ယူနိုက္တက္ ကစားသမားေတြကိုပဲ မ်က္စိ က်ျပီးက်ေနတဲ့ အင္တာမီလန္
အင္တာမီလန္အသင္းဟာ ဒီတေလာနွစ္ေတြ အတြင္း မန္ခ်က္စတာ ယူနိုက္တက္ ကစားသမားေတြကိုပဲ မ်က္စိက်ျပီးရင္း က်ေနတယ္ ဆိုရမွပါ။ ျပီးခဲ့တဲ့ ေႏြအေျပာင္းအေရႊ႕က လူကာကူနဲ႕ ဆန္းခ်ုက္တို႔ နွစ္ေယာက္ကို ေခၚယူထားသလို လက္ရွိ ဇန္န၀ါရီမွာလည္း ထပ္မံျပီး အက္ရွ္ ေလ ယန္းကို ေခၚထားတဲ့ အျပင္ အေျပာင္းအေရႊ႔ မပိတ္ခင္ ေနာက္ထပ္ တစ္ဦး ေခၚဖို႔ ၾကိဳးစားလာျပန္ပါတယ္။
ဒီတေခါက္ အင္တာမီလန္ ခ်ိတ္ဆက္လာတာကေတာ့ ယူနိုက္တက္ ကြင္းလယ္ကစားသမား နီမန္ဂ်ာ မာတစ္ပဲ ျဖစ္ပါတယ္။ မာတစ္ဟာ လတ္တေလာမွာ ေျခစြမ္းက်ေနေပမယ့္ အသင္းမွာ ဒဏ္ရာရ ကစားသမား မ်ားလာတာေၾကာင့္ ပြဲကစားခြင့္ ျပန္လည္ရရွိေနပါတယ္။ မာတစ္က ဒီရာသီ ပြဲစဥ္ အမ်ားစုမွာ သာမန္ေျခစြမ္းေအာက္ ေရာက္ေနေပမယ့္ အသင္းမွာ ဒဏ္ရာရ ကစားသမားေတြ မ်ားေနတာေၾကာင့္ ဆိုးရွားကေတာ့ ေရာင္း မထုတ္လိုပါဘူး။
အင္တာမီလန္ ယူနိုက္တက္ကေန ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၇ဝ ေက်ာ္နဲ႔ ေခၚထားတဲ့ လူကာကူက စီးရီးေအမွာေတာ့ ေျခစြမ္းျပန္ ျပသေနကာ အင္တာ အတြက္ ျပိဳင္ပြဲစံု ၂၆ ပြဲ ကစားျပီး ၁၈ ဂိုး သြင္း ၄ ဂိုး ဖန္တီးေထာက္ပံ့ထားပါတယ္။ လူကာကူကေတာ့ အီတလီမွာ အေျခက်ျပီး ေပ်ာ္ရႊင္ေနပါျပီ။
ေနာက္တစ္ေယာက္ ျဖစ္တဲ့ တိုက္စစ္သမား ဆန္းခ်က္ကလည္း တစ္ရာသီ အငွားနဲ႕ အင္တာကို ေရာက္ရွိသြားခဲ့တာပါ။ ဆန္းခ်က္ကေတာ့ ဒဏ္ရာေတြနဲ႕ ဆက္လက္ ရုန္းကန္ေနရျပီး ၆ ပြဲသာ ပါ၀င္ကစားခဲ့ရပါေသးတယ္။ ထို ၆ ပြဲကေန ဆန္းခ်က္က ၁ ဂိုး သြင္း ၁ ဂိုး ဖန္တီးမႈေတာ့ ျပဳလုပ္ ထားနိုင္ခဲ့ပါတယ္။
အင္တာမီလန္က လက္ရွိ ဇန္န၀ါရီလထဲမွာပဲ ယူနိုက္တက္ အသင္းေခါင္းေဆာင္ အက္ရွ္ေလ ယန္းကို ေခၚယူသြားခဲ့ပါတယ္။ ယူနိုက္တက္မွာ ေျခစြမ္း မျပခဲ့ေပမယ့္ ယန္းဟာ အင္တာနဲ႕ ပြဲဦးထြက္မွာ တစ္ဂိုး ဖန္တီးမႈ ျပဳလုပ္ထားလို႔ တာထြက္လွျပီ ဆိုရမွာပါ။ ဇန္န၀ါရီ အေျပာင္းအေရႊ႕က ပိတ္ဖို႔ ရက္ပိုင္းမွ်သာ လိုေတာ့တာေၾကာင့္ အင္တာနည္းျပ ကြန္တီ အေနနဲ႕ ခပ္သြက္သြက္ တြန္းအားေပး လႈပ္ရွားနိုင္မလား ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။
