ယူနိုက္တက္နဲ႕ ပြဲျပီး စပို႔တင္းဆီ အေျပးျပန္သြားတဲ့ ဘ႐ူႏိုဖာနန္ဒက္စ္

မန္ခ်က္စတာယူနိုက္တက္ ကစားသမားသစ္ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ၄င္းရဲ႕ ပြဲဦးထြက္ အျဖစ္ မန္ခ်က္စတာ ေရာက္ျပီး ရက္ပိုင္းမွာတင္ ၀ုဗ္နဲ႕ ပြဲမွာ ပါ၀င္ကစားခဲ့ပါတယ္။

ထိုပြဲမွာ နည္းျပ ဆိုးရွား ေက်နပ္ရေအာင္ ေျခစြမ္းေကာင္းမ်ားျပသနိုင္ခဲ့ေပမယ့္ ယူနိုက္တက္ က ဂိုးမရွိသေရ ရလဒ္နဲ႕ ျပီးဆံုးခဲ့ပါတယ္။ ဖာနန္ဒက္စ္ဟာ ထိုပြဲျပီးတာနဲ႕ ၂၄ နာရီေတာင္ မၾကာလိုက္ဘဲ အသင္းေဟာင္း စပို႔တင္းလစၥဘြန္းထံ ျပန္သြားခဲ့တယ္လို႔ သိရပါတယ္။

ပရီးမီးယားလိဂ္မွာ ေဆာင္းရာသီ နားရက္ ေပးလိုက္တာေၾကာင့္ ေမြးရပ္ေျမ ေပၚတူဂီသို႔ ဖာနန္ဒက္စ္ ျပန္သြားခဲ့ျခင္း ျဖစ္ျပီး တနဂၤေႏြေန႔က စပို႔တင္းနဲ႕ ဘရာဂါ အသင္း ပြဲစဥ္မွာ ဖာနန္ဒက္စ္ကို ပြဲၾကည့္စင္မွာ ေတြ႔ခဲ့ရပါတယ္။

ယူနိုက္တက္ဟာ ေပၚတူဂီ လက္ေရြးစင္ တုိက္စစ္သမားကို ဇန္န၀ါရီ အေျပာင္းအေရႊ႕မွာ ေခၚယူခဲ့ျခင္း ျဖစ္ျပီး ၂၀၂၅ ေႏြထိ မန္ခ်က္စတာ ကလပ္မွာ ရွိမွာ ျဖစ္ပါတယ္။ ယူနိုက္တက္က ဖာနန္ဒက္စ္ အတြက္ ကနဦး ေပါင္ ၄၇ သန္း ေပးေခ်ခဲ့ရျပီး ေနာက္ဆက္တြဲ ဆုေၾကးေတြလည္း ေပးအပ္ရဦးမွာပါ။

ဖာနန္ဒက္စ္ဟာ ယူနိုက္တက္သို႔ ေရာက္ျပီး တစ္ရက္သာ ထရိန္နင္ ဆင္းခဲ့ရေပမယ့္ ၀ုဗ္နဲ႕ ပြဲမွာ မိနစ္ ၉၀ ျပည့္ ပါ၀င္ကစားခဲ့ပါတယ္။ ယူနိုက္တက္ရဲ႕ ေနာက္ထပ္ ပြဲစဥ္က ေဖေဖာ္၀ါရီ ၁၇ ရက္ေန႔မွ ျဖစ္ျပီး စခန္းသြင္း ေလ့က်င့္မႈေတြ မစတင္ခင္ ဆိုးရွားက ကစားသမားေတြကို နားရက္ ေပးခဲ့တာ ျဖစ္ပါတယ္။

Unicode – မန်ချက်စတာယူနိုက်တက် ကစားသမားသစ် ဘရူနိုဖာနန်ဒက်စ်ဟာ ၎င်းရဲ့ ပွဲဦးထွက် အဖြစ် မန်ချက်စတာ ရောက်ပြီး ရက်ပိုင်းမှာတင် ဝုဗ်နဲ့ ပွဲမှာ ပါဝင်ကစားခဲ့ပါတယ်။

ထိုပွဲမှာ နည်းပြ ဆိုးရှား ကျေနပ်ရအောင် ခြေစွမ်းကောင်းများပြသနိုင်ခဲ့ပေမယ့် ယူနိုက်တက် က ဂိုးမရှိသရေ ရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ ဖာနန်ဒက်စ်ဟာ ထိုပွဲပြီးတာနဲ့ ၂၄ နာရီတောင် မကြာလိုက်ဘဲ အသင်းဟောင်း စပို့တင်းလစ္စဘွန်းထံ ပြန်သွားခဲ့တယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်မှာ ဆောင်းရာသီ နားရက် ပေးလိုက်တာကြောင့် မွေးရပ်မြေ ပေါ်တူဂီသို့ ဖာနန်ဒက်စ် ပြန်သွားခဲ့ခြင်း ဖြစ်ပြီး တနင်္ဂနွေနေ့က စပို့တင်းနဲ့ ဘရာဂါ အသင်း ပွဲစဉ်မှာ ဖာနန်ဒက်စ်ကို ပွဲကြည့်စင်မှာ တွေ့ခဲ့ရပါတယ်။

ယူနိုက်တက်ဟာ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်သမားကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူခဲ့ခြင်း ဖြစ်ပြီး ၂၀၂၅ နွေထိ မန်ချက်စတာကလပ်မှာ ရှိမှာ ဖြစ်ပါတယ်။ ယူနိုက်တက်က ဖာနန်ဒက်စ် အတွက် ကနဦး ပေါင် ၄၇ သန်း ပေးချေခဲ့ရပြီး နောက်ဆက်တွဲ ဆုကြေးတွေလည်း ပေးအပ်ရဦးမှာပါ။

ဖာနန်ဒက်စ်ဟာ ယူနိုက်တက်သို့ ရောက်ပြီး တစ်ရက်သာ ထရိန်နင် ဆင်းခဲ့ရပေမယ့် ဝုဗ်နဲ့ ပွဲမှာ မိနစ် ၉၀ ပြည့် ပါဝင်ကစားခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ နောက်ထပ် ပွဲစဉ်က ဖေဖော်ဝါရီ ၁၇ ရက်နေ့မှ ဖြစ်ပြီး စခန်းသွင်း လေ့ကျင့်မှုတွေ မစတင်ခင် ဆိုးရှားက ကစားသမားတွေကို နားရက် ပေးခဲ့တာ ဖြစ်ပါတယ်။