ကန်ဆယ်လို ကို ဘာစီလိုနာ ရခါနီးမှ မန်စီးတီး က တားဆီးခဲ့ကြောင်း နည်းပြ ဇာဗီ ဖွင့်ချ

လာလီဂါ ကလပ် ဘာစီလိုနာ အသင်းက ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဂျွာအိုကန်ဆယ်လိုကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပေမယ့် မန်စီးတီးက အပြောင်းအရွှေ့ကိုတားဆီးခဲ့တာဖြစ်တယ်လို့ နည်းပြ ဇာဗီက ဖွင့်ဟခဲ့ပါတယ်။

ကန်ဆယ်လိုဟာ ဇန်နဝါရီမှာ ဘိုင်ယန်မြူးနစ်ထံ အငှားနဲ့ထွက်သွားခဲ့ပေမယ့် သူ့အနေနဲ့ ဘာစီလိုနာထံ ရောက်သွားနိုင်ခြေ ရှိခဲ့တာပါ။

ကတ်တလန်ဘီလူးတွေဟာ ပေါ်တူဂီသားအတွက် အပြောင်းအရွှေ့သဘောတူညီမှု ရခဲ့ပေမယ့် စီးတီးဟာ ၎င်းကို နျူးကမ့်ထံ ထွက်ခွာခွင့်မပေးဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရတယ်လို့ ဇာဗီက ပြန်ပြောပြခဲ့ပါတယ်။

“ကျွန်တော်တို့ ကန်ဆယ်လိုကို လိုချင်ခဲ့တယ်။ သူတို့က ကျွန်တော်တို့ဆီ သူ့ကို ကမ်းလှမ်းခဲ့တာပါ။ ကျွန်တော်တို့က အိုကေပေါ့။ အဆုံးသတ်မှာတော မန်စီးတီးက သူ့ကို ဘာဆာထံ မလာစေချင်ဘူးဆိုပြီး ပြောလိုက်ပါတယ်။ ဒါ အမှန်ပါပဲ”လို့ ဇာဗီက ဆိုပါတယ်။

ကန်ဆယ်လိုဟာ ဘိုင်ယန်ကို ဘွန်ဒက်စ်လီဂါဖလားရအောင် ကူညီပေးခဲ့ပြီး လိဂ် ၁၅ ပွဲမှာ ပါဝင်ကစားပေးခဲ့ပါတယ်။
ဒါပေမယ့် ဘိုင်ယန်ဟာ သူ့စာချုပ်ပါ ယူရိုသန်း၇၀နဲ့ အပြီးသတ် ဝယ်ယူခွင့်ကို အသုံးပြုမှာမဟုတ်တာကြောင့် သူ့အနာဂတ်က မရေမရာ ဖြစ်နေပါတယ်။

ဘာစီလိုနာက သူ့ကို အငှားခေါ်ယူချင်ပေမယ့် ဒီတစ်ကြိမ်မှာ စီးတီးက အပြောင်းအရွှေ့ကို တားဆီးဦမလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။