ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ၊ လာပေါ့ကို စပါးဘက်က ချိတ်ဆက်၊ ကစားသမားသစ်တွေ ခေါ်ယူဖို့ ပစ်မှတ်ရွေးနေခြင်းနဲ့ မန်စီးတီး အပြောင်းအရွှေ့ သတင်းထူးများ
ဆော်ဒီကလပ် Al-Hilal အသင်းဟာ မန်စီးတီးကွင်းလယ်လူ ဘာနာတိုကို အခြေခံလုပ်ခ ပေါင် ၄၅ သန်းပေးမယ့် ညိနှိုင်းမှု လုပ်နေပြီး အောင်မြင်မှုတွေအရ နောက်ထပ် အကျိုးအမြတ် ထပ်ပေးဦးမှာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို အာဆင်နယ် ဒါမှမဟုတ် မန်စီးတီးအသင်းထံ လက်လွတ်ပြီးရင် စီးတီး ကွင်းလယ်လူ ကီဗင် ဖီးလစ်ဖြင့် ပြန်လည် အစားထိုးလိုနေပါတယ်။
ဘွန်ဒက်လီဂါကလပ်တွေဖြစ်တဲ့ ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်တို့ကလည်း မန်စီးတီး အသင်းထံကနေ ဝေါ်ကာ၊ ကီဗင်ဖီးလစ်နဲ့ ကိုးပါးမားတို့ကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း စကိုင်းစပေါ့ သတင်းထောက် Christian Falk က ဖော်ပြလာပါတယ်။
အားလပ်ရက် ခရီးထွက်နေတဲ့ ဒီဘရိုင်းဟာ အသင်းဖော် ဂွမ်ဒိုဂန်၊ အကီတို့နဲ့ တွေ့ဆုံခဲ့ကြောင်း လူမှုကွန်ယက်ကနေ ဖော်ပြသွားပါတယ်။
စပါးအသင်းဟာ ခံစစ်မှူး လာပေါ့ကို ခေါ်ယူဖို့ ချိတ်ဆက်ပေမယ့် ပြင်သစ်သားက လန်ဒန်ကလပ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။
ပထမဆုံးအကြိမ် ကျင်းပမယ့် ကလပ် ၃၂ သင်းပါ ဖီဖာ ကလပ်ကမ္ဘာ့ဖလားကို ၂၀၂၅ ခုနှစ် အမေရိကန်မှာ ကျင်းပမယ်လို့ တရားဝင် ကြေညာလာပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ မန်စီးတီးကလည်း ပါဝင် ယှဉ်ပြိုင်ခွင့်ရရှိပါမယ်။
ဒီနွေမှာ ခံစစ်ပိုင်း အပြောင်းအလဲ ပြုလုပ်ရဖို့ ရှိနေတာကြောင့် မန်စီးတီးဟာ လိုက်ဇစ် ခံစစ်မှူး ဂါဗာဒီယိုကို အဓိက ပစ်မှတ်အဖြစ် လျာထားပါတယ်။
