ဖာနန္ဒက္စ္ ပထမဆံုး ပြဲထြက္လာႏုိင္တဲ့ ယူႏုိက္တက္ နဲ႔ ဝုဗ္ပြဲအတြက္ ေလာ္ရိုးရဲ႕ ခန္႔မွန္း
ဖာနန္ဒက္စ္ ပထမဆံုး ပြဲထြက္လာႏုိင္တဲ့ ယူႏုိက္တက္ နဲ႔ ဝုဗ္ပြဲအတြက္ ေလာ္ရိုးရဲ႕ ခန္႔မွန္းကို ေဖာ္ျပေပးလိုက္ပါတယ္။
” ဒီရာသီ ပရီးမီးယားလိဂ္မွာေကာ အက္ဖ္ေအဖလားမွာပါ ထိပ္တိုက္ေတြ႔ခဲ့ၾကစဥ္ ႏွစ္သင္းလံုးက သိပ္မကြာပါဘူး။ ဒီပြဲကလည္း သိပ္ကြားမယ့္ ပြဲတစ္ပြဲ မဟုတ္ဘူးလို႔ ထင္ပါတယ္။
ဝုဗ္က ႏွားတစ္ဖ်ားအသာနဲ႔ အႏုိင္ရမယ္လို႔ ထင္တယ္။ အီသီဟတ္မွာ ယူႏုိက္တက္က ကစားပံုေကာင္းျပီး အႏုိင္ရေပမယ့္ ႏွစ္သင္းၾကားမွာ အဓိက ကြာျခားနာက ဝုဗ္က တစ္ပတ္လံုး အနားရထားတာပါ။ ႏူႏိုရဲ႕ အသင္းက ဘယ္အခ်ိန္ပဲ ၾကည့္ၾကည့္ အထင္ၾကီးဖို႔ေကာင္းျပီး ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ လီဗာပူးပြဲမွာလည္း ေကာင္းမြန္ခဲ့တယ္။
လီဗာပူးကို ဒီရာသီ ျပိဳင္ပြဲတိုင္း ခက္ခဲေစခဲ့တဲ့ ဝုဗ္ဟာ ယူႏုိက္တက္အတြက္ အရမ္းကို ဒုကၡေပးပါလိမ့္မယ္။ အိုလီရဲ႕အသင္းက ကာရာေဘာင္း ဆီမီးဖိုင္နယ္မွာ ရလဒ္ေကာင္းေပမယ့္ ပထမအေက်ာ့ရလဒ္က သူတို႔ကို ကံမေကာင္းေစခဲ့ဘူး။ ဒါေပမယ့္ အရင္တစ္ၾကိမ္ အီသီဟတ္မွာ အႏုိင္ရျပီး ေနာက္ဆက္တြဲ အဲဗာတန္နဲ႔ပြဲကို သေရက်ကာ ဝတ္ဖိုဒ့္ကို အေရးနိမ့္ခဲ့ပါေသးတယ္။
ဒီတစ္ၾကိမ္မွာ ယူႏုိက္တက္က အလွည့္အေျပာင္း လုပ္ႏုိင္မလား ၾကည့္ရမယ္။ ေျခစြမ္းတည္ျငိမ္ဖို႔ ယူႏုိက္တက္က ရုန္းကန္ေနရျပီး ဘရူႏိုအေပၚမွာ ဖိအားေတြရွိေနတယ္။ ခ်က္ျခင္းၾကီး အက်ိဳးျဖစ္ဖို႔ဆိုတာကလည္း ေမးခြန္းေကာင္းပါတယ္။ ပရီးမီးယားလိဂ္ေလာက္ မျပင္းထန္တဲ့ လိဂ္ကေန လာေရာက္ရတဲ့ ကစားသမားကို ခ်က္ျခင္းၾကီး ေျခစြမ္းျပဖို႔က ခက္ပါတယ္ ။အခ်ိန္ အနည္းငယ္ ယူရပါမွာပါ ” ဆိုျပီး ခန္႔မွန္းခဲ့တာျဖစ္တယ္။
ယူႏုိက္တက္နဲ႔ ဝုဗ္ပြဲအတြက္ ေလာ္ရိုးရဲ႕ ခန္႔မွန္းကေတာ့ ဧည့္သည္အသင္းက ၂-၁ နဲ႔ အႏုိင္ရမယ္လို႔ ျဖစ္ပါတယ္။
