ဂိုးသမား ကာဘယ္လာရိုဘက္က ကာကြယ္သြားခဲ့တဲ့ ခ်ယ္ဆီးနည္းျပ လမ္းပတ္
ခ်ယ္ဆီးနည္းျပ လမ္းပတ္ဟာ ညက လက္စတာနဲ႕ ပြဲစဥ္မွာ ဂိုးသမား ကီပါကို ခ်န္လွပ္ျပီး အရန္ ဂိုးသမား ကာဘယ္လာရို ကို ပြဲထြက္ ကစားေစခဲ့ပါတယ္။ အဆင့္ ၃ ေနရာက လက္စတာနဲ႕ ရင္ဆိုင္ရတဲ့ ပြဲ ျဖစ္လို႔ ခ်ယ္ဆီးအသင္း အတြက္ အေရးပါျပီး လမ္းပတ္ကေတာ့ ကာဘယ္လာရိုကို ယံုၾကည္စြာ ေနရာ ေပးခဲ့ပါတယ္။
ဒီပြဲမွာ ခ်ယ္ဆီးနဲ႕ လက္စတာတို႔ ၂ ဂိုးစီ သေရက်ခဲ့ျပီး တစ္မွတ္စီ ခြဲယူခဲ့ရပါတယ္။ လက္စတာဘက္ ေပးခဲ့ရတဲ့ ဒုတိယဂိုးမွာ ကာဘယ္လာရိုရဲ႕ အမွား ပါ၀င္တယ္လို႔ ပရိသတ္ေတြက မွတ္ခ်က္ေပးေနၾကေပမယ့္ နည္းျပ လမ္းပတ္ကေတာ့ ဂိုးသမား ဘက္က ကာကြယ္သြားျပီး အသင္း ခံစစ္မွာ တာ၀န္ရွိေၾကာင္း ေထာက္ျပခဲ့ပါတယ္။
” တစ္ပြဲလံုး ျခံဳၾကည့္မယ္ဆိုရင္ ကာဘယ္လာရို စြမ္းေဆာင္ရည္က ေကာင္းမြန္ပါတယ္။ ကာကြယ္မႈေကာင္းေတြ ျပဳလုပ္နုိင္ခဲ့တယ္။ ေျခေထာက္နဲ႕ တားဆီးတာလည္း အဆင္ေျပတယ္။ ဒီေန႔ပြဲ ေပးလိုက္ရတဲ့ ဒုတိယဂိုးက သူ႔ေၾကာင့္ မဟုတ္ပါဘူး။ အသင္း ခံစစ္ပိုင္းက ေပါ့ေလ်ာ့ခဲ့တယ္။ ဒါေၾကာင့္ လက္စတာ ျဖတ္တင္ေဘာကန္ခ်ိန္မွာ လူကပ္ တားဆီးရမယ့္ ခံစစ္ပိုင္း တာ၀န္မကင္းဘူးလို႔ ဆိုရမွာပါ။ ” လို႔ လမ္းပတ္က သံုးသပ္ ေျပဆာိုခဲ့ပါတယ္။
ဒါ့အျပင္ လမ္းပတ္က ကီပါကို ပြဲထြက္မွာ မသံုးခဲ့တာက အျခား စည္းကမ္းပိုင္းမ်ားေၾကာင့္ မဟုတ္ဘဲ ဒီတေလာ လက္စြမ္းကို အားရမႈ မရွိတာေၾကာင့္လို႔လည္း အသိေပးခဲ့ပါတယ္။ ကီပါဟာ ခ်ယ္ဆီးမွာ ျပန္လည္ ပါ၀င္ကစားခြင့္အတြက္ ခက္ခက္ခဲခဲ အားထုတ္ရဖြယ္ ရွိေနပါတယ္။
ဂိုးသမား ကာဘယ္လာရိုဟာ ဘန္ေခ်း၀ဲလ္ သြင္းယူခဲ့တဲ့ ဂိုးမွာ ဂိုးကာကြယ္ဖို႔ ေနရာယူမႈေကာင္း မျပဳလုပ္နုိင္ခဲ့ပါဘူး။ ဒါေၾကာင့္ ျဖတ္တင္ေဘာကို ေရွ႕ထြက္ ကာကြယ္ဖို႔ ၾကိဳးစားရာမွာ မရရွိခဲ့ဘဲ ဂိုးေပးခဲ့ရတာ ျဖစ္ပါတယ္။
အဆင့္ ၄ ေနရာ အတြက္ ေနာက္က ဖိအားေပးေနတဲ့ ယူနိုက္တက္ကလည္း ဒီတပတ္မွာ သေရက်သြားခဲ့တာေၾကာင့္ ခ်ယ္ဆီးအသင္းဟာ လက္စတာကို နိုင္ပြဲယူျပီး အမွတ္ျဖတ္နုိင္မယ့္ အခြင့္အေရးကိုလည္း လက္လႊတ္ခဲ့ရပါတယ္။
