အက်ဖ်အေဖလား ဖိုင်နယ်မှာ မန်ယူက မန်စီးတီးကို ဘယ်လို အနိုင်ယူသွားမလဲ ကြိုပြောလာတဲ့ ဝိန်းရွန်းနီ

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် တိုက်စစ်မှူး ဖြစ်သလို လက်ရှိမှာ မေဂျာလိဂ်ကလပ် ဒီစီ ယူနိုက်တက်ရဲ့ နည်းပြ ဖြစ်တဲ့ ဝိန်းရွန်းနီက အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ သူ့အသင်းဟောင်း မန်ယူက အသာရနိုင်တယ် လို့ ပြောဆိုလိုက်ပါတယ်။

လာမယ့် ဇွန်လ ၃ရက်နေ့ ည ၈နာရီခွဲ အချိန်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာ စီးတီး အသင်းတို့ဟာ ဝင်ဘာလေကွင်းကြီးမှာ အက်ဖ်အေဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာ စီးတီးတို့က ဒီရာသီ ပရီးမီးယားလိဂ် မှာ နှစ်ကြိမ် ယှဉ်ပြိုင် ကစား ထားရာမှာ လည်း နှစ်သင်းစလုံးက အိမ်ကွင်းပွဲတွေမှာ ကိုယ်စီ အနိုင်ရထားတာကြောင့် ကြားကွင်း ဖြစ်တဲ့ ဝင်ဘလေကွင်းထဲမှာ ယှဉ်ပြိုင် ကစားမယ့် ပွဲစဉ်မှာ ဘယ်အသင်းက အနိုင်ရသွားမလဲ ဆိုတာဟာ ခန့်မှန်းရ ခက်နေပါတယ်။

မန်ယူနိုက်တက်ရဲ့ ဂန္တဝင် တိုက်စစ်မှူး ဖြစ်သူ ဝိန်းရွန်းနီကတော့ အက်ဖ်အေဗိုလ်လုပွဲဟာ အချိန်ပိုနဲ့ ပင်နယ်တီ အထိ ရောက်ဖို့ ရာခိုင်နှုန်း များနေသလို မန်ချက်စတာ ယူနိုက်တက်က မန်ချက်စတာ စီးတီးကို အနိုင်ရလိမ့်မယ်လို့ ထင်မိကြောင်း ဆိုလာပါတယ်။

ဝိန်းရွန်းနီက – “ကျွန်တော်က အက်ဖ်အေဗိုလ်လုပွဲဟာ စိတ်လှုပ်ရှားစရာကောင်းမယ့်ပွဲ ဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော့်ရဲ့ အမြင်မှာတော့ ဒီဗိုလ်လုပွဲက အချိန်ပိုနဲ့ ပင်နယ်တီ အဆုံးအဖြတ် အထိ ရောက်သွားဖို့ ရှိပါတယ်။

ပြီးတော့ အကြောင်းပြချက် တချို့ကြောင့် ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်ဟာ အနိုင်ရသွားလိမ့်မယ်လို့ ထင်နေပါတယ်။ ကျွန်တော် ထင်သလို ဖြစ်လာဖို့လည်း မျှော်လင့်ထားပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

မန်ချက်စတာမြို့ခံ နှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ မန်ချက်စတာ စီးတီးတို့က ယခုနှစ် ဘောလုံးရာသီမှာ အင်္ဂလန်ရဲ့ ပြည်တွင်းဖလားတွေ ဖြစ်တဲ့ ကာရာဘောင်းဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို ကိုယ်စီ ကိုယ်စီ သိမ်းပိုက် ထားနိုင်တဲ့ အသင်းတွေ ဖြစ်ကြပြီး အက်ဖ်အေဖလားကို ကိုင်မြှောက်နိုင်တဲ့ အသင်းဟာ ပြည်တွင်းဖလား ၂လုံးကို တရာသီထဲနဲ့ ကိုင်မြှောက်ခွင့် ရမှာပဲ ဖြစ်ပါတယ်။