ရာသီပိတ်ပွဲမှာ မန်စီးတီးက ဘရန့်ဖို့ဒ်ကို မနိုင်ဘူး ဆိုတဲ့ ဆရာကြီး ပေါမာဆန်ရဲ့ ပွဲကြို ဟောကိန်းထုတ်မှု

ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး အသင်းကတော့ ပွဲစဉ် ၃၈ – ရာသီပိတ်ပွဲကို ဘရန့်ဖို့ဒ်နဲ့ အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ အကုန်လုံးကတော့ မေ ၂၈ ရက်၊ တနင်္ဂနွေနေ့၊ ည ၁ဝ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။
ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့် ဆရာကြီး ပေါမာဆန်က ဘရန့်ဖို့ဒ်နဲ့ စီးတီး ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်း လာပါတယ်။
” မန်စီးတီးက ကစားသမားတိုင်းကို အနားပေးရင်တောင် အသင်းကောင်းတစ်သင်း ထုတ်နိုင်တုန်းပါပဲ။ ဘရိုက်တန်နဲ့ ပွဲမှာ ဒါကို ကျွန်တော်တို့ တွေ့ပြီးပါပြီ။ ဟာလန်းက ဘရိုက်တန်နဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် ဒီရာသီ ပြိုင်ပွဲစုံ ဂိုး ၆၀ ပြည့်ဖို့ ခက်ခဲနိုင်လောက်ပါတယ်။
ဒါပေမယ့် စီတီဇန်တွေက ဖလားသုံးလုံးစိန်ခေါ်နေတာမို့လို့ ဒါဟာ သူနဲ့ ပက်ဂွာဒီယိုလာရဲ့ စိတ်ထဲရှိတဲ့ နောက်ဆုံးအရာ ဖြစ်ပါလိမ့မယ်။ ဖလားဖိုင်နယ် ၂ပွဲကို ငဲ့ကြည့်စရာ ရှိနေတာကြောင့် ဒီပွဲမှာ လူစာရင်းကို အများကြီး အပြောင်းအလဲ လုပ်လာမှာဖြစ်ပြီး ၂-၂ လောက် ဖြစ်သွားမယ်ထင်ပါတယ်။
ဂွမ်ဒိုဂန်က အသင်းကနေ ထွက်ခွာတော့မှာဖြစ်လို့ နောက်ရာသီမှာ ကယ်ဗင်ဖီးလစ်က အခွင့်အရေး ရနိုင်ပေမယ့် သူ့ရဲ့ လုပ်နိုင်စွမ်းကို သက်သေပြရပါဦးမယ်။ သူက ငယ်ငယ်လေးပဲ ရှိသေးပြီးတော့ ဒီနှစ် ဖလားသုံးလုံး ရသွားနိုင်ပါတယ်။ ဒါဆို ဘယ်အသင်းကိုများ ပြောင်းချင်ပါဦးမလဲ။ ” လို့ မာဆန်က ပြောဆို သုံးသပ်ထားပါတယ်။
ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်ကတော့ ဘရန့်ဖို့ဒ် 2-2 မန်ချက်စတာ စီးတီး ဖြစ်ပါတယ်။