ဒီရာသီ ချန်ပီယံလိဂ်ဖလား သူတို့အသင်းရသင့်တာ၊ သူတို့ကမှ ထိုက်တန်တာ ဆိုလာတဲ့ PSG ကစားသမား

ပီအက်စ်ဂျီ အသင်းရဲ့ ဒီရာသီ ချန်ပီယံလိဂ်မှာ စိတ်ပျက်စရာ ကြုံခဲ့ရတာနဲ့ ပတ်သတ်ပြီး ဂိုးသမား ဒွမ်နာရာမာ က ရင်ဖွင့်လာခဲ့ပါတယ်။

ပြင်သစ်အင်အားကြီးကလပ်ဟာ ၁၆ သင်း ရှုံးထွက် အဆင့်မှာ ဘိုင်ယန်မြူးနစ်ကို ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။ ဘိုင်ယန်ကတော့ ဗိုလ်လုပွဲအထိ တက်လှမ်းသွားပြီ ဖြစ်ပြီး မန်စီးတီးနဲ့ ဖလား လုရတော့မှာပါ။

ပီအက်စ်ဂျီအသင်း ရှုံးထွက်အဆင့်တည်းကနေ ထွက်ခဲ့ရပေမယ့် ဒွမ်နာရာမာ ကတော့ သူ့အသင်းဟာ ချန်ပီယံလိဂ် ဗိုလ်စွဲဖို့ကို ထိုက်တန်တယ် လို့ ယုံကြည်နေပါတယ်။

” ရှိသမျှ အစွမ်းကုန် အားထုတ် ကြိုးပမ်းတာ အပြင် ဒီပြိုင်ပွဲမှာက ကံကောင်းဖို့လည်း နည်းနည်း လိုပါတယ်။ ကျနော်တို့ရဲ့ ပထမဆုံး ရှုံးထွက်ပွဲက ဖိုင်နယ်ပွဲ တစ်ပွဲလိုပါပဲ။ ဒီလိုပွဲဆိုတာ ၅၀-၅၀ အခွင့် အရေး ရှိတာပါ။ ဘယ်လို အခြေအနေ မျိုးမဆို ဖြစ်လာနိုင်တယ်။

ကျွန်တော်တို့က သူတို့ကို ပိုပြီး နာကျင်အောင် လုပ်နိုင်စွမ်း ရှိခဲ့တယ်။ အခုကတော့ နောင်တတွေပဲ ကျန်ခဲ့တာပါ။ ကံမကောင်းစွာပဲ ဒီလို ဖြစ်လာခဲ့ရတယ်။

ချန်ပီယံလိဂ် ဆိုတာက နှစ်တိုင်းမှာ တစ်သင်းပဲ ရနိုင်တယ်။ အသင်းတွေ အကုန်လုံးက ဒါကို ရယူဖို့ ဆာလောင်နေကြတာပါ။ ဘယ်လိုပဲ နေနေ ပဲရစ်က ဒီဖလား ရဖို့ ထိုက်တန်တယ်။ နောက်နှစ်ကျရင် ဒီဖလား ရဖို့ ကျွန်တော်တို့ လုပ်နိုင်တာ အလုံးစုံ လုပ်သွားမှာပါ။ ” လို့ ဒွမ်နာရာမာ က ပြောဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် တစ်ခုလုံး ဒီ ချန်ပီယံလိဂ်ကို ရဖို့ အသည်းအသန် ကြိုးစားခဲ့တာပါ။ ငွေကြေး ဘီလီယံနဲ့ ချီပြီး သွန်ချရင်းနှီးခဲ့ကာ အခုလို ဥရောပဖလား စိန်ခေါ်နိုင်တဲ့ လူစာရင်း ဖြစ်အောင် တည်ဆောက် ထားခဲ့ပါတယ်။ နေမာ၊ ဘတ်ပီ၊ ဒွမ်နာရာမာ တို့လို ကစားသမားတွေ အပါအဝင် ထိပ်သီးတွေချည်း ဦးအောင် ခေါ်ခဲ့တာ ဖြစ်ပါတယ်။

ပဲရစ်သားတွေ အနေနဲ့ နောက်ရာသီမှာ သူတို့ရဲ့ ဥရောပ ကျိန်စာဆိုးကို ချိုးဖျက်ကာ ချန်ပီယံလိဂ် အရယူဖို့ အခုတည်းက အားခဲထားနေပြီ ဖြစ်ပါတယ်။