ဒီကနေ့မှာပဲ ဒီကလန်ရိုက်စ်ကို ကမ်းလှမ်းဖို့ ရှိခြင်း၊ အနာဂတ် မသေချာတဲ့ ဘာနာတို၊ ဘာစီလိုနာပြောင်းမယ့် ဂွမ်ဒိုဂန်နဲ့ မန်စီးတီးအသင်း အပြောင်းအရွှေ့ သတင်းများ
မန်ချက်စတာစီးတီးဟာ ဒီကနေ့မှာပဲ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ခေါ်ယူရေး ဝင်ရောက် ကမ်းလှမ်းတော့မှာ ဖြစ်ကြောင်း The Athletic က ဖော်ပြလာပါတယ်။
ရိုက်စ်ကိုတော့ ကွင်းလယ် နှစ်ယောက်တန်းမှာ ရိုဒရီနဲ့ တွဲဘက်သူအဖြစ် သုံးဖို့ ဂွာဒီယိုလာက အလိုရှိလာတာ ဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့ဖြစ်ဖို့ မန်စီးတီးက ပေါင် သန်း ၁၀၀ သုံးရနိုင်ပြီး ဝက်စ်ဟမ်းကတော့ သူတို့ မျှော်လင့်တဲ့အတိုင်း စျေးပြိုင် ချိတ်ဆက်မှုကို ရရှိသွားတော့မှာ ဖြစ်ပါတယ်။
မန်စီးတီး အသင်းခေါင်းဆောင် ဂွမ်ဒိုဂန်က ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိတော့မှာဖြစ်ပါတယ်။ ကက်တလန်ကလပ်က ဂွမ်ဒိုဂန်ကို သူတို့ရဲ့ ဦးစားပေး ပစ်မှတ်အဖြစ် ချိန်ရွယ်ထားပါတယ်။
မန်စီးတီးဟာ လိုက်ဇစ် ခံစစ်မှူး ဂါဗာဒီယိုအတွက် ချိတ်ဆက်မှု စတင်နေပြီဖြစ်ကာ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားနေပါပြီ။ ဒါပေမယ့် ဘွန်ဒက်လီဂါဘက်က ယူရို သန်း ၈၀ ထက် ပိုများတဲ့ ပြောင်းရွှေ့ကြေးရဖို့ မျှော်လင့်နေပါတယ်။
ကွင်းလယ်လူ ဂွမ်ဒိုဂန်ဟာ ဒီနွေမှာ အသင်းပြောင်းမလား မန်စီးတီးမှာ ဆက်နေမလား ဆိုတာကို အပြီးသတ် ဆုံးဖြတ်ရခြင်း မရှိသေးပါဘူး။
မန်ယူဂျာစီနဲ့အတူ သူနဲ့ ဓါတ်ပုံ တွဲရိုက်လိုနေတဲ့ ပရိသတ်လေးအား ဂျာစီအရင် သွားလဲလိုက်ဖို့ မပြောခင်မှာ ဟာလန်းက မန်ယူလိုဂိုကို လက်နဲ့အုပ်ပြီးမှ ဓါတ်ပုံ အရိက်ခံခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ချယ်ဆီး ကွင်းလယ်လူ ကိုဗာဆစ်ကို ပေါင် ၂၅ သန်း + ပေါင် ၅ သန်းဖြင့် ခေါ်ယူဖို့အတွက် သဘောတူညီမှု ရသွားပြီဖြစ်ပါတယ်။
