မာတင္နယ္လီကို သေဘာက်လည္း အလြန္အကၽြံ မခ်ီးက်ဴးၾကဖို႔ အာတီတာ သတိေပး
ျပီးခဲ့တဲ့ ေႏြကမွ ေျပာင္းေရႊ႕ေၾကး ေပါင္ ၇ သန္းမွ်နဲ႕ ဘရာဇီးလ္ ဒုတိယတန္းကလပ္ကေန အာဆင္နယ္သို႔ ေရာက္လာခဲ့တဲ့ မာတင္နယ္လီဟာ အမ်ား ေမွ်ာ္လင့္ထားတာထက္ မ်ားစြာ ေက်ာ္လြန္ေအာင္ အစြမ္းျပျပီး ဂိုးေတြ သြင္းထားပါတယ္။ ငယ္ရြယ္ေပမယ့္ ၄င္းရဲ႕ ပါးနပ္ ျဖတ္လတ္မႈနဲ႕ ပြဲထဲမွာ ရွိန္မေနဘဲ ဆံုးျဖတ္ခ်က္ ရဲရင့္တာေတြက အထင္ၾကီးေလာက္ဖြယ္ ျဖစ္ပါတယ္။
အာဆင္နယ္ နည္းျပ အာတီတာကလည္း မာတင္နယ္လီရဲ႕ ေျခစြမ္းကို အထင္ၾကီး သေဘာက်သူပါ။ ဒါေပမယ့္ ငယ္ရြယ္ေသးတဲ့ ဘရာဇီးသားေလးကို အလြန္အကၽြံ ခ်ီးက်ဴးေျမွာက္စားမိၾကမွာလည္း စပိန္သားၾကီးက စိုးရိမ္ေနပါတယ္။
” က်ေနာ္ကေတာ့ လက္ရွိ အေနအထားထက္ လူငယ္ကစားသမား တစ္ေယာက္ ျဖစ္လို႔ မာတငန္နယ္လီနဲ႕ အနာဂတ္ကို ေတြးျပီး ေျပာခ်င္ပါတယ္။ အာဆင္နယ္ ၾကံဳေနရတဲ့ အေျခအေနကလည္း မာတင္နယ္လီကို ပိုမို ေတာက္ပေစတဲ့ အဓိက အခ်က္ ျဖစ္လာခဲ့တယ္။
က်ေနာ္ကေတာ့ သူ႔ကို ေန႔တိုင္းပဲ ေကာင္းေကာင္းေလ့က်င့္ရင္း ခ်ီးက်ဴးမႈေတြ ျဖည္းျဖည္းပဲ ခံယူသြားေစခ်င္တယ္။ တစ္ရက္ နွစ္ရက္ေလာက္ ေျခစြမ္းျပတာ မဟုတ္ဘဲ အျမဲတမ္း ဒီေျခစြမး္နဲ႕ တည္တည္ျငိမ္ျငိမ္ အစြမ္းျပေစခ်င္တာပါ။ ” လို႔ အာတီတာက ေျပာဆိုလိုက္ပါတယ္။
မာတင္နယ္လီဟာ ဒီရာသီ အာဆင္နယ္အတြက္ ျပိဳင္ပြဲစံု ၂၁ ပြဲ ပါ၀င္ကစားထားကာ ၁၀ ဂိုး သြင္းထားပါတယ္။ တိုက္စစ္မွဴး အူဘာမီးယန္း မပါ၀င္နုိင္္ခ်ိန္ ေနာက္ဆံုး ပါ၀င္ထားတဲ့ ပရီးမီးယားလိဂ္ နွစ္ပြဲဆက္လည္း ဂိုးေတြ သြင္းယူထားတာပါ။ ဒါေၾကာင့္ ဘရာဇီးသားေလး အေပၚ ခ်ီးက်ဴးမႈမ်ား ဒီတေလာ ပိုမို က်ယ္ေလာင္လာတာ ျဖစ္ပါတယ္။
မာတင္နယ္လီကို အသင္းေဖာ္ေတြနဲ႕ နည္းျပ အာတီတာတင္ သာမက လီဗာပူးအသင္း နည္းျပ ကေလာ့ပ္ကလည္း ခ်ီးက်ဴးထားျပီး ဆယ္စုနွစ္ တစ္ခု အတြင္း အေကာင္းဆံုး ပါရမီရွင္ ကစားသမားလို႔ ညႊန္းဆိုထားပါတယ္။ ဘရာဇီး ဂႏၱ၀င္တစ္ဦး ျဖစ္တဲ့ ေရာ္နယ္ဒင္ဟိုကလည္း မာတင္နယ္လီက တခ်ိန္မွာ ကမၻာ့အေကာင္းဆံုး ကစားသမား ျဖစ္လာျပီး ဘရာဇီး ဂႏၱ၀င္လည္း ျဖစ္လာလိမ့္မယ္လို႔ ေဟာကိန္း ထုတ္ထားပါတယ္။
