အကောင်းဆုံး မန်နေဂျာ ဆုတွေ သိမ်းပိုက်သွားတဲ့ မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာ

ပက် ဂွါဒီယိုလာ ဟာ မန်စီးတီးကို ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်အောင် ဦးဆောင်ထားနိုင်တဲ့အပြင် ဖလား ၃ လုံးလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးထားနိုင်ပြီးနောက် လိဂ်မန်နေဂျာအဖွဲ့ချုပ်က ချီးမြှင့်တဲ့ တစ်နှစ်တာအကောင်းဆုံးမန်နေဂျာဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။

စပိန်လူမျိုးနည်းပြဟာ ပရီးမီးယားလိဂ်နည်းပြများရဲ့ မဲအဆုံးအဖြတ်ဖြင့် ရွေးချယ်ချီးမြှင့်တဲ့ Sir Alex Ferguson Trophy ကို တတိယအကြိမ်မြောက် ဆွတ်ခူးလာတာလည်း ဖြစ်ပါတယ်။

အသက် ၅၂ နှစ်ရှိ နည်းပြဟာ ၆ နှစ်အတွင်း ၅ ကြိမ်မြောက်နှင့် ၃ ကြိမ်ဆက် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်အောင် ဦးဆောင်ထားနိုင်တဲ့အပြင် အက်ဖ်အေဖလားဖလားဗိုလ်လုပွဲနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့လည်း ပို့ဆောင်ထားနိုင်ပါတယ်။

သူဟာ အက်ဖ်အေဖလားနှင့် ချန်ပီယံလိဂ်ဖလားတို့လည်း ဆွတ်ခူးလာနိုင်ပါက ဆာအဲလက်စ်ဖာဂူဆန်နောက်ပိုင်းတွင် ပထမဆုံး ၃ လုံး ရယူနိုင်တဲ့ ပထမဆုံးနည်းပြဖြစ်လာပါမယ်။

သူဟာ လိဂ်မန်နေဂျာအဖွဲ့ချုပ်ရဲ့ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ၃ ကြိမ်ဆွတ်ခူးထားနိုင်မှုနှင့်အတူ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ စံချိန်ကို လိုက်မီရန် ၂ ကြိမ်တည်းသာ လိုပါတော့တယ်။

ဒါ့အပြင် ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး နည်းပြဆုကိုလည်း ဆွတ်ခူးထားပါသေးတယ်။ တစ်လတာ အကောင်းဆုံး ဆုတွေ လွဲခဲ့တဲ့ ဂွါဒီယိုလာ အတွက်တော့ တစ်နှစ်တာ အကောင်းဆုံးနဲ့ သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

ချန်ပီယံရှစ် တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ချန်ပီယံဘန်လေအသင်းနည်းပြဗင်းဆင့်ကွန်ပနီနှင့် အမျိုးသမီး စူပါလိဂ် အကောင်းဆုံး နည်းပြဆုကို ချဲလ်ဆီးနည်းပြ အမ်မာဟာယက်စ် ဆွတ်ခူးသွားခဲ့ပါတယ်။

အမ်မာဟာယက်စ်ဟာ ချဲလ်ဆီးကို WSL အမှတ်ပေးဖလား ၄ ကြိမ်ဆက် ဆွတ်ခူးပေးထားနိုင်တဲ့အပြင် အက်ဖ်အေဖလားလည်း ရယူပေးထားနိုင်ပါတယ်။