အာဆင္နယ္ရဲ႕ ေနာက္ဆံုးမိနစ္ ခ်ိတ္ဆက္မႈကို ခပ္တိုတုိ တုန္႔ျပန္ခဲ့တဲ့ ရွက္ဖီးကြင္းလယ္ ဂၽြန္ဖလက္
ရွက္ဖီးလ္ယူနုိက္တက္ ကြင္းလယ္ကစားသမား ဂၽြန္ဖလက္ကို အာဆင္နယ္က အေျပာင္းအေရႊ႕ မပိတ္္ခင္ အမွီ ခ်ိတ္ဆက္လာတဲ့ သတင္းမ်ား ထြက္လာတဲ့ေနာက္ သတင္းေထာက္မ်ားက ကစားသမား သေဘာထားကို ေမးျမန္းခဲ့ရာ စေကာ့တလန္ လက္ေရြးစင္က ခပ္တိုတို တုန္႔ျပန္ ေျဖၾကားမႈ ျပဳလုပ္ခဲ့ပါတယ္။
ဂၽြန္ဖလက္က ဒီရာသီ ရွက္ဖီးမွာ အစြမ္းျပေနတဲ့ ကစားသမား ျဖစ္ျပီး ခရစၥ၀ိုက္ဒါရဲ႕ အသင္းမွာ ၂၁ ပြဲ ကစား ၅ ဂိုး သြင္းယူထားသူ ျဖစ္ပါတယ္။ ၄င္း သြင္းဂိုးေတြထဲမွာ ဒီလ အေစာပိုင္း အမ္းမရိတ္မွာ သြင္းသြားတဲ့ ဂိုးလည္း ပါ၀င္ပါတယ္။ ဂန္းနားေတြက အေျပာင္းအေရႊ႕ ပိတ္ခါနီး ရက္ပိုင္း အလိုမွာ ဂၽြန္ဖလက္ကို အံ့အားသင့္ဖြယ္ ခ်ိတ္ဆက္လာတယ္လို႔ သိရပါတယ္။
ဒါေပမယ့္ ရွက္ဖီးကြင္းလယ္ ကစားသမားကေတာ့ အသင္းကေန ဒီအေျပာငး္အေရႊ႕မွာ ထြက္ခြာသြားနိုင္လား အေမးကို ” မျဖစ္နုိင္ဘူး ” လို႔ ခပ္တိုတို တုန္႔ျပန္ခဲ့ပါတယ္။
ရွက္ဖီးယူနိုက္တက္ဟာ ဂ်န္႔အသင္းမွာ ကြင္းလယ္ကစားသမား ဆန္ဒါဘာ့ခ္ကို ေခၚယူနိုင္ဖို႔ အလြန္နီးစပ္လာျပီးေနာက္ ဖလက္ အာဆင္နယ္ရဲ႕ ခ်ိတ္ဆက္မႈနဲ႕ အတူ ထြက္ခြာသြားနုိင္တယ္လို႔ သတင္းၾကီးလာတာလည္း ျဖစ္ပါတယ္။ ဂန္းနားေတြဟာ ဇန္န၀ါရီလထဲမွာ ဖလာမန္ဂိုမွ ခံစစ္မွဴး ပါဘလို မာရီကို ေခၚယူျပီးေနာက္ ေစ်းကြက္ မပိတ္ခင္ ေနာက္ထပ္ ကစားသမား နွစ္ဦးေလာက္ ေခၚဖို႔ ခ်ိတ္ဆက္ေနဆဲ ျဖစ္ပါတယ္။
Unicode – ရှက်ဖီးလ်ယူနိုက်တက် ကွင်းလယ်ကစားသမား ဂျွန်ဖလက်ကို အာဆင်နယ်က အပြောင်းအရွှေ့ မပိတ်ခင် အမှီ ချိတ်ဆက်လာတဲ့ သတင်းများ ထွက်လာတဲ့နောက် သတင်းထောက်များက ကစားသမား သဘောထားကို မေးမြန်းခဲ့ရာ စကော့တလန် လက်ရွေးစင်က ခပ်တိုတို တုန့်ပြန် ဖြေကြားမှု ပြုလုပ်ခဲ့ပါတယ်။
ဂျွန်ဖလက်က ဒီရာသီ ရှက်ဖီးမှာ အစွမ်းပြနေတဲ့ ကစားသမား ဖြစ်ပြီး ခရစ္စဝိုက်ဒါရဲ့ အသင်းမှာ ၂၁ ပွဲ ကစား ၅ ဂိုး သွင်းယူထားသူ ဖြစ်ပါတယ်။ ၎င်း သွင်းဂိုးတွေထဲမှာ ဒီလ အစောပိုင်း အမ်းမရိတ်မှာ သွင်းသွားတဲ့ ဂိုးလည်း ပါဝင်ပါတယ်။ ဂန်းနားတွေက အပြောင်းအရွှေ့ ပိတ်ခါနီး ရက်ပိုင်း အလိုမှာ ဂျွန်ဖလက်ကို အံ့အားသင့်ဖွယ် ချိတ်ဆက်လာတယ်လို့ သိရပါတယ်။
ဒါပေမယ့် ရှက်ဖီးကွင်းလယ် ကစားသမားကတော့ အသင်းကနေ ဒီအပြောင်းအရွှေ့မှာ ထွက်ခွာသွားနိုင်လား အမေးကို ” မဖြစ်နိုင်ဘူး ” လို့ ခပ်တိုတို တုန့်ပြန်ခဲ့ပါတယ်။
ရှက်ဖီးယူနိုက်တက်ဟာ ဂျန့်အသင်းမှာ ကွင်းလယ်ကစားသမား ဆန်ဒါဘာ့ခ်ကို ခေါ်ယူနိုင်ဖို့ အလွန်နီးစပ်လာပြီးနောက် ဖလက် အာဆင်နယ်ရဲ့ ချိတ်ဆက်မှုနဲ့ အတူ ထွက်ခွာသွားနိုင်တယ်လို့ သတင်းကြီးလာတာလည်း ဖြစ်ပါတယ်။ ဂန်းနားတွေဟာ ဇန်နဝါရီလထဲမှာ ဖလာမန်ဂိုမှ ခံစစ်မှူး ပါဘလို မာရီကို ခေါ်ယူပြီးနောက် ဈေးကွက် မပိတ်ခင် နောက်ထပ် ကစားသမား နှစ်ဦးလောက် ခေါ်ဖို့ ချိတ်ဆက်နေဆဲ ဖြစ်ပါတယ်။