Unicode – ပြီးခဲ့တဲ့ နွေကမှ ပြောင်းရွှေ့ကြေး ပေါင် ၇ သန်းမျှနဲ့ ဘရာဇီးလ် ဒုတိယတန်းကလပ်ကနေ အာဆင်နယ်သို့ ရောက်လာခဲ့တဲ့ မာတင်နယ်လီဟာ အများ မျှော်လင့်ထားတာထက် များစွာ ကျော်လွန်အောင် အစွမ်းပြပြီး ဂိုးတွေ သွင်းထားပါတယ်။ ငယ်ရွယ်ပေမယ့် ၎င်းရဲ့ ပါးနပ် ဖြတ်လတ်မှုနဲ့ ပွဲထဲမှာ ရှိန်မနေဘဲ ဆုံးဖြတ်ချက် ရဲရင့်တာတွေက အထင်ကြီးလောက်ဖွယ် ဖြစ်ပါတယ်။
အာဆင်နယ် နည်းပြ အာတီတာကလည်း မာတင်နယ်လီရဲ့ ခြေစွမ်းကို အထင်ကြီး သဘောကျသူပါ။ ဒါပေမယ့် ငယ်ရွယ်သေးတဲ့ ဘရာဇီးသားလေးကို အလွန်အကျွံ ချီးကျူးမြှောက်စားမိကြမှာလည်း စပိန်သားကြီးက စိုးရိမ်နေပါတယ်။
” ကျနော်ကတော့ လက်ရှိ အနေအထားထက် လူငယ်ကစားသမား တစ်ယောက် ဖြစ်လို့ မာတငန်နယ်လီနဲ့ အနာဂတ်ကို တွေးပြီး ပြောချင်ပါတယ်။ အာဆင်နယ် ကြုံနေရတဲ့ အခြေအနေကလည်း မာတင်နယ်လီကို ပိုမို တောက်ပစေတဲ့ အဓိက အချက် ဖြစ်လာခဲ့တယ်။
ကျနော်ကတော့ သူ့ကို နေ့တိုင်းပဲ ကောင်းကောင်းလေ့ကျင့်ရင်း ချီးကျူးမှုတွေ ဖြည်းဖြည်းပဲ ခံယူသွားစေချင်တယ်။ တစ်ရက် နှစ်ရက်လောက် ခြေစွမ်းပြတာ မဟုတ်ဘဲ အမြဲတမ်း ဒီခြေစွမ်းနဲ့ တည်တည်ငြိမ်ငြိမ် အစွမ်းပြစေချင်တာပါ။ ” လို့ အာတီတာက ပြောဆိုလိုက်ပါတယ်။
မာတင်နယ်လီဟာ ဒီရာသီ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၂၁ ပွဲ ပါဝင်ကစားထားကာ ၁၀ ဂိုး သွင်းထားပါတယ်။ တိုက်စစ်မှူး အူဘာမီးယန်း မပါဝင်နိုင်ချိန် နောက်ဆုံး ပါဝင်ထားတဲ့ ပရီးမီးယားလိဂ် နှစ်ပွဲဆက်လည်း ဂိုးတွေ သွင်းယူထားတာပါ။ ဒါကြောင့် ဘရာဇီးသားလေး အပေါ် ချီးကျူးမှုများ ဒီတလော ပိုမို ကျယ်လောင်လာတာ ဖြစ်ပါတယ်။
မာတင်နယ်လီကို အသင်းဖော်တွေနဲ့ နည်းပြ အာတီတာတင် သာမက လီဗာပူးအသင်း နည်းပြ ကလော့ပ်ကလည်း ချီးကျူးထားပြီး ဆယ်စုနှစ် တစ်ခု အတွင်း အကောင်းဆုံး ပါရမီရှင် ကစားသမားလို့ ညွှန်းဆိုထားပါတယ်။ ဘရာဇီး ဂန္တဝင်တစ်ဦး ဖြစ်တဲ့ ရော်နယ်ဒင်ဟိုကလည်း မာတင်နယ်လီက တချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာပြီး ဘရာဇီး ဂန္တဝင်လည်း ဖြစ်လာလိမ့်မယ်လို့ ဟောကိန်း ထုတ်ထားပါတယ်။