ဖလားစိန်ခေါ်ဖို့ သွေးမအေးအောင် အဓိက ကစားသမား ဒါဇင်ဝက်ကို ရောင်းထုတ်မယ့် မန်စီးတီး

မန်ချက်စတာစီးတီးဟာ ဒီနွေစျေးကွက်ကို အရှိန်ဖြင့် ထိုးဖောက်ဖို့ ပြင်ဆင်နေတဲ့ ကလပ်တွေထဲက တစ်သင်းဖြစ်ပြီး အဓိက ကျောရိုးတွေ နေရာ အပြောင်းအလဲ ပြုလုပ်တော့မှာပါ။
ဒီနွေမှာ စိန်ခေါ်မှု အသစ်တွေအတွက် အပြောင်းအလဲ မပြုလုပ်ရင် အနာဂတ်မှာ စီးတီးဟာ ပြိုင်ဘက်တွေရဲ့ နောက်ကောက်ချခြင်းကို ရင်ဆိုင်ရမယ်လို့ ဂွာဒီယိုလာက မြင်ပါတယ်။
အင်္ဂလန်အသင်းတွေထဲမှာ ဒုတိယမြောက် ကလပ်အဖြစ် ဖလား ၃ လုံး အောင်မြင်ထားတဲ့ အသင်းသားတွေကို နည်းပြအဖွဲ့က နောက်ထပ် လုံ့ဆော်မှုတွေ ထပ်ပေးနိုင်ရေးမှာ သွေးသစ်တွေ ပါဝင်လာဖို့ လိုအပ်ကြောင်းကို စီးတီးဘက်ကလည်း နားလည်ထားပါတယ်။
ဂွာဒီယိုလာက ” အနှေးနဲ့အမြန် ကျနော်တို့ အပြောင်းအလဲ မလုပ်ရင် ကျနော်တို့ ကျဆင်းလာပါတော့မယ်။ ကျနော်ရဲ့ အသင်းက အမြဲတမ်း စိတ်ဆန္ဒ ပြင်းပြနေရမယ်။ လူတိုင်း စိတ်ပိုင်းဆိုင်ရာ ပြင်းထန်ရမယ်။ အရာအားလုံးအတွက် ကြိုးစား ပြေးလွှားရပါမယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးဟာ ကစားသမား ဒါဇင်ဝက်ထိကို ရောင်းချဖွယ်ရှိပြီး အဲ့ထဲမှာတော့ အစွန်လူတွေဖြစ်တဲ့ ကန်ဆယ်လိုနဲ့ ဝေါ်ကာတို့ ပါဝင်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ခံစစ်မှူး လာပေါ့၊ ကွင်းလယ်လူတွေဖြစ်တဲ့ ဂွမ်ဒိုဂန်၊ ဘာနာတိုတို့အပြင် တိုက်စစ်သမား မာရက်စ်လည်း ပါဝင်သွားမှာပါ။
စီးတီးဟာ ခံစစ်မှာ လိုက်ဇစ်မှာ ဂါဗာဒီယို၊ ကွင်းလယ်မှာ ဒီကလန်ရိုက်စ်တို့ကို ပြန်လည် အားဖြည့်ဖို့ စီစဉ်ထားပြီး အစွန်လူ နေရာအတွက်လည်း ကစားသမား များစွာကို စောင့်ကြည့်နေသေးတာပဲ ဖြစ်ပါတယ်။