ပက္ဘလိုမာရီကို အရေခၚယူဖို႔ အာဆင္နယ္ ဘုတ္အဖြဲ႕အား ျပိဳင္ဘက္ကစားသမားေဟာင္းရဲ႕ တိုက္တြန္းမႈ
အာဆင္နယ္ရဲ႕ မဟာျပိဳင္ဘက္ မန္ခ်က္စတာယူနုိက္တက္ အသင္းမွ ျဖစ္ေပမယ့္ ရီယို ဖာဒီနန္က အာဆင္နယ္ရဲ႕ အေျပာင္းအေရႊ႕ လႈပ္ရွားမႈ အေပၚ အားမရ ျဖစ္ေနကာ အေျပာင္းအေရႊ႕ ေအာင္ျမင္လုနီးမွ အဆင္မေျပ ျဖစ္သြားတဲ့ ဖလာမန္ဂို ခံစစ္မွဴး ပက္ဘလိုမာရီကို အရ ေခၚယူသင့္ေၾကာင္း အာဆင္နယ္ ဘုတ္အဖြဲ႕အား တိုက္တြန္းလိုက္ပါတယ္။
အာဆင္နယ္ရဲ႕ ခံစစ္ပိုင္းက ယိုယြင္းေနတဲ့ အျပင္ ဒဏ္ရာ ျပသနာမ်ားကပါ ၾကား၀င္လာတာေၾကာင့္ အေျပာင္းအေရႊ႕ ပိတ္ခါနီးမွာ အမွီ လႈပ္ရွားဖို႔ လိုေနတာ အမွန္ ျဖစ္ပါတယ္။ အသင္းတိုက္စစ္က လိုအပ္တဲ့ ဂိုးမ်ား အျမဲ ရေအာင္ သြင္းေပးေနေပမယ့္ ခံစစ္ကေတာ့ ဂိုးေတြ လြယ္လြယ္ ေပးေနရဆဲပါ။
ပက္ဘလို မာရီက အာဆင္နယ္ အားကစားဒါရိုက္တာ အီဂ်ဴနဲ႕ အတူ လန္ဒန္သို႔ ေရာက္ရွိခဲ့ျပီး ေဆးစစ္မႈလည္း ခံယူခဲ့ပါတယ္။ ဒါေပမယ့္ သေဘာတူညီခ်က္ထဲက အခ်က္အလက္မ်ား အာဆင္နယ္ ေျပာင္းလဲဖို႔ ၾကိဳးစားခဲ့တယ္ ဆိုတဲ့ သတင္းထြက္ေပၚလာျပီး ကစားသမားကလည္း ဘရာဇီးသို႔ ျပန္သြားခဲ့ရျပီ ျဖစ္ပါတယ္။
ဖလာမန္ဂို အသင္းဘက္က တင္းမာေနေပမယ့္ ကစားသမားကေတာ့ အာဆင္နယ္ထံ ေျပာင္းေရႊ႕လိုေနဆဲ ျဖစ္ျပီး ကလပ္အသင္းအေပၚ ဖိအားေပးေနဆဲ ျဖစ္ပါတယ္။ ဖာဒီနန္ကေတာ့ အာဆင္နယ္ မာရီကို ရေအာင္ေခၚဖို႔ တိုက္တြန္းခနဲ့ပါတယ္။
” ပက္ဘလို မာရီလို ကစားသမားက အာတီတာ လိုခ်င္တဲ့ ကစားသမားမ်ိဳးလို႔ က်ေနာ္ ထင္ပါတယ္။ သူသာ အာဆင္နယ္ ေရာက္လာရင္ ခံစစ္အတြက္ အကူအညီ ျဖစ္မွာပါ။ ဒါေၾကာင့္ ထိုက္သင့္တဲ့ ပိုက္ဆံကို အာဆင္နယ္က ခ်က္ခ်င္း ထုတ္သံုးျပီး အရ ေခၚယူသင့္ပါတယ္။ ” လို႔ ဖာဒီနန္က တိုက္တြန္း ေျပာဆိုခဲ့ပါတယ္။
လက္ရွိ ေဘာလံုးရာသီမွာ ပရီးမီးယားလိဂ္ အသင္းၾကီး ၆ သင္းထဲ အာဆင္နယ္ ခံစစ္က အင္အား အနည္းဆံုး ျဖစ္ျေနျပီး ေနာက္ဆံုး ၃ ရာသီဆက္လည္း ဂိုး ၄၀ အထက္ ခြင့္ျပဳထားရပါတယ္။ ေလာေလာဆယ္ ခံစစ္မွဴး ခ်မ္ဘာစ္လည္း ရာသီကုန္ထိ နားရမယ့္ ျပင္းထန္တဲ့ ဒူးဒဏ္ရာ ရွိထားတဲ့ အျပင္ မူစတာဖီကလည္း ဘုန္းေမာက္နဲ႕ ပြဲမွာ ေျခက်င္း၀တ္ ထိသြားခဲ့တာေၾကာင့္ အာဆင္နယ္ အတြက္ ပိုၾကပ္တည္းတဲ့ အေနအထား ရင္ဆိုင္ေနရပါတယ္။
