မော်ဒယ် လုပ်ခဲ့တဲ့ ပက် ဂွာဒီယိုလာ ငယ်ဘဝက ပုံတွေ ထွက်ပေါ်လာပြီး ချောလွန်းလို့ ချီးကျူးခံနေရပါပြီ

မန်ချက်စတာစီးတီး အသင်းနည်းပြ ပက် ဂွာဒီယိုလာရဲ့ အရင်တုန်းက ဖက်ရှင်ရှိုးလျှောက်လှမ်းခဲ့တဲ့ ဓါတ်ပုံတွေ အွန်လိုင်းပေါ် ထွက်ပေါ်လာခဲ့ပြီးနောက် ဂွာဒီယိုလာရဲ့ ချောမောလှပတဲ့ ငယ်ရုပ်အပေါ် ပရိသတ်တွေက ချီးကျူးပြောဆိုမှုတွေ ပြုလုပ်နေကြပါတယ်။

၁၉၉၃ ခုနှစ် ဘာစီလိုနာအသင်းအတွက် ကစားပေးနေခဲ့စဉ်တုန်းက ဂွာဒီယိုလာတစ်ယောက် နာမည်ကျော် စပိန် ဒီဇိုင်နာ အန်တိုနီယို မီရိုရဲ့ ပွဲတစ်ခုအတွက် ဝင်ရောက် လျှောက်လှမ်းပေးခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါ ဓါတ်ပုံတွေကို Meninblazers အမည်ရှိ အင်စတာဂရမ်အကောင့်တစ်ခုက စတင် မျှဝေပေးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဓါတ်ပုံတွေကို မြင်တွေ့ခဲ့ကြတဲ့ ပရိသတ်တွေကတော့ ဂါဒီယိုလာရဲ့ ချောမောလှပတဲ့ ငယ်ရုပ်အပေါ် ချစ်ခင်နှစ်သက်မှုတွေ ရှိနေကြပြီး ယခုလို ဆံပင်မပါတော့တဲ့ ရုပ်နဲ့ နှိုင်းယှဉ်ကြည့်ပါက အတော်လေးကို ကွာခြားနေတာ တွေ့ရပါတယ်။

ဂွာဒီယိုလာဟာ ၂၀၁၆ ခုနှစ်ကတည်းက မန်စီးတီးအသင်းကို လာရောက် နည်းပြနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီမှာတော့ တစ်ရာသီ ဖလား သုံးလုံး စံချိန်နဲ့ ပရီးမီးယားလိဂ်မှာ မန်ယူအသင်းနည်းပြဟောင်း ဖာဂူဆန် နည်းတူ မှတ်တိုင်သစ် စိုက်ထူပြခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။