ကိုဗာဆစ် ကို ခေါ်ယူရေး မန်စီးတီး ကို မီးစိမ်းပြလိုက်ပြီဖြစ်တဲ့ ချယ်ဆီးအသင်း

ချယ်ဆီးအသင်းဟာ ဒီနွေမှာ ကိုဗာဆစ်ကို ရောင်းချသွားတော့မှာဖြစ်ပြီး မန်စီးတီးကို ဝင်ရောက် ချိတ်ဆက်ဖို့ ခွင့်ပြုလိုက်ပြီလို့ The Athletic က ဖော်ပြသွားပါတယ်။

အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူကို ဘိုင်ယန်မြူးနစ်ကလည်း စိတ်ဝင်စားပေမယ့် မန်စီးတီးက ပိုမို ခြေလှမ်းသွက်နေခဲ့တာပါ။ ကလပ်နှစ်သင်းကြား ကနဦး စကားပြောမှုတွေ စတင်နေပြီဖြစ်ပေမယ့် ကစားသမားအတွက် ပြောင်းရွှေ့ကြေးကိုတော့ အခုချိန်ထိ မဆုံးဖြတ်ရသေးပါဘူး။

စတမ်းဖိုဒ့်ဘရစ်ချ်နဲ့ စာချုပ် ၁ နှစ်ပဲကျန်တဲ့ ကိုဗာဆစ်ဟာ ၂၀၁၈ မှာ ရီးရဲလ်ကနေ ချယ်ဆီးထံ အငှားဖြင့် ပြောင်းလာပြီး နောက်ရာသီမှာ ပေါင် ၄၅ သန်းဖြင့် အပြီးသတ် ပြောင်းရွှေ့ခဲ့သူပါ။

သူဟာ ချယ်ဆီးမှာတော့ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ယူအီးအက်ဖ်အေ စူပါဖလားနဲ့ ကလပ်ကမ္ဘာ့ဖလားတို့ကို အောင်မြင်ခဲ့ပါတယ်။

ချယ်ဆီးက ဒီနွေမှာ ထိပ်တိန်း တိုက်စစ်မှုး အပါအဝင် ကစားသမားကောင်းတွေ ပြန် ဝယ်ယူဖို့ စီစဉ်ထားတယ်။ ဒါပေမယ့်လို့ ဒီရာသီ အပြောင်းအရွှေ့မှာ ပေါင် သန်း ၆၀၀ ကျော် သုံးထားတာမို့ ဘဏ္ဍာရေး စည်းမျဉ်းတွေအောက်က အလုပ်လုပ်နိုင်အောင် ကစားသမားများစွာကို ရောင်းထုတ်ရဖို့ ရှိနေပါတယ်။

ဖီးလစ်ကို အက်သလက်တီကို ဇာကရီယာကို ဂျူဗင်တပ်ထံ ပြန်ပို့မယ့် ချယ်ဆီးဟာ အူဘာမီးယန်း၊ ဇီယက်၊ ပူလီဆစ်၊ မန်ဒီ၊ အိုဒွိုင်းတို့ကို ရောင်းချမှာ ဖြစ်ပါတယ်။ ကွင်းလယ်လူ ကန်တေးရဲ့ အနာဂတ်လည်း မသေချာသေးပါဘူး။

ဒီနွေမှာ ကိုဗာဆစ်၊ ဂါလယ်ဂါ၊ ချာလိုဘတ်၊ လော့ဖ်တပ်ချိခ် တို့ကို ခေါ်ယူချင်တဲ့ အသင်းတွေ ရှိနေပြီး မောင့်ကတော့ ပရီးမီးယားလိဂ် အသင်းကြီးတွေ ဝိုင်းနေတဲ့ အင်္ဂလန်သား ဖြစ်ပါတယ်။