ကိုဗာဆစ် မိတ်ဆက်၊ သန်း ၁ဝဝ တန် ရိုက်စ်၊ ဆယ်ကျော်သစ် ကွင်းလယ်သစ်၊ ပစ်မှတ် ဂန်းနားလေးနဲ့ မန်စီးတီး ထူးခြား သတင်းတိုများ

မန်ချက်စတာ စီးတီး အသင်းက ချဲလ်ဆီး ကွင်းလယ်လူ မက်တီယို ကိုဗာဆစ် ကို ခေါ်ယူ စာချုပ် နိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ကိုဗာဆစ် ဟာ ဖလား ၃ လုံး ချန်ပီယံအသင်းမှာ ကျောနံပါတ် ၈ ကို ဝတ်ဆင် ကစားသွားမှာ ဖြစ်ပါတယ်။
မန်စီးတီးဟာ ရီးဒင်းအသင်းမှ အသက် ၁၆ နှစ်အရွယ် တိုက်စစ်သမား လူကာ ဖလက်ချာကို ပေါင် ၆ သိန်းဖြင့် ခေါ်ယူဖို့ လက်မှတ်ထိုးလိုက်ပြီ ဖြစ်ပါတယ်။ လူငယ်လေးဟာ အများကြီး တိုးတက်နိုင်တဲ့ ကစားသမားလို့ စီးတီးဘက်က ယုံကြည်နေတာ ဖြစ်ပါတယ်။
ရိုက်စ်အတွက် မန်စီးတီးထံက ပေါင် သန်း ၉၀ တန် ကမ်းလှမ်းမှုရပေမယ့် ဝက်စ်ဟမ်းဘက်က ပယ်ချလိုက်ပါတယ်။ ၎င်းတို့ကတော့ ပေါင် သန်း ၁၀၀ တန် စာချုပ်မျိုးရဖို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။
ချဲလ်ဆီး နှင့် မန်ချက်စတာစီးတီး အသင်းတို့ဟာ အာဆင်နယ် အသင်း ရဲ့ လူငယ် ကြယ်ပွင့် အီသန် နွမ်နယ်ရီ ကို ခေါ်ယူဖို့ စိတ်ဝင်စား နေကြပြီး အပြိုင်အဆိုင် ကြိုးပမ်း နေကြပါတယ်။
နွမ်နယ်ရီ ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ အာဆင်နယ် အသင်းကြီးအတွက် လူစားဝင် ကစားပြီး ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အသက် အငယ်ဆုံး ကစားသမား အဖြစ် စံချိန်သစ် တင်ခဲ့သူ ဖြစ်ပါတယ်။
တံကောက်ကြော ဒဏ်ရာ ရှိနေတဲ့ ဒီဘရိုင်း ဟာ အာဆင်နယ်နဲ့ ကစားရမယ့် ကွန်မြူနတီဒိုင်းပွဲ အပါအဝင် ဘန်လေနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ် အဖွင့်ပွဲကိုပါ လွဲချော်ရနိုင်ပြီး ဆီဗီလာနဲ့ ကစားရမယ့် ဥရောပ စူပါဖလားပွဲမှသာ ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။