မန်စီးတီးရဲ့ ဒီရာသီ ဆုဖလား ၃ လုံးရရှိမှုကို မက်ဆီရဲ့ ကမ္ဘာ့ဖလား ချန်ပီယံ အောင်မြင်မှုနဲ့ ခိုင်းနှိုင်း
မန်ချက်စတာ စီးတီး အသင်းဟာ ၂၀၂၂-၂၃ ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့သလို အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ် ဖလားတွေကိုပါ အနိုင်ရရှိပြီး တွင် သမိုင်းဝင် ဆုဖလား ၃ လုံးကို ရရှိခဲ့ပြီဖြစ်ပါတယ်။
ဂွါဒီယိုလာကတော့ ၂၀၁၁ ခုနှစ်နောက်ပိုင်း ဥရောပဘောလုံးလောကရဲ့ အမြင့်ဆုံးဆုကို ပထမဆုံးအကြိမ် ရရှိခဲ့တာဖြစ်ပြီး မန်ချက်စတာမှာ မျှော်လင့်ထားသလို လုပ်ပြနိုင်ခဲ့ပြီဖြစ်ပါတယ်။
အီသီဟတ်ကွင်းကြီးမှာ ပြီးပြည့်စုံတဲ့အရာကို လုပ်ခဲ့ပြီဖြစ်တယ်လို့ ဝန်ခံခဲ့ပြီး အဆိုပါခံစားချက်ကို ပီလီနဲ့ မာရာဒိုနာ တို့ပြီးနောက် အဆိုပါ ဂန္တဝင်ကြီးတွေအတိုင်းလုပ်နိုင်ခဲ့တဲ့ ကာတာမှာ ကမ္ဘာ့ဖလားရရှိခဲ့တဲ့ မက်ဆီနှင့် ခိုင်းနှိုင်းခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာမှာ မက်ဆီနှင့် လက်တွဲခဲ့စဉ် အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ ဂွါဒီယိုလာက အာဂျင်တီးနားသတင်းစာဖြစ်တဲ့ Ole နဲ့ အခုလို ပြောဆိုခဲ့ပါတယ်။
ဂွာဒီယိုလာ “အလုပ်ပြီးမြောက်သွားပြီလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် လီယိုနဲ့ သိပ် မယှဉ်ချင်ပေမယ့် သူ့မှာ ကမ္ဘာ့ဖလားဆိုတဲ့ ပုံရိပ်ရှိနေတာကြောင့် ခင်ဗျားတို့က ဒါပဲ လို့ ပြောကြမှာပါ” လို့ ပြောပါတယ်။
ဂွါဒီယိုလာဟာ မက်ဆီလို ဂုဏ်ယူစရာကိစ္စတွေနဲ့ အလှမ်းဝေးခဲ့တာကြောင့် အဆင်မပြေတဲ့မေးခွန်းတွေကို ရင်ဆိုင် ခဲ့ရကာ ဒီလိုအောင်မြင်မှုကို ရှာဖွေဖို့ သူ့အနေနဲ့ ခက်ခဲခဲ့ကြောင်း စပိန်သားနည်ပြက ဝန်ခံထားပါတယ်။
သူက “ဟုတ်ပါတယ်။ ဒါပေမဲ့ အရင်နှစ် ချန်ပီယံလိဂ်တွေမှာ ဥပမာအားဖြင့် ကျွန်တော်တို့က ချဲလ်ဆီး ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်တို့ကို ဆီမီးဖိုင်နယ်တွေမှာ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒီနှစ်မှတောင် ခံခဲ့ရတာတွေရှိပါတယ်”
“ဒါပေမဲ့ အဆုံးသတ်မှာ လုပ်နိုင်ခဲ့တာကြောင့် ဒီနေ့ အရမ်းကိုပျော်ခဲ့ပါတယ်။ အင်တာမီလန်က ကျွန်တော်တို့ရဲ့ ယှဉ်ကစားနိုင်ခဲ့တာကြောင့် ကျွန်တော်တို့အသင်းက ရှုံးပွဲတောင်တွေ့နိုင်ခဲ့ပါတယ်။ အဲ့လိုဖြစ်ခဲ့ရင် ဒီအင်တာဗျူးကိုလည်း လုပ်နိုင်မှာ မဟုတ်သလို ပျော်ရွင်ရမှာလည်း မဟုတ်ပါဘူး” လို့ ပြောပါတယ်။
ဂွါဒီယိုလာကတော့ သူ့ရဲ့ ကစားသမားတွေကို တောင်းဆိုမှုများပြုလုပ်ထားပြီး မန်စီးတီးဟာ ၂၀၂၃-၂၄ ရာသီမှာ ယူအီးအက်ဖ်အေ စူပါဖလားနှင့် ဖီဖာကလပ်ကမ္ဘာ့တို့ကို ရရှိနိုင်သေးတာဖြစ်ကာ အဆိုပါပွဲစဉ်တွေကို ကစားရမှာ ဖြစ်ပါတယ်။