ကန်ဆယ်လို မန်ယူ ပြောင်းပြောင်း၊ ဘယ် အသင်း သွားသွား မန်စီးတီးက ဂရုကို မစိုက်တော့ဘူး ဆိုတဲ့ ပက်
မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ကန်ဆယ်လို အသင်းကနေ အငှားနဲ့ ထွက်သွားခဲ့တဲ့ အခြေအနေတွေကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။
ဒီလိုမျိုး ပြောပြခဲ့တဲ့နေရာမှာ ဂွါဒီယိုလာက သူ့ရဲ့ အဓိက ကစားသမား ခါးသီးမြို့ခံပြိုင်ဘက် ယူနိုက်တက်ကို ပြောင်းရွှေ့သွားရင်တောင် ဂရုမစိုက်ကြောင်းကို ထည့်သွင်းပြောကြားခဲ့ပါတယ်။
ကန်ဆယ်လိုဟာ ဂွါဒီယိုလာနဲ့ အဆင်မပြေဖြစ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်ကို အငှားနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။
လက်ရှိနွေရာသီမှာလည်း ကန်ဆယ်လိုက ဘိုင်ယန်မြူးနစ်ကို အပြီးသတ် မပြောင်းရွှေ့ဖြစ်ပေမယ့် အသင်းသစ် တစ်သင်းကို ရှာဖွေမှာဖြစ်ပြီး မန်စီးတီးမှာ သူ့ရဲ့အနာဂတ်က ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။
ဒီလိုမျိုး ကန်ဆယ်လိုကို ပြီးခဲ့တဲ့ဆောင်းရာသီမှာ လက်လွှတ်ခဲ့တုန်းက အခြေအနေတွေအပေါ် ဂွါဒီယိုလာက
“ဘာစီလိုနာက ကန်ဆယ်လိုကို တော်တော်လေး ဆိုးဆိုးရွားရွား ကမ်းလှမ်းခဲ့တယ်ထင်ပါတယ်။ သူ့အတွက် လက်တွေ့နဲ့ တော်တော်ဝေးသွားပုံပါပဲ။ တကယ့်လက်တွေ့မှာတော့ ကျွန်တော်တို့က ကန်ဆယ်လို အသင်းက ထွက်ရမယ်ဆိုတာကို ဆုံးဖြတ်ပြီးသားဖြစ်ပါတယ်”
“သူက ကျွန်တော်တို့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ ယူနိုက်တက်ကို ပြောင်းသွားမယ်ဆိုရင်တော့ ကျွန်တော်တို့ ဂရုမစိုက်ခဲ့ပါဘူး။ ဒါက သူ့အေးဂျင့်နဲ့ အသင်းတွေအကြား လုပ်ရမယ့်ကိစ္စပါ။ အသင်းတွေဘက်က သူ့ကို လှည့်စားခဲ့တယ်လို့ ကျွန်တော် မပြောလိုပါဘူး။ ဒါပေမယ့် သူတို့က ကန်ဆယ်လိုကို လွဲမှားတဲ့ သတင်းအချက်အလက်တွေ ပေးခဲ့ပါတယ်”
“တကယ်လို့ ဘိုင်ယန်မြူးနစ်သာ သူ့ကို အလိုမရှိဘူးဆိုရင် သူ အဲ့ဒီကို သွားနိုင်ခဲ့မှာ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
မန်စီးတီးဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဇင်ချန်ကို၊ ဂျေးဆုတို့ကို အာဆင်နယ်ထံ ရောင်းချခဲ့ပြီး အာဆင်နယ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အကောင်းဆုံး စိန်ခေါ်သွားနိုင်ခဲ့ပါတယ်။