အရင်ပွဲတွေ လွဲခဲ့ပေမယ့် အကီ က စီးတီးအတွက် ဘယ်လောက် အရေးကြီးလဲ ပက် ထုတ်ဖော် ချီးကျူး

မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပရီးမီးယားလိဂ်ချန်ပီယံဆုရဖို့အတွက် လိုအပ်နေတဲ့ ပုံစံတွေကို မြှင့်တင်ပြီး ကြိုးစားအားထုတ်မှုတွေပြုလုပ်ခဲ့တဲ့ နောက်ခံလူ နေသန်အကီကို ချီးကျူး စကား ဆိုလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ တနင်္ဂနွေနေ့ကပဲ ၎င်းတို့ရဲ့ သုံးနှစ်ဆက်တိုက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ နေသန်အကီဟာ ဒီရာသီ မန်စီးတီး အသင်းရဲ့ အောင်မြင်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး ဘယ်နောက်တန်းနဲ့ ဗဟိုခံစစ်မှာ အားဖြည့်ကစားထားပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်သည့် နယ်သာလန်နောက်ခံလူဟာ ချဲလ်ဆီးကို အနိုင်ရသည့်ပွဲအပါအဝင် မန်စီးတီး၏နောက်ဆုံး ၄ ပွဲအား တံကောက်ကြော ဒဏ်ရာကြောင့် လွဲချော်ထားသူပါ။

ဒါပေမယ့်လည်း ဂွာဒီယိုလာက အကီရဲ့ ပံ့ပိုးကူညီမှုသည် ယခုနှစ်ရာသီတွင် ၎င်းတို့၏ ဖလားသုံးလုံး အိပ်မက်အား တွန်းအားပေးမှုနောက်ကွယ်တွင် အကြီးမားဆုံးအချက်များထဲမှ တစ်ခုဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

ဂွာဒီယိုလာက” နေသန်အကီဟာ အခြေခံ အကျဆုံးလိုအပ်ချက်ပါပဲ။ ဒီရာသီမှာ မင်း ဆာကာ၊ ဗင်နီစီးယက်စ်၊ မာတင်နယ်လီ၊ ဆာလာ ဒါမှမဟုတ် မာနေတို့နဲ့ ကစားတုန်းက အနိုင်ရဖို့ သင့်တော်တဲ့ နောက်ခံလူ တစ်ယောက်လိုတယ်။ ဒါမှမဟုတ်၊ ချန်ပီယံလိဂ်မှာ အသင်းကြီးတွေကို အနိုင်ယူဖို့ လုပ်ဆောင်ချက်တစ်ခုလိုပြီး နေသန်အကီက ကျွန်တော်တို့ကို အရင်ကမရှိခဲ့တဲ့ ခွန်အားတွေပေးခဲ့တယ်။

အကြီးမားဆုံး တွန်းအားပေးမှုကတော့ အရင်တုန်းကတော့ ကျွန်တော်တို့မှာ မရှိခဲ့သလိုမျိုး မှန်ကန်တဲ့ နောက်ခံလူ တစ်ယောက်ရှိခြင်းဖြစ်တဲ့အပြင် အကန်ဂျီးနဲ့ ဝေါ်လ်ကာ တို့လည်း အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဘုန်းမောက်ကနေ မန်စီးတီးကို ၂၀၂၀ ခုနှစ်မှာ ပေါင် ၄၁ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ နေသန်အကီ ဟာ သူ့ရဲ့ အကောင်းမွန်ဆုံး ရာသီကို အီတီဟတ်မှာ ပျော်ပျော်ရွင်ရွှင်နဲ့ဖြတ်သန်းနေပါတယ်။ နယ်သာလန်သားဟာ ကလပ်မှာ သူ့ရဲ့ပထမဆုံးရာသီနှစ်ခုမှာ စုစုပေါင်း ၃၈ ပွဲထိ ပွဲထွက်ကစားခွင့်ရရှိထားပါတယ်။

ချဲလ်ဆီးအသင်းနဲ့ပွဲမတိုင်ခင်မှာ ဂွာဒီယိုလာက နေသန်အကီရဲ့ တံကောက်ကြော ဒဏ်ရာဟာ ပိုကောင်းလာတယ်လို့ ပြောခဲ့ပါတယ်။

ဂွာဒီယိုလာဟာ ယူနိုက်တက် အသင်းနဲ့ အက်ဖ်အေဖလားဖိုင်နယ်၊ လာမယ့်လဆန်းမှာကစားမယ့် အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ဖိုင်နယ် မတိုင်ခင်မှာ နေသန်အကီကို ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်လည်ရောက်ရှိလာဖို့ မျှော်လင့်နေပါတယ်။