ကွင်းလယ်လူသစ် ခေါ်ယူဖို့ ပြင်ဆင်နေခြင်း၊ ဘာနာတိုအတွက် ပေါင် သန်း ၇၀၊ တီယာနေးက အင်္ဂလန်အပြင်ကိုပဲ ထွက်လိုခြင်းနဲ့ မန်စီးတီး အပြောင်းအရွှေ့ ကိစ္စများ
ဆော်ဒီပရိုလိဂ်ထံ ပြောင်းမယ်ဆိုရင် ဘာနာတိုက တစ်ပတ်လုပ်ခ ပေါင် ၈ သိန်း ရမှာဖြစ်သလို မန်စီးတီးက ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ ဝန်းကျင် ရရှိပါမယ်။
မန်စီးတီး တိုက်စစ်သမား မာရက်ဇ်ဟာ ဒီနွေမှာပဲ ဆော်ဒီလိဂ်ကလပ် Al-Ahli အသင်းထံ ပြောင်းဖို့ စကားပြောမှု အဆင်ပြေနေပါတယ်။
မန်စီးတီးဟာ ဒီနွေမှာ ကွင်းလယ်လူသစ် တစ်ဦးကို သေချာပေါက် ထပ်မံ ခေါ်ယူဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။
အက်စတွန်ဗီလာနဲ့ သတင်းထွက်နေတဲ့ စီးတီးတိုက်စစ်မှူးဟောင်း ဖာရန်တောရက်စ်က သူ့ရဲ့ အနာဂတ်ဟာ ဘာစီလိုနာ အသင်းအတွက်ပဲ ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ကက်တလန်မှာ ဆက်နေမှာပါ။
မန်စီးတီးအသင်းဟာ သူတို့ကစားသမား ၄ ဦးကို ဒီနေ့မှာပဲ အလွတ်ဖြင့် ထွက်ခွင့်ပေးခဲ့ကာ ဘာစီလိုနာထံ ပြောင်းရွှေ့သွားတဲ့ ဂွမ်ဒိုဂန်နဲ့ ပေါင် ၅၂ သန်းဖြင့် ခေါ်ယူထားတဲ့ မန်ဒီအပြင် လူငယ်ကြယ်ပွင့် ၂ ဦးတို့လည်း ပါဝင်ခဲ့ပါတယ်။
မန်စီးတီးဟာ အာဆင်နယ် စျေးမြောက်မြောက် ပေးရဖို့ ဒီကလန်ရိုက်စ်ကို ဝင်ကမ်းလှမ်းခြင်း မဟုတ်ဘဲ ကွင်းလယ်လူကို တကယ်လိုချင်တာကြောင့် ပေါင် သန်း ၉၀ စျေးဝင်ပေးတာပါလို့ David Ornstein က ဆိုပါတယ်။
နယူးကာဆယ်က အာဆင်နယ် အစွန်လူ တီယာနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ကာ၊ မန်စီးတီးနည်းပြ ဂွာဒီယိုလာကလည်း သူ့ကို သဘောကျမှု ရှိထားပါတယ်။ ဒါပေမယ့်လို့ ကစားသမားကတော့ အာဆင်နယ်ရဲ့ အဓိက ပြိုင်ဘက်တွေထံ တိုက်ရိုက် ကူးပြောင်းတာမျိုး မလုပ်တာ ဖြစ်လာနိုင်ပါတယ်။