မန်စီးတီး အသင်းသား ကန်ဆယ်လို ကို ခေါ်ဖို့ လက်မလျှော့သေးတဲ့ အာဆင်နယ် အသင်း

အာဆင်နယ်ဟာ မန်စီးတီးအသင်းထံကနေ နောက်ထပ် ကစားသမား ခေါ်ယူမှု လုပ်ဖို့ စဉ်းစားထားတာနဲ့ အတူ ကန်ဆယ်လို ဟာ ၎င်းတို့ရဲ့ ရေဒါထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ ၂၀၂၂ အတွင်း ဂျေးဆုနဲ့ ဇင်ချန်ကိုတို့ကို မန်စီးတီး အသင်းထံကနေ ခေါ်ယူခဲ့တာဖြစ်ပြီး အဲ့ဒီ့ကနေ တဆင့် ပရီးမီးယားလိဂ်ဖလား စိန်ခေါ်သူတွေ ဖြစ်လာခဲ့ပါတယ်။

အာတီတာရဲ့အသင်းဟာ ဒီနွေမှာ ပြိုင်ဘက် ချယ်ဆီးအသင်းထံမှ တိုက်စစ်သမား ကိုင်ဟားဗတ်ကို ဝယ်ယူပြီးတော့ ထပ်မံအားဖြည့်ထားတာပါ။

အာဆင်နယ် ဟာ ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို ကလပ်စံချိန်တင်ကြေး ပေါင်၁၀၅သန်းနဲ့ ခေါ်ယူဖို့လဲ နီးစပ်နေပေမယ့် ကန်ဆယ်လိုက နောက်ထပ် ပစ်မှတ်တစ်ခု ဖြစ်နိုင်ပါတယ်။

အာဆင်နယ်ဟာ အရင်ကတည်းက ကန်ဆယ်လိုနဲ့ ချိတ်ဆက်နေခဲ့ပြီး ဘယ်နောက်တန်းရော ညာ နောက်တန်းမှာပါ ဖြည့်ဆည်းပေးနိုင်တဲ့ သူ့အရည်အသွေးကို သဘောကျနေမှာပါ။

ကန်ဆယ်လိုဟာ ဇန်နဝါရီမှာ ဘိုင်ယန်ထံ အငှားထွက်ကစားစဉ်က ယူရိုသန်း၇၀နဲ့ ဝယ်ယူခွင့် ပါဝင် ခဲ့ပေမယ့် အခုချိန်မှာ တရားဝင်ကမ်းလှမ်းမှု လုပ်မယ်ဆိုရင် အဲ့ထက်ပိုနည်းတဲ့ပမာဏကိုတောင် စီးတီးက လက်ခံနိုင်ဖွယ် ရှိပါတယ်။