ကိုဗာဆစ်အတွက် ကမ်းလှမ်းမှု၊ ဝေါ်ကာကို လိုချင်နေတဲ့ လီဗာပူးတို့နဲ့အတူ မန်စီးတီး အပြောင်းအရွှေ့ သတင်းများ

မန်စီးတီးဟာ လိုက်ဇစ် ခံစစ်မှူး ဂါဗာဒီယိုအတွက် ချိတ်ဆက်မှု စတင်နေပြီဖြစ်ကာ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားနေပါပြီ။ ဒါပေမယ့် ဘွန်ဒက်လီဂါဘက်က ယူရို သန်း ၈၀ ထက် ပိုများတဲ့ ပြောင်းရွှေ့ကြေးရဖို့ မျှော်လင့်နေပါတယ်။

မန်စီးတီးအသင်ဟာ ချယ်ဆီး ကွင်းလယ်လူ ကိုဗာဆစ်အတွက် ယူရို ၂၅ သန်းဖြင့် ကမ်းလှမ်းမှု စတင်လိုက်ပါတယ်။ ချယ်ဆီးဘက်ကတော့ ယူရို သန်း ၃၀ ရလိုနေပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီးကလပ်တွေ အပြိုင်အဆိုင် ချိ်တ်ဆက်မယ့် ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာဟာ ဒီနွေမှာ အသင်းသစ်ထံ ကူးပြောင်းမှာပါ။ မန်စီးတီးက လာဗီယာကို ပေါင် သန်း ၄၀ ဖြင့် ပြန်လည် ခေါ်ယူခွင့်ရထားသလို အခြားအသင်းတွေထံ ပြောင်းရင်းလည်း ရာနှုန်းခံစားခွင့် ရရှိမှာပါ။

မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ အမ်ဘာပေကို ခေါ်ယူမှာ မဟုတ်ဘဲ ပြင်သစ်သား တိုက်စစ်မှူးဟာ သူတို့အသင်းထံ ပြောင်းလာဖို့ မဖြစ်နိုင်ကြောင်းနဲ့ တိုက်စစ်သမား ဘယ်ကို ပြောင်းလိုတယ်ဆိုတာ လူတိုင်း သိပါတယ်လို့ ထုတ်ပြောသွားပါတယ်။

လီဗာပူးအသင်းဟာ အာနိုးကို ကွင်းလယ် ပိုလိုတာကြောင့် သူ့ရဲ့နေရာမှာ အစားထိုးရေး မန်စီးတီးမှာ အနာဂတ် မသေချာဖြစ်နေတဲ့ ဝေါ်ကာကို ခေါ်ယူလိုနေပါတယ်။

မန်စီးတီးဟာ ကွင်းလယ်လူ ဂွမ်ဒိုဂန်နဲ့ ညာအစွန်လူ ဝေါ်ကာတို့ကို ဆက်ထိန်းလိုနေပါတယ်။ ၎င်းတို့ဟာ ကန်ဆယ်လိုအတွက် ကမ်းလှမ်းလာမှုတွေကို ရရှိထားခြင်း မရှိပါဘူး။

ဝက်စ်ဟမ်းအသင်းဟာ ဒီကလန်ရိုက်စ်နေရာ အစားထိုးဖို့အတွက် မန်စီးတီး ကွင်းလယ်လူ ကီဗင် ဖီးလစ်ကို ခေါ်ယူလိုနေပါတယ်။