Unicode – အင်တာမီလန်အသင်းဟာ ဒီတလောနှစ်တွေ အတွင်း မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေကိုပဲ မျက်စိကျပြီးရင်း ကျနေတယ် ဆိုရမှပါ။ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့က လူကာကူနဲ့ ဆန်းချုက်တို့ နှစ်ယောက်ကို ခေါ်ယူထားသလို လက်ရှိ ဇန်နဝါရီမှာလည်း ထပ်မံပြီး အက်ရှ် လေ ယန်းကို ခေါ်ထားတဲ့ အပြင် အပြောင်းအရွှေ့ မပိတ်ခင် နောက်ထပ် တစ်ဦး ခေါ်ဖို့ ကြိုးစားလာပြန်ပါတယ်။
ဒီတခေါက် အင်တာမီလန် ချိတ်ဆက်လာတာကတော့ ယူနိုက်တက် ကွင်းလယ်ကစားသမား နီမန်ဂျာ မာတစ်ပဲ ဖြစ်ပါတယ်။ မာတစ်ဟာ လတ်တလောမှာ ခြေစွမ်းကျနေပေမယ့် အသင်းမှာ ဒဏ်ရာရ ကစားသမား များလာတာကြောင့် ပွဲကစားခွင့် ပြန်လည်ရရှိနေပါတယ်။ မာတစ်က ဒီရာသီ ပွဲစဉ် အများစုမှာ သာမန်ခြေစွမ်းအောက် ရောက်နေပေမယ့် အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ များနေတာကြောင့် ဆိုးရှားကတော့ ရောင်း မထုတ်လိုပါဘူး။
အင်တာမီလန် ယူနိုက်တက်ကနေ ပြောင်းရွှေ့ကြေး ယူရိုသန်း ၇ဝ ကျော်နဲ့ ခေါ်ထားတဲ့ လူကာကူက စီးရီးအေမှာတော့ ခြေစွမ်းပြန် ပြသနေကာ အင်တာ အတွက် ပြိုင်ပွဲစုံ ၂၆ ပွဲ ကစားပြီး ၁၈ ဂိုး သွင်း ၄ ဂိုး ဖန်တီးထောက်ပံ့ထားပါတယ်။ လူကာကူကတော့ အီတလီမှာ အခြေကျပြီး ပျော်ရွှင်နေပါပြီ။
နောက်တစ်ယောက် ဖြစ်တဲ့ တိုက်စစ်သမား ဆန်းချက်ကလည်း တစ်ရာသီ အငှားနဲ့ အင်တာကို ရောက်ရှိသွားခဲ့တာပါ။ ဆန်းချက်ကတော့ ဒဏ်ရာတွေနဲ့ ဆက်လက် ရုန်းကန်နေရပြီး ၆ ပွဲသာ ပါဝင်ကစားခဲ့ရပါသေးတယ်။ ထို ၆ ပွဲကနေ ဆန်းချက်က ၁ ဂိုး သွင်း ၁ ဂိုး ဖန်တီးမှုတော့ ပြုလုပ် ထားနိုင်ခဲ့ပါတယ်။
အင်တာမီလန်က လက်ရှိ ဇန်နဝါရီလထဲမှာပဲ ယူနိုက်တက် အသင်းခေါင်းဆောင် အက်ရှ်လေ ယန်းကို ခေါ်ယူသွားခဲ့ပါတယ်။ ယူနိုက်တက်မှာ ခြေစွမ်း မပြခဲ့ပေမယ့် ယန်းဟာ အင်တာနဲ့ ပွဲဦးထွက်မှာ တစ်ဂိုး ဖန်တီးမှု ပြုလုပ်ထားလို့ တာထွက်လှပြီ ဆိုရမှာပါ။ ဇန်နဝါရီ အပြောင်းအရွှေ့က ပိတ်ဖို့ ရက်ပိုင်းမျှသာ လိုတော့တာကြောင့် အင်တာနည်းပြ ကွန်တီ အနေနဲ့ ခပ်သွက်သွက် တွန်းအားပေး လှုပ်ရှားနိုင်မလား စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။