ကိုဗာဆစ်နဲ့ မန်စီးတီးကြောင့် ချဲလ်ဆီးတော့ နောင်တတွေ ရလိမ့်မယ် လို့ ကြိုပြောလာတဲ့ ဂလင်းဂျွန်ဆင်

ချယ်ဆီး နည်းပြ ပိုချက်တီနိုအနေနဲ့ ကိုဗာဆစ် ကို မန်စီးတီးထံ ရောင်းလိုက်တာနဲ့ ပတ်သက်ပြီး နောင်တ ရလိမ့်မယ်လို့ လီဗာပူးကစားသမားဟောင်း ဂလင်းဂျွန်ဆင် က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ပိုချက်တီနိုဟာ ဒီနွေမှ ချဲလ်ဆီးအသင်းထံ ရောက်လာခဲ့တာဖြစ်ပြီး တရားဝင် တာဝန်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီနဲ့ တော့တင်ဟမ် နည်းပြဟောင်းကတော့ ပြီးခဲ့တဲ့ရာသီတုန်းက အဆင့် ၁၂ နဲ့ ရာသီ သိမ်းခဲ့တဲ့ ချဲလ်ဆီးကို တာဝန်ယူမှာဖြစ်ပြီး တန်းဆင်းဇုန်နဲ့ ပိုနီးစပ်ခဲ့တာဖြစ်ပါတယ်။
ပိုချက်တီနို ချဲလ်ဆီးရောက်လာချိန်မှာ အသင်းက အပြောင်းအရွှေ့ဈေးကွက်မှာ အလုပ်များခဲ့တာဖြစ်ပါတယ်။ ကိုင်ဟာဗက်ဇ်ကို အာဆင်နယ်၊ ကိုဗာဆစ်ကို မန်စီးတီး၊ မေဆင်မောင့်ကို ယူနိုက်တက်တို့ထံ ရောင်း ချခဲ့ပါတယ်။ ဒါ့အပြင် ကန်တီ၊ ကူလီဘာလေ၊ မန်ဒီတို့ကိုလည်း ရောင်းချခဲ့ကာ ဇီယက်ချ်နဲ့ ပူလီဆစ် တို့လည်း ထွက်ခွာဖို့ များနေပါတယ်။
ချဲလ်ဆီးနဲ့ လီဗာပူး နောက်ခံလူဟောင်း ဂျွန်ဆင်က ကိုဗာဆစ်ကို စီးတီးထံ ရောင်းချခဲ့တာနဲ့ပတ်သက်ပြီး ချဲလ်ဆီး နောင်တ ရလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။
“ဒီနွေရာသီမှာ ချဲလ်ဆီးအတွက် ကိုဗာဆစ်ကို လက်လွှတ်ခဲ့ရတာက ကြီးမားတဲ့ဆုံးရှုံးမှုပါ။ သူတို့ ပိုက်ဆံ ရခဲ့ပေမယ့် စီးတီးက ပိုတိုးတက်သွားမှာပါ။ ချဲလ်ဆီးအနေနဲ့ စီးတီးထံ ရောင်းခဲ့တာက ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပါ။
ဒါပေမယ့် စီးတီးက သူ့ကိုတည်ပြီး ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ တည်ဆောက်မှာပါ။ သူကလည်း ကမ္ဘာ့အဆင့် ကစားသမား တစ်ဦးပါ။ စီးတီးအတွက် တကယ်ကောင်းတဲ့ခေါ်ယူမှုပါ။ သူတို့မှာ ထိပ်တန်း ကစားသမားတွေ ရှိနေပါတယ်။
ကိုဗာဆစ်ရောက်လာက စီးတီးရဲ့ အသင်း လူအင်အားကို တကယ်ကောင်းသွားစေမှာပါ။ သူက ဂိုးတွေသွင်းမှာမဟုတ်သလို ရှေ့ကိုလည်း လိုက်မှာမဟုတ်ပါဘူး။ သူ့နေရာအတွက်ပဲ သူက အာရုံစိုက်မှာပါ။ ကိုဗာဆစ်ကို ရောင်းတာက ချဲလ်ဆီးက တကယ့်ကိုနောင်တရစေမှာပါ။
ပြိုင်ဘက်အသင်းဆီ သူတို့ကစားသမားကို ရောင်းတာက ရှက်စရာပါ။ ကစားသမားတော်တော်များများလည်း ရောင်းထားပြီးပါပြီ။ လက်ရှိအချိန်မှာလည်း သူတို့ ထိပ်ဆုံး ၄ သင်း နေရာနဲ့ လွဲချော်နေပါတယ်။
ပြီးတော့ အထက်ကပြောသလို ပြိုင်ဘက်အသင်းတွေထံ သူတို့ကစားသမားကောင်းတွေကို ရောင်းချ နေပါတယ်။ ”လို့ ဂျွန်ဆင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။