အမွတ္ေပးဇယား ထိပ္ပိုင္း ျပန္ေရာက္ဖို႔ အာဆင္နယ္ အေနနဲ႕ ရလဒ္ဆိုးေတြ ရပ္တန္႔သင့္ပါျပီ

အာဆင္နယ္အသင္းဟာ အမွတ္ေပးဇယား ထိပ္ပိုင္းနား ျပန္လည္ ေရာက္ရွိဖို႔ အတြက္ လတ္တေလာ ၾကံဳေနရတဲ့ ရလဒ္ဆုိးေတြ ရပ္တန္႔ဖို႔ လိုေနျပီ ျဖစ္ေၾကာင္း ခံစစ္မွဴး ခ်မ္ဘာစ္က သတိေပးစကား ဆိုလိုက္ပါတယ္။ ခ်မ္ဘာစ္က ၂၀၁၄ တည္းက အာဆင္နယ္အသင္းထံ ေရာက္ရွိခဲ့တာ ျဖစ္ျပီး မစ္ဒယ္ဘေရာ့၊ ဖူဟမ္အသင္းတို႔ထံ အငွားထြက္ ကစားခဲ့ပါတယ္။

ခ်မ္ဘာစ္ဟာ ခ်ယ္ဆီးနဲ႕ အမ္းမရိတ္မွာ ရင္ဆိုင္ခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ ဒူးဒဏ္ရာ ရရွိတာေၾကာင့္ ကုသမႈခံယူရင္း ကာလရွည္ အနားယူေနရတာ ျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ ယိုယြင္းေနတဲ့အသင္းခံစစ္ကို မျပင္ဆင္နုိင္ေသးခ်ိန္မွာ ခ်မ္ဘာစ္ကိုလည္း လက္လႊတ္ထားရတာပါ။

” က်ေနာ္တို႔ အသင္း အမွတ္ေပးဇယား ထိပ္ပိုင္းကို ျပန္ေရာက္နုိင္ဖို႔ဆို အခုလို ဆိုး၀ါးေနတဲ့ ရလဒ္နဲ႕ အေျခအေနေတြ ရပ္တန္႔ပစ္ဖို႔ လိုအပ္ပါတယ္။ ျပီးေတာ့ အသင္း လိုအပ္တဲ့ေနရာေတြမွာ အင္အားျဖည့္တင္းဖို႔ အေျပာင္းအေရႊ႕ ဖြင့္ေနတုန္း ေစ်းကြက္ထဲ ရွာေဖြ ေခၚယူမႈေတြလည္း လုပ္မွာပါ။” လို႔ ခ်မ္ဘာစ္က သတိေပးစကား ေျပာရင္း တုိက္တြန္းခဲ့ပါတယ္။

အာဆင္နယ္ဟာ နည္းျပ အာတီတာ ေရာက္လာျပီးေနာက္ တိုးတက္မႈေတြ ရွိလာေပမယ့္ ရလဒ္ပိုင္း အရေတာ့ ပရီးမီးယားလိဂ္မွာ ၃ ပြဲ ဆက္ နုိင္ပြဲ ေပ်ာက္ထားျပီး အမွတ္ေပးဇယား အဆင့္ ၁၀ ေနရာမွာ ရွိေနပါတယ္။ ဒါ့အျပင္ ဇယားမွာ အာဆင္နယ္နဲ႕ ရမွတ္တူ အသင္းမ်ား အေနနဲ႕ ပဲေလ့စ္၊ အဲဗာတန္၊ ဘန္ေလ၊ နယူးကာဆယ္တို႕ကလည္း ရွိေနတာပါ။

အာဆင္နယ္ နည္းျပ အာတီတာ ကေတာ့ ခံစစ္မွဴး ခ်မ္ဘာစ္ကို ဆံုးရွံဳးရတာအတြက္ အထိနာေၾကာင္း ၀န္ခံထားျပီး အခ်ိန္တို အတြင္း ခ်မ္ဘာစ္ ျပန္ ပါ၀င္လာနိုင္ေအာင္ ကူညီေပးသြားမယ္လို႔ ေျပာဆိုထားပါတယ္။

Unicode – အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယား ထိပ်ပိုင်းနား ပြန်လည် ရောက်ရှိဖို့ အတွက် လတ်တလော ကြုံနေရတဲ့ ရလဒ်ဆိုးတွေ ရပ်တန့်ဖို့ လိုနေပြီ ဖြစ်ကြောင်း ခံစစ်မှူး ချမ်ဘာစ်က သတိပေးစကား ဆိုလိုက်ပါတယ်။ ချမ်ဘာစ်က ၂၀၁၄ တည်းက အာဆင်နယ်အသင်းထံ ရောက်ရှိခဲ့တာ ဖြစ်ပြီး မစ်ဒယ်ဘရော့၊ ဖူဟမ်အသင်းတို့ထံ အငှားထွက် ကစားခဲ့ပါတယ်။

ချမ်ဘာစ်ဟာ ချယ်ဆီးနဲ့ အမ်းမရိတ်မှာ ရင်ဆိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဒူးဒဏ်ရာ ရရှိတာကြောင့် ကုသမှုခံယူရင်း ကာလရှည် အနားယူနေရတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ယိုယွင်းနေတဲ့အသင်းခံစစ်ကို မပြင်ဆင်နိုင်သေးချိန်မှာ ချမ်ဘာစ်ကိုလည်း လက်လွှတ်ထားရတာပါ။

” ကျနော်တို့ အသင်း အမှတ်ပေးဇယား ထိပ်ပိုင်းကို ပြန်ရောက်နိုင်ဖို့ဆို အခုလို ဆိုးဝါးနေတဲ့ ရလဒ်နဲ့ အခြေအနေတွေ ရပ်တန့်ပစ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ အသင်း လိုအပ်တဲ့နေရာတွေမှာ အင်အားဖြည့်တင်းဖို့ အပြောင်းအရွှေ့ ဖွင့်နေတုန်း ဈေးကွက်ထဲ ရှာဖွေ ခေါ်ယူမှုတွေလည်း လုပ်မှာပါ။” လို့ ချမ်ဘာစ်က သတိပေးစကား ပြောရင်း တိုက်တွန်းခဲ့ပါတယ်။

အာဆင်နယ်ဟာ နည်းပြ အာတီတာ ရောက်လာပြီးနောက် တိုးတက်မှုတွေ ရှိလာပေမယ့် ရလဒ်ပိုင်း အရတော့ ပရီးမီးယားလိဂ်မှာ ၃ ပွဲ ဆက် နိုင်ပွဲ ပျောက်ထားပြီး အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရှိနေပါတယ်။ ဒါ့အပြင် ဇယားမှာ အာဆင်နယ်နဲ့ ရမှတ်တူ အသင်းများ အနေနဲ့ ပဲလေ့စ်၊ အဲဗာတန်၊ ဘန်လေ၊ နယူးကာဆယ်တို့ကလည်း ရှိနေတာပါ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ ခံစစ်မှူး ချမ်ဘာစ်ကို ဆုံးရှုံးရတာအတွက် အထိနာကြောင်း ဝန်ခံထားပြီး အချိန်တို အတွင်း ချမ်ဘာစ် ပြန် ပါဝင်လာနိုင်အောင် ကူညီပေးသွားမယ်လို့ ပြောဆိုထားပါတယ်။