မန်စီးတီး ဒီရာသီ ဖလား ၃ လုံး ရရင် အသင်းကနေ သူ ထွက်ခွာတော့မလား ဂွါဒီယိုလာ အဖြေပေး

မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာက ဒီရာသီဆုဖလား ၃ လုံးရခဲ့ရင်တောင် သူ မန်စီးတီးကနေ ထွက်ခွာတော့မလား ဆိုတာကို တုန့်ပြန် အဖြေ ေးလာပါတယ်။

စီးတီးနည်းပြကတော့ အသင်းဟာ ဘဏ္ဍာရေးဆိုင်ရာစည်းမျည်းတွေ ချိုးဖောက်မှုကြောင့် ပရီးမီးယားလိဂ်ရဲ့ အရေးယူမှုနဲ့ ရင်ဆိုင်ရနိုင်ပြီး အီတီဟက်မှာ ဆက်နေဖို့ မကြာခင်မှာ အဆိုပါပြဿနာကို ဖြေရှင်းလိုနေပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပြီးနောက် အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖိုင်နယ် ပွဲကျန်နေသေးတာဖြစ်ပြီး ဂွါဒီယိုလာက အင်္ဂလန်ဘောလုံးသမိုင်းမှာ တစ်ရာသီအတွင်းဖလား ၃ လုံးချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်တဲ့ ဒုတိယမြောက် နည်းပြဖြစ်လာမှာဖြစ်ပါတယ်။

မန်စီးတီးဟာ လိဂ်ဖလားရခဲ့ပြီဖြစ်ပေမယ့် ဘရိုက်တန်၊ ဘရန့်ဖို့ဒ်တို့နဲ့ ဆက်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဆုဖလား အောင်မြင်မှုတွေရခဲ့ပေမယ့် ဂွါဒီယိုလာတစ်ယောက် အသင်းကနေ ထွက်ခွာနိုင်ချေရှိနေဆဲလို့ သတင်းတွေက ဆိုပါတယ်။

ဒါပေမယ့် စာချုပ်သက်တမ်း ၂ နှစ်ကျန်သေးတာဖြစ်ပြီး ဂွါဒီယိုလာက “အခုချိန်မှာ ကျွန်တော် အသင်းကနေ ထွက်ခွာဖို့ မတွေးသေးပါဘူး။ ဒါပေမယ့် ဘယ်သူသိနိုင်မှာလဲ။ အခုတော့ မတွေးသေးပါဘူး။ လာမယ့်ရာသီဆက်ရှိဖို့ ပြင်ဆင်ထားပါတယ်။ ကျွန်တော် အဲ့တာကို ကြိုက်ပါတယ်။

သို့ပေမယ့် ကျွန်တော် ဘယ်လိုခံစားနေရလဲဆိုတာ မသိသေးပါဘူး။ ကျွန်တော့်မှာ စာချုပ်သက်တမ်း ရှိနေဆဲပါ။ ကျွန်တော် စာချုပ်ချုပ်ထားတဲ့အတွက် အသင်းကို လေးစားပါတယ်။ လာမယ့်ရာသီ ဆက်ရှိနေနိုင်ပါတယ်။ စည်းမျည်းတွေ ချိုးဖောက်ထားတာတွေတော့ ရှိပေမယ့် စိတ်မပူပါဘူး”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပက် ဂွါဒီယိုလာက လာမယ့်ရာသီဟာ အခုရာသီထက် ပိုခက်ခဲနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။

“လာမယ့်ရာသီက ခက်ခဲနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အသင်းအားလုံးက ကျွန်တော့်ကို အနိုင်ကန်ချင်တာကြောင့်ပါ။ အဲ့တာက လာမယ့်ရာသီအတွက် စိန်ခေါ်မှုပါ။ ၁ နှစ်အတွင်းမှာ ချန်ပီယံဆုကို ကာကွယ်နိုင်ပါလိမ့်မယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။