Unicode – ချယ်ဆီးနည်းပြ လမ်းပတ်ဟာ ညက လက်စတာနဲ့ ပွဲစဉ်မှာ ဂိုးသမား ကီပါကို ချန်လှပ်ပြီး အရန် ဂိုးသမား ကာဘယ်လာရို ကို ပွဲထွက် ကစားစေခဲ့ပါတယ်။ အဆင့် ၃ နေရာက လက်စတာနဲ့ ရင်ဆိုင်ရတဲ့ ပွဲ ဖြစ်လို့ ချယ်ဆီးအသင်း အတွက် အရေးပါပြီး လမ်းပတ်ကတော့ ကာဘယ်လာရိုကို ယုံကြည်စွာ နေရာ ပေးခဲ့ပါတယ်။
ဒီပွဲမှာ ချယ်ဆီးနဲ့ လက်စတာတို့ ၂ ဂိုးစီ သရေကျခဲ့ပြီး တစ်မှတ်စီ ခွဲယူခဲ့ရပါတယ်။ လက်စတာဘက် ပေးခဲ့ရတဲ့ ဒုတိယဂိုးမှာ ကာဘယ်လာရိုရဲ့ အမှား ပါဝင်တယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးနေကြပေမယ့် နည်းပြ လမ်းပတ်ကတော့ ဂိုးသမား ဘက်က ကာကွယ်သွားပြီး အသင်း ခံစစ်မှာ တာဝန်ရှိကြောင်း ထောက်ပြခဲ့ပါတယ်။
” တစ်ပွဲလုံး ခြုံကြည့်မယ်ဆိုရင် ကာဘယ်လာရို စွမ်းဆောင်ရည်က ကောင်းမွန်ပါတယ်။ ကာကွယ်မှုကောင်းတွေ ပြုလုပ်နိုင်ခဲ့တယ်။ ခြေထောက်နဲ့ တားဆီးတာလည်း အဆင်ပြေတယ်။ ဒီနေ့ပွဲ ပေးလိုက်ရတဲ့ ဒုတိယဂိုးက သူ့ကြောင့် မဟုတ်ပါဘူး။ အသင်း ခံစစ်ပိုင်းက ပေါ့လျော့ခဲ့တယ်။ ဒါကြောင့် လက်စတာ ဖြတ်တင်ဘောကန်ချိန်မှာ လူကပ် တားဆီးရမယ့် ခံစစ်ပိုင်း တာဝန်မကင်းဘူးလို့ ဆိုရမှာပါ။ ” လို့ လမ်းပတ်က သုံးသပ် ပြေဆာိုခဲ့ပါတယ်။
ဒါ့အပြင် လမ်းပတ်က ကီပါကို ပွဲထွက်မှာ မသုံးခဲ့တာက အခြား စည်းကမ်းပိုင်းများကြောင့် မဟုတ်ဘဲ ဒီတလော လက်စွမ်းကို အားရမှု မရှိတာကြောင့်လို့လည်း အသိပေးခဲ့ပါတယ်။ ကီပါဟာ ချယ်ဆီးမှာ ပြန်လည် ပါဝင်ကစားခွင့်အတွက် ခက်ခက်ခဲခဲ အားထုတ်ရဖွယ် ရှိနေပါတယ်။
ဂိုးသမား ကာဘယ်လာရိုဟာ ဘန်ချေးဝဲလ် သွင်းယူခဲ့တဲ့ ဂိုးမှာ ဂိုးကာကွယ်ဖို့ နေရာယူမှုကောင်း မပြုလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ဖြတ်တင်ဘောကို ရှေ့ထွက် ကာကွယ်ဖို့ ကြိုးစားရာမှာ မရရှိခဲ့ဘဲ ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။
အဆင့် ၄ နေရာ အတွက် နောက်က ဖိအားပေးနေတဲ့ ယူနိုက်တက်ကလည်း ဒီတပတ်မှာ သရေကျသွားခဲ့တာကြောင့် ချယ်ဆီးအသင်းဟာ လက်စတာကို နိုင်ပွဲယူပြီး အမှတ်ဖြတ်နိုင်မယ့် အခွင့်အရေးကိုလည်း လက်လွှတ်ခဲ့ရပါတယ်။