Unicode – အာဆင်နယ်ရဲ့ မဟာပြိုင်ဘက် မန်ချက်စတာယူနိုက်တက် အသင်းမှ ဖြစ်ပေမယ့် ရီယို ဖာဒီနန်က အာဆင်နယ်ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှု အပေါ် အားမရ ဖြစ်နေကာ အပြောင်းအရွှေ့ အောင်မြင်လုနီးမှ အဆင်မပြေ ဖြစ်သွားတဲ့ ဖလာမန်ဂို ခံစစ်မှူး ပက်ဘလိုမာရီကို အရ ခေါ်ယူသင့်ကြောင်း အာဆင်နယ် ဘုတ်အဖွဲ့အား တိုက်တွန်းလိုက်ပါတယ်။
အာဆင်နယ်ရဲ့ ခံစစ်ပိုင်းက ယိုယွင်းနေတဲ့ အပြင် ဒဏ်ရာ ပြသနာများကပါ ကြားဝင်လာတာကြောင့် အပြောင်းအရွှေ့ ပိတ်ခါနီးမှာ အမှီ လှုပ်ရှားဖို့ လိုနေတာ အမှန် ဖြစ်ပါတယ်။ အသင်းတိုက်စစ်က လိုအပ်တဲ့ ဂိုးများ အမြဲ ရအောင် သွင်းပေးနေပေမယ့် ခံစစ်ကတော့ ဂိုးတွေ လွယ်လွယ် ပေးနေရဆဲပါ။
ပက်ဘလို မာရီက အာဆင်နယ် အားကစားဒါရိုက်တာ အီဂျူနဲ့ အတူ လန်ဒန်သို့ ရောက်ရှိခဲ့ပြီး ဆေးစစ်မှုလည်း ခံယူခဲ့ပါတယ်။ ဒါပေမယ့် သဘောတူညီချက်ထဲက အချက်အလက်များ အာဆင်နယ် ပြောင်းလဲဖို့ ကြိုးစားခဲ့တယ် ဆိုတဲ့ သတင်းထွက်ပေါ်လာပြီး ကစားသမားကလည်း ဘရာဇီးသို့ ပြန်သွားခဲ့ရပြီ ဖြစ်ပါတယ်။
ဖလာမန်ဂို အသင်းဘက်က တင်းမာနေပေမယ့် ကစားသမားကတော့ အာဆင်နယ်ထံ ပြောင်းရွှေ့လိုနေဆဲ ဖြစ်ပြီး ကလပ်အသင်းအပေါ် ဖိအားပေးနေဆဲ ဖြစ်ပါတယ်။ ဖာဒီနန်ကတော့ အာဆင်နယ် မာရီကို ရအောင်ခေါ်ဖို့ တိုက်တွန်းခနဲ့ပါတယ်။
” ပက်ဘလို မာရီလို ကစားသမားက အာတီတာ လိုချင်တဲ့ ကစားသမားမျိုးလို့ ကျနော် ထင်ပါတယ်။ သူသာ အာဆင်နယ် ရောက်လာရင် ခံစစ်အတွက် အကူအညီ ဖြစ်မှာပါ။ ဒါကြောင့် ထိုက်သင့်တဲ့ ပိုက်ဆံကို အာဆင်နယ်က ချက်ချင်း ထုတ်သုံးပြီး အရ ခေါ်ယူသင့်ပါတယ်။ ” လို့ ဖာဒီနန်က တိုက်တွန်း ပြောဆိုခဲ့ပါတယ်။
လက်ရှိ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် အသင်းကြီး ၆ သင်းထဲ အာဆင်နယ် ခံစစ်က အင်အား အနည်းဆုံး ဖြစ်ြနေပြီး နောက်ဆုံး ၃ ရာသီဆက်လည်း ဂိုး ၄၀ အထက် ခွင့်ပြုထားရပါတယ်။ လောလောဆယ် ခံစစ်မှူး ချမ်ဘာစ်လည်း ရာသီကုန်ထိ နားရမယ့် ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရှိထားတဲ့ အပြင် မူစတာဖီကလည်း ဘုန်းမောက်နဲ့ ပွဲမှာ ခြေကျင်းဝတ် ထိသွားခဲ့တာကြောင့် အာဆင်နယ် အတွက် ပိုကြပ်တည်းတဲ့ အနေအထား ရင်ဆိုင်နေရပါတယ်။