UNICODE – ဖာနန်ဒက်စ် ပထမဆုံး ပွဲထွက်လာနိုင်တဲ့ ယူနိုက်တက် နဲ့ ဝုဗ်ပွဲအတွက် လော်ရိုးရဲ့ ခန့်မှန်းကို ဖော်ပြပေးလိုက်ပါတယ်။
” ဒီရာသီ ပရီးမီးယားလိဂ်မှာကော အက်ဖ်အေဖလားမှာပါ ထိပ်တိုက်တွေ့ခဲ့ကြစဉ် နှစ်သင်းလုံးက သိပ်မကွာပါဘူး။ ဒီပွဲကလည်း သိပ်ကွားမယ့် ပွဲတစ်ပွဲ မဟုတ်ဘူးလို့ ထင်ပါတယ်။
ဝုဗ်က နှားတစ်ဖျားအသာနဲ့ အနိုင်ရမယ်လို့ ထင်တယ်။ အီသီဟတ်မှာ ယူနိုက်တက်က ကစားပုံကောင်းပြီး အနိုင်ရပေမယ့် နှစ်သင်းကြားမှာ အဓိက ကွာခြားနာက ဝုဗ်က တစ်ပတ်လုံး အနားရထားတာပါ။ နူနိုရဲ့ အသင်းက ဘယ်အချိန်ပဲ ကြည့်ကြည့် အထင်ကြီးဖို့ကောင်းပြီး နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ လီဗာပူးပွဲမှာလည်း ကောင်းမွန်ခဲ့တယ်။
လီဗာပူးကို ဒီရာသီ ပြိုင်ပွဲတိုင်း ခက်ခဲစေခဲ့တဲ့ ဝုဗ်ဟာ ယူနိုက်တက်အတွက် အရမ်းကို ဒုက္ခပေးပါလိမ့်မယ်။ အိုလီရဲ့အသင်းက ကာရာဘောင်း ဆီမီးဖိုင်နယ်မှာ ရလဒ်ကောင်းပေမယ့် ပထမအကျော့ရလဒ်က သူတို့ကို ကံမကောင်းစေခဲ့ဘူး။ ဒါပေမယ့် အရင်တစ်ကြိမ် အီသီဟတ်မှာ အနိုင်ရပြီး နောက်ဆက်တွဲ အဲဗာတန်နဲ့ပွဲကို သရေကျကာ ဝတ်ဖိုဒ့်ကို အရေးနိမ့်ခဲ့ပါသေးတယ်။
ဒီတစ်ကြိမ်မှာ ယူနိုက်တက်က အလှည့်အပြောင်း လုပ်နိုင်မလား ကြည့်ရမယ်။ ခြေစွမ်းတည်ငြိမ်ဖို့ ယူနိုက်တက်က ရုန်းကန်နေရပြီး ဘရူနိုအပေါ်မှာ ဖိအားတွေရှိနေတယ်။ ချက်ခြင်းကြီး အကျိုးဖြစ်ဖို့ဆိုတာကလည်း မေးခွန်းကောင်းပါတယ်။ ပရီးမီးယားလိဂ်လောက် မပြင်းထန်တဲ့ လိဂ်ကနေ လာရောက်ရတဲ့ ကစားသမားကို ချက်ခြင်းကြီး ခြေစွမ်းပြဖို့က ခက်ပါတယ် ။အချိန် အနည်းငယ် ယူရပါမှာပါ ” ဆိုပြီး ခန့်မှန်းခဲ့တာဖြစ်တယ်။
ယူနိုက်တက်နဲ့ ဝုဗ်ပွဲအတွက် လော်ရိုးရဲ့ ခန့်မှန်းကတော့ ဧည့်သည်အသင်းက ၂-၁ နဲ့ အနိုင်ရမယ်လို့ ဖြစ်ပါတယ်။