ကွန်ပနီ ရှိရာ ဘန်လေထံ သွားတော့မယ့် မန်စီးတီး အသင်းရဲ့ ဂိုးသမား

ဗင်းဆင့်ကွန်ပနီရဲ့ ဘန်လေအသင်းကတော့ မန်ချက်စတာစီးတီးအသင်းရဲ့ အင်္ဂလန် ယူ-၂၁ ဂိုးသမားလေး ဂျိမ်းစ်ထရက်ဖို့ဒ်ကို ပြောင်းရွှေ့ကြေး ပေါင် (၁၄)သန်းနဲ့ ခေါ်ယူနိုင်တော့မယ်လို့ သတင်းထောက် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ကို ပြန်လည် တန်းတတ်ခွင့် ရရှိလာတဲ့ ဘန်လေအသင်းဟာ ပရီးမီးယားလိဂ်မှာ အချိန်ကြာရှည်စွာ ရပ်တည်သွားနိုင်ဖို့အတွက် ကစားသမား အင်အားဖြည့်တင်းမှုတွေကို လုပ်ဆောင်လျက် ရှိနေပြီး မန်စီးတီး ဂိုးသမားလေး ထရက်ဖို့ဒ်ကိုပါ အသင်းဆီ ခေါ်ဆောင်နိုင်ပါတော့မယ်။
အသက် (၂၀)အရွယ်သာ ရှိနေသေးတဲ့ မန်စီးတီး လူငယ် ဂိုးသမားလေး ဂျိမ်းစ်ထရက်ဖို့ဒ်ဟာ လက်ရှိ ကျင်းပနေတဲ့ ယူ-၂၁ ဥရောပ ချန်ပီယံရှစ် ပြိုင်ပွဲမှာလည်း အင်္ဂလန် ယူ-၂၁အသင်းအတွက် ပါဝင်နေရင်း အခုဆိုရင် ဆီမီးဖိုင်နယ်အထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
မန်စီးတီး စီနီယာအသင်းအတွက် တစ်ပွဲမှ ကစားထားရခြင်း မရှိသေးတဲ့ ဒီဂိုးသမားလေးက အက်ကရင်တန် နဲ့ ဘော်လ်တန်အသင်းတွေမှာသာ အငှား ကစားသမားအဖြစ်နဲ့သာ ကျင်လည်ထားခဲ့ရပါတယ်။
ဒီဂိုးသမားလေးကို ပရီးမီးယားလိဂ် တန်းတတ်ကလပ် ဘန်လေအသင်းက ပြောင်းရွှေ့ကြေး ပေါင် (၁၄)သန်း + အပိုဆုကြေး ပေါင် (၅)သန်းတို့နဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဘန်လေအနေနဲ့ ထရက်ဖို့ဒ်ကို ပြန်လည် ရောင်းချမယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေးရဲ့ (၂၀)%ကို စီးတီးအသင်းဆီ ပေးချေရမယ်လို့ sell-on clause ပါ ပါဝင်လို့နေပါတယ်။