အင်တာကို မဖြစ်မနေ အနိုင်ကန်ပြီး ချန်ပီယံလိဂ် ဖလား ယူဖို့ မန်စီးတီး ဖိအားတွေ ရှိနေ

မန်စီးတီး အသင်း အနေနဲ့ ဖလား ၃ လုံးချန်ပီယံဖြစ်ဖို့ ဖိအားတွေများနေတာဖြစ်ပြီး အင်တာကို မဖြစ်မနေ အနိုင်ကန် ရမှာ ဖြစ်ပါတယ်။

စီးတီးနဲ့ အင်တာတို့ဟာ ဇွန်လ ၁၀ ရက်နေ့ အစ္စတန်ဘူလ်မှာ ရင်ဆိုင်ကြမှာဖြစ်ပြီး စီးတီးအတွက် ဖလား ၃ လုံးချန်ပီယံဖြစ်ဖို့ အခွင့်အရေးရှိနေတာဖြစ်ပါတယ်။

“ချန်ပီယံလိဂ်အပြင် ဖလား ၃ လုံးချန်ပီယံဖြစ်နိုင်တယ်လို့ အချက်အလက်တွေက ဆိုနေကြပါတယ်။ ကျွန်တော်တို့ အက်ဖ်အေနဲ့ ပရီးမီးယားလိဂ်ရထားပြီးပါပြီ။ လူတိုင်းအဲ့တာကို သိပါတယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့ရာသီတွေကို ဖြတ်သန်းခဲ့ပြီးပါပြီ။ ပရီးမီးယားလိဂ် ၅ ကြိမ်၊ အက်ဖ်အေ ၂ ကြိမ်နဲ့ ကာရာဘောင်ဖလား ၂ ကြိမ်ရထားပါတယ်။

ဒါပေမယ့် အသင်းကောင်းတစ်သင်း အနေနဲ့ အသိအမှတ်ပြုခံရဖို့ ချန်ပီယံလိဂ်အောင်မြင်မှုလိုအပ်ပါတယ်။ ကျွန်တော်တို့ ဝန်ခံပါတယ်။ ချန်ပီယံလိဂ်မရသေးတာကို ဝန်ခံသလို အဲ့တာက ပျော်စရာကောင်းမှာဖြစ်ပြီး ကျွန်တော်တို့ လိုအပ်နေတဲ့အရာပါ။

ဒီနှစ်တွေမှာ ကစားသမားတွေကို အများကြီးချီးကျူးရမှာပါ။ ဒါပေမယ့် ကျွန်တော်ပြောသလို မင်းအနေနဲ့ ဖိအားတွေကို ကိုယ်တိုင်မတင်မိစေဖို့ လိုအပ်ပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

စီးတီးက အခုတစ်ကြိမ်မှာ ချန်ပီယံလိဂ်ရဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး အင်တာက စီးတီးလောက်ရေပန်းစားမှု မရှိနေပါဘူး။ အင်တာဟာ ချန်ပီယံလိဂ် ၃ ကြိမ်ရရှိထားခဲ့တာ ဖြစ်ပြီး ၂၀၁၀တုန်းက ဖလား ၃ လုံးချန်ပီယံဖြစ်ခဲ့တာ ဖြစ်ပါတယ်။

စီးတီးကတော့ အခုနောက်ပိုင်းနှစ်တွေမှာ ငွေသုံးကြမ်းပြီး ကစားသမားကောင်းတွေနဲ့ အသင်းကို တည်ဆောက် နေခဲ့တာဖြစ်ပြီး သူတို့ ၂ သင်းထိပ်တိုက်တွေ့မှုက တော်တော်လေးကြည့်ကောင်းဖွယ် ရှိနေပါတယ်။