ဘာနာဒိုဆေးဗားကို လစာချည်း ပေါင် ၇၅ သန်းနဲ့ ခေါ်ဖို့ စည်းရုံးနေတဲ့ ဆော်ဒီကလပ် အယ်ဟီလာ

ဆော်ဒီကလပ် အယ်ဟီလာ အသင်းဟာ အတော်လေးများပြားတဲ့ ငွေပမာဏကိုသုံးပြီး ဘာနာဒိုဆေးဗားကို မန်စီးတီးကနေ ထွက်လာအောင် အားသွန်ခွန်စိုက် ကြိုးပမ်းနေပါတယ်။

ဆော်ဒီပရိုလိဂ်ကလပ်ဟာ ၎င်းအတွက် တစ်ရာသီကို ပေါင် ၇၅သန်းတန်တဲ့ လစာ ကမ်းလှမ်းမှု တွေလုပ်ဖို့ စီစဉ်နေတာပါ။

ဆေးဗားဟာ စီးတီးနဲ့ ဖလား၃လုံး အောင်မြင်မှုမှာ အရေးပါခဲ့ပြီးနောက် သူ့ရဲ့ နောက်ထပ်ခြေလှမ်းတွေကို စဉ်းစားနေတာဖြစ်ပြီး လစ္စဘွန်းနဲ့ ပိုနီးတဲ့နေရာဆီ အမြဲတမ်း ပြောင်းရွှေ့ချင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ ပီအက်စ်ဂျီကနေ စိတ်ဝင်စားမှုကို ရရှိနေပြီး အနာဂတ်ကို တိတိကျကျ မဆုံးဖြတ်ရသေးတာနဲ့အတူ စီးတီးက ဒါကို မြန်မြန် ဖြေရှင်းဖို့ အသည်းအသန် ဖြစ်နေတာပါ။

အယ်ဟီလာဟာ အယ်ဗာရို မိုရာတာနဲ့လဲ ချိတ်ဆက်ထားတာဖြစ်ပြီး ခရစ္စတီယာနို ရော်နယ်ဒို၊ ဘန်ဇီမာတို့ ရှိနေပြီးသား လိဂ်တစ်ခုမှာ နောက်ထပ် နာမည်ကြီးကစားသမားတွေ ဖြည့်သွင်းဖို့ အဆင်သင့် ဖြစ်နေပါတယ်။

စီးတိးဟာ ယခင်နွေရာသီတွေအတွင်း ဆေးဗားရဲ့တန်ကြေးကို ပေါင်သန်း ၇၀ သတ်မှတ်ထားခဲ့တာဖြစ်ပြီး တကယ်ပဲ သူထွက်ခွာသွားမယ်ဆိုရင် အသင်းခေါင်းဆောင် ဂန်ဒိုဂမ်ကို ဆုံးရှုံးထားတဲ့ ပက် ဂွာဒီယိုလာအတွက် နောက်ထပ် ထိုးနှက်မှုတစ်ခု ဖြစ်စေပါလိမ့်မယ်။