အထုတ်ပြင်ထားတဲ့ ဂါဗာဒီယို၊ ပါမားကို ပရီးမီးယားလိဂ်ထံ အငှားလွှတ်ဖို့ရှိခြင်း၊ လာပေါ့အတွက် စိတ်ကြိုက် ကမ်းလှမ်းမှု မရသေးခြင်းနဲ့ စီးတီးသတင်းတိုများ

ခံစစ်မှူး ဂါဗာဒီယိုဟာ မန်ချက်စတာကို ပြောင်းလာဖို့ အသင့်ပြင်ထားပြီ ဖြစ်ပါတယ်။ မန်စီးတီးနဲ့ လိုက်ဇစ်ကြားမှာ ကစားသမားရဲ့ ပြောင်းရွှေ့ကြေးအတွက် ညိနှိုင်းနေကာ ယူရို သန်း ၁၀၀ အပြင် ထပ်တိုးကြေး အနည်းငယ်ဖြင့် သဘောတူညီမှု ရဖွယ် ရှိပါတယ်။
အင်္ဂလန် ယူ-၂၁ အသင်းနဲ့အတူ ခြေစွာနေတဲ့ ကိုးပါမားကို လာမယ့်ရာသီမှာ ပရီးမီးယားလိဂ် ကလပ် တစ်သင်းထံ အငှားချဖို့ မန်စီးတီးဘက်က စဉ်းစားထားပါတယ်။
မန်စီးတီးဟာ ခံစစ်မှူး လာပေါ့အတွက် ကမ်းလှမ်းမှုတွေ အခုထိ မရသေးပါဘူး။ ကောင်းမွန်တဲ့ ချိတ်ဆက်မှု မရခဲ့ရင် စီးတီးဘက်က လာပေါ့ကို လက်လွတ်ခံဖွယ် မရှိပါဘူး။
စီးတီးဘက်က ဝေါ်ကာကို ဆက်ထိန်းလိုပေမယ့် ဘိုင်ယန်မြူးနစ်ဘက်ကလည်း ခံစစ်သမားနဲ့ စကားပြောမှုတွေ ဆက်ရှိနေပါတယ်။
စီးတီးကြယ်ပွင့် ဆာဂျီယို ဂိုးမက်စ် ပါဝင်တဲ့ စပိန် ယူ-၂၁ အသင်းဟာ ယူကရိန်း ယူ-၂၁ အသင်းကို ၅-၁ ဖြင့် အနိုင်ရကာ ဖိုင်နယ်ကို တက်ရောက်ခဲ့ပြီး အင်္ဂလန် ယူ-၂၁ နဲ့ ထိပ်တိုက်တွေ့ပါမယ်။
ချန်ပီယံလိဂ်ဖလား ရခဲ့သလို ချစ်သူနဲ့ မင်္ဂလာဆောင်နိုင်ခဲ့ပြီး မကြာခင် ကလေးပါ ရတော့မှာမို့ ဒီနှစ်ဟာ သူ့ဘဝရဲ့ အကောင်းဆုံးနှစ်ပါလို့ ဘာနာဒို ဆေးဗားက ထုတ်ပြောလာပါတယ်။