မန်စီးတီး အတွက် ဆုဖလားတွေ ထပ် ယူပေးချင်နေတဲ့ ကွင်းလယ် ကစားသမားသစ် ကိုဗာဆစ်

ပရီးမီးယားလိဂ်ဆုဖလားအပါအဝင် ဖလား ၃ လုံးချန်ပီယံဖြစ်ထားတဲ့ မန်စီးတီးအသင်းက ချဲလ်ဆီး အသင်းနေ ခေါ်ယူထားခဲ့တဲ့ ကိုဗာဆစ် ဟာ မန်ချက်စတာ ကလပ် ရောက်ပြီးနောက် ရင်ဖွင့် နှုတ်ဆက်စကား ဆိုလာပါတယ်။

ကိုဗာဆစ် အနေဖြင့် ပရီးမီးယားလိဂ်၃နစ်ဆက်ချန်ပီယံမန်စီးတီးအသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂၅သန်းဖြင့် ပြောင်းရွှေ့ကစားရန်သဘောတူညီမှုရယူထားနိုင်ခဲ့သလို ပြီးခဲ့တဲ့နေ့မှာ မန်စီးတီးအသင်း ဘက်က တရားဝင် ကြေငြာမှု ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

ခရိုအေးရှား ကွင်းလယ်စတားအနေဖြင့် ပြီးခဲ့တဲ့ နှစ်ဘောလုံးရာသီတွင် ရလဒ်ပိုင်း ရုန်းကန်ရကာ အဆင့် ၁၂နေရာဖြင့် ရာသီသိမ်းခဲ့တာကြောင့် ဥရောပ ပြိုင်ပွဲ ဝင်ရောက်ကစားခွင့်ကနေ လွဲချော်ခဲ့တဲ့ ချဲလ်ဆီးအသင်းကနေ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းကို ပြောင်းရွှေ့ကစားရန် ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းအတွက် ကစားပေးခွင့်ရမှာနဲ့ ပက်သက်လို့ ကိုဗာဆစ်က

“ကျွန်တော့်အစီအစဉ်က အခုအချိန်မှာ သီတင်းပတ်အနည်းငယ်လောက် အနားယူပါဦးမယ်။ ပြီးရင်တော့ မန်ချက်စတာစီးတီး အသင်းကို လာရောက်ပြီး ဆုဖလားတွေ ထပ်မံရယူနိုင်ရန် ကူညီပေးသွားချင်ပါတယ်” လို့ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ကိုဗာဆစ် ဟာ မန်ချက်စတာ စီးတီးအသင်းမှာ ကျောနံပတ် ၈ ကို ဝတ်ဆင် ကစားမှာ ဖြစ်ပါတယ်။