် မရခဲ့ပါဘူး။ သူဟာ ဗီလာရီးရဲလ်မှာလည်း တောက်ပတဲ့ခြေစွမ်းတွေ ပြန်လည် ပြသနိုင်ခဲ့သလို အာဆင်နယ်ကို လွှမ်းဆွတ်ကြောင်းကို မကြာခဏ ပြောဆိုလေ့ရှိထားတာပါ။
ကာဇိုလာက ” ဖြစ်နိုင် မဖြစ်နိုင် မသိပေမယ့်လည်း ကစားသမားဘဝ အနားမယူခင် အာဆင်နယ်အတွက် တစ်ပွဲလောက် ကစားပေးလိုပါတယ်။ အာဆင်နယ်ကနေ ထွက်ခွာလာတော့ ပရိသတ်တွေကို မနှုတ်ဆက်လိုက်ရတာကို အခုချိန်ထိ နောင်တရနေဆဲပါ။ အာဆင်နယ်က ကျနော်ကစားသမားဘဝ ကစားဖူးသမျှ အသင်းတွေထဲ အသင်းကောင်းဖြစ်ပြီး ဂန်းနားအသင်းသားဖြစ်ရတာကို ဂုဏ်ယူပါတယ်။
အသင်းကနေ ထွက်ခွာခဲ့ချိန်မှာလည်း ကျနေ်ာကို ဆက်လက် အားပေးကြတဲ့ ပရိသတ်တွေ ရှိကြတာကိုလည်း ဝမ်းသာမိပါတယ်။ အနာဂတ်မှာလည်း အာဆင်နယ်မိသားစုဝင် တစ်ဦးအဖြစ် ဆက်ရှိနေဖို့ ဆုတောင်းပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။
လက်ရှိမန်နေဂျာ အာတီတာနဲ့ ပက်သက်လို့လည်း ” သူ တစ်ရက်မှာ မန်နေဂျာဖြစ်လာမယ်ဆိုတာ ကျနေ်ာ သိခဲ့ပါတယ်။ အာဆင်နယ်မှာ တွဲကစားစဉ်ကတည်းက သူ့ရဲ့ ဦးဆောင်မှုစွမ်းရည်ကို မြင်ခဲ့ရတယ်။ သူက ထိပ်တန်း မန်နေဂျာဖြစ်လာမယ့်သူဖြစ်ပြီး ကလပ်အသင်းနဲ့ အောင်မြင်မှုတွေ ရယူသွားမှာပါ။ သူက အာဆင်နယ်အတွက် မှန်ကန်တဲ့ သူအဖြစ် ဦးဆောင်ပါလိမ့်မယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
ဂန်းနားပရိသတ်တွေကတော့ အာဆင်နယ်အတွက် ကာဇိုလာကို ပြန်ခေါ်ဖို့ တိုက်တွန်းမှုတွေ ရှိနေပြီး ဒီအပြောင်းအရွှေ့က အမှန်တကယ် ဖြစ်လာဖို့တော့ ကစားသမားကြီးရဲ့ အသက်အရွယ်အရ ခက်ခဲနေမှာ ဖြစ်ပါတယ်။