အောင်ပွဲ စွတ်ခံလို့ လူတွေ ပြောဆိုဝေဖန်ကြမှာ မတုန်လှုပ်ပါဘူးလို့ ဆိုလာတဲ့ ဂျက် ဂရီးလစ်ချ်
ဂျက် ဂရီးလစ်ချ် ကတော့ မန်စီးတီးအသင်းဖလား ၃ လုံးချန်ပီယံဖြစ်ခဲ့ပြီးနောက် ဆုဖလား အောင်ပွဲခံမှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ မတုန်လှုပ်ကြောင်းနဲ့ သူ့ဘဝရဲ့အကောင်းဆုံး ရက်သတ္တပတ်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
အင်္ဂလန်သားဟာ ချန်ပီယံလိဂ်မှာ အင်တာမီလန်ကိုအနိုင်ရခဲ့ပြီး အသင်းဖော်တွေနဲ့အတူ အမိုးဖွင့်ကားပေါ်မှာ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ ဂရီးလစ်ချ် တစ်ယောက် သူ့ဘဝရဲ့အကောင်းဆုံး အချိန်တွေဖြစ်ဟန်ရှိနေပြီး အရက်တွေလည်းအများကြီးသောက်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် သူ့အနေနဲ့ အခုလိုဝေဖန်မှုတွေကို မတုန်လှုပ်ဘူးလို့ ပြောကြားခဲ့ကာ အခုအပတ်အကုန်မှာ အင်္ဂလန်အသင်းနဲ့ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။
“ဘာမှမဖြစ်ပါဘူး။ ကျွန်တော့်ဘဝမှာ တစ်စုံတစ်ခုအတွက် လုပ်ဆောင်ခဲ့ပြီးပါပြီ။ ပြီးခဲ့တဲ့တစ်ကြိမ်တုန်းက လုပ်ခဲ့တာပါ။ ယူနိုက်တက်နဲ့တုန်းကလား မသိပါဘူး။ ဒါဆို ဘာကြောင့်ဒီလိုမျိုးအောင်ပွဲမခံရမှာလဲ။ လူတိုင်းက ကျွန်တော့်လိုပါပဲ။
ကျွန်တော်အပါအဝင် တစ်သင်းလုံး အောင်ပွဲခံကြသလို စနေ ၊ တနင်္ဂနွေ ၊ တနင်္လာမှာ ပျော်ကြပါတယ်။ ကျွန်တော့်ဘဝရဲ့ အကောင်းဆုံး ရက်သတ္တပတ်ပါ။ ပြီးတော့ ချန်ပီယံလိဂ်ဖလားအောင်မြင်မှု ရခဲ့ပါတယ်။ တကယ့်ကြီးမားတဲ့ စိတ်ခံစားမှုဖြစ်ခဲ့ပါတယ်။
နည်းပြက ဘာမှမပြောပါဘူး။ ဒါပေမယ့် ကျွန်တော် သောကြာနေ့ မကစားနိုင်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ပြီးခဲ့တဲ့အပတ်က ကျွန်တော့်ဘဝရဲ့အကောင်းဆုံး ရက်သတ္တပတ်ပါ။
ကျွန်တော် အဆင်ပြေ ပါတယ်။ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့မှာ ကျွန်တော် လေ့ကျင့်ခန်းဆင်းသလို အဆင်ပြေပါတယ်။ အခုတော့ နိုင်ငံအသင်းအတွက် အာရုံစိုက်ရတော့မှာပါ။ ဒါကြောင့် အင်္ဂါနေ့ညတုန်းက လေ့ကျင့်ရေးဆီမှာ ကျွန်တော်ရှိနေတာပါ”လို့ ဂရီးလစ်ချ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။