မန်စီးတီးနဲ့အတူ အလိုချင်ဆုံးသော ချန်ပီယံလိဂ် ဆုဖလား ရခဲ့ပြီးနောက် ဂွာဒီယိုလာ အနာဂတ် ဘယ်လိုလဲ

နည်းပြ ပက်ဂွာဒီယိုလာဟာ သမိုင်းဝင် ဖလားသုံးလုံး အောင်မြင်မှု ရယူပေးခဲ့ပြီးနောက် မန်စီးတီးကနေ ထွက်ခွာသွားဖို့ ဆန္ဒ မရှိသေးပါဘူး။

ဂွာဒီယိုလာဟာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အဖြေပေးဖို့ ငြင်းဆန်ခဲ့ပေမယ့် အသင်းကနေ ထွက်ခွာဖို့မရှိနေပဲ စာချုပ် လက်ကျန် ၂နှစ်ကုန်တဲ့အထိ ဆက်နေသွားချင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူဟာ မန်ချက်စတာ စီးတီး အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ရှိနေတာနဲ့အတူ ဒီနွေရာသီမှာ အပြောင်းအရွှေ့ ဈေးကွက်ထဲ ရှာဖွေသွားမှာ ဖြစ်ပါတယ်။

အသင်းကနေ ထွက်ခွာရနိုင်တဲ့ ကစားသမားတစ်ယောက်ကတော့ ဒီရာသီမှာ နည်းပြနဲ့ အဆင်မပြေဖြစ်ခဲ့တဲ့ ဂျွာအို ကန်ဆယ်လိုပါ။

စီးတီးရဲ့နွေအပြောင်းအရွှေ့ပစ်မှတ်တွေက ဂျော့စကို ဂဗာဒီအိုလ်နဲ့ မတ်တီယို ကိုဗာဆစ်တို့ ပါဝင်ပါတယ်။

ဂွာဒီယိုလာ ဟာ ၂၀၂၅ နွေရာသီပြီးရင်တော့ မန်စီးတီး အသင်းမှာ ဆက်မနေလောက်တော့ပါဘူး။ လက်ရှိ စာချုပ်ကုန်သွားရင် တခြား တစ်နေရာကို ဦးတည် ပြောင်းရွှေ့သွားဖွယ် ရှိနေပါတယ်။

လက်ရှိ ကလပ်မှာ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်တယ်ဆိုပြီး စွဲချက် ၁၀၀ ကျော် ရှိပေမယ့် ဒီကိစ္စကို ဘယ်တော့ စစ်ဆေးဆုံးဖြတ